အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၁ အောက်တိုဘာ ၂၀၂၃

၁၉:၀၂:၂၅
1407263

အာယာသွလ္လာဟ် ဂျအ်ဖရ် အလ်ဟာဒီ ၏ "الحقيقة كما هی" စာအုပ် မြန်မာ ဘာသာပြန် ထွက် ရှိ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် အာယာသွလ္လာဟ် ဂျအ်ဖရ် အလ်ဟာဒီ ရေးသား သီးကုံးထားသည့် "الحقيقة كما هی" စာအုပ် မြန်မာ ဘာသာပြန် ထွက် ရှိ ထုတ်ဝေ ခဲ့ပြီး ဖြစ်ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အထောက်အထား များ အရ  မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် အာယာသွလ္လာဟ် ဂျအ်ဖရ် အလ်ဟာဒီ ရေးသား သီးကုံးထားသည့် "الحقيقة كما هی" စာအုပ် မြန်မာ ဘာသာပြန် ထွက် ရှိ  ထုတ်ဝေ ခဲ့ပြီး ဖြစ်ပါတယ်။

ဤစာအုပ်  တွင် ရှီအဟ် အေမာမ်မီယဟ် တို့၏ အကါယစ်ဒ်  (ခ) ယုံကြည်ချက်များ ကို အကျဉ်းချုပ် ဖော်ပြထား ပါတယ်။ စာရေး ဆရာအနေဖြင့် ရှီအဟ် အေမာမ် မီယဟ် မဟုတ်သူများ  ၏ ရှီအဟ် အေမာမ် မီယဟ် နှင့် ပတ်သက်သည့် သံသယ ဖြစ်ဖွယ်များ မေးခွန်းများ ၊ စွပ်စွဲ ချက်များ စသည် ဖြင့်  ကို အထောက်အထား အခိုင်အလုံ များ အတိုချုပ် မိတ်ဆက် ရေး သားထားပါတယ်။

ဤစာအုပ်တွင် စာရေး သူအနေဖြင့် ခေါင်းစဥ် ပေါင်း ၄၀ ပမာအားဖြင့် ဂျအ်ဖရီ ဟု အမည် ပေးရသည့် အကြောင်း ၊ ရှီအဟ် လူဦးရဉ် အတွက် နှင့် နေထိုင် သည့် နေရာ များ ၊အလ္လာဟ် ၊ ကျမ်းတော်မြတ် ကုရ်အာန်နှင့်ဆွဟာဗဟ် ဆိုင်ရာ ယုံကြည်ချက်များ ၊ အေမာမ်မသ် နှင့်ခေလာဖသ် တမန်တော်မြတ် (ဆွ) နောက် အေမာမ် များ (အ.စ) နောက်သို့ လိုက်ရကြောင်း စသည်တို့ ကို အတိုချုပ် ဆွေးနွေး တင်ပြထားပါတယ်။

အာယာသွလ္လာဟ် ဂျအ်ဖရ် အလ်ဟာဒီ ရေးသား သီးကုံးထားသည့် "الحقيقة كما هی" စာအုပ်အား H.I ဆယက်ဒ် အခ်သရ် (ခ) တင်ထွန်း (ရန်ကုန်) မှ မြန်မာ ဘာသာပြန်ဆို ခဲ့ခြင်း ဖြစ်ပါတယ်။

ဤစာအုပ်အား စိတ်ပါဝင်စားသူများ အနေဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကွမ်းမြို့ ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ)  ၏ ရုံးခန်း တည်ရှိသည့် နေရာ Islamic Republic Blvd., No. 6 Alley တွင် ရယူနိုင်ပါတယ်။ သို့မဟုတ် ဖုန်း နံပါတ် 0098-2532131307 သို့ဆက်သွယ်  ရယူနိုင်ပါတယ်။

****************************************************************

END / 251