အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂ နိုဝင်ဘာ ၂၀၂၃

၁၂:၃၄:၀၀
1407706

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု အမျက်ဒေါသ ၏ ရလာဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလါဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال أمیرالمؤمنین علیه السلام:

اَلْـغَضَـبُ يُرْدى صاحِبَهُ وَ يُبْـدى مَعـايِبَـهُ .

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“အမျက်ဒေါသ သည် မိမိပိုင်ရှင် (အမျက်ဒေါသ ထွက်သူ) အား  ဆုတ်ယုတ်၊ပျက်စီးခြင်းသို့ တွန်းပေးပါသည်။ ပြီးနောက် ၎င်း ၏ အပြစ် အနာအဆာ များကို ထင်ရှား ပေါ်လွင် စေပါသည်။  

ကျမ်းကိုး ။ ။ ဂိုရရိုလါဟေကမ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၁

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့သည် ဆုတ်ယုတ်၊ ပျက်စီးခြင်း မိမိ အပြစ် အနာအဆာ များ လူသိရှင်ကြား မဖြစ်ရအောင် အမျက်‌ဒေါသကို ထိန်းချုပ်ရမည်ဖြစ်ပါတယ်။ လူတစ်ယောက် အမျက်ထွက်ပြီးဆဲတာဆိုတာ လုပ်သည်အခါ ၎င်း၏ မိဘ နှစ်ပါး သွန်သင် ဆုံးမထားခြင်း မရှိဟု လူအများ ကဆိုကြ ပေမည်။ပြီးနောက် မိမိနှင့် မိမိအသိုင်းအဝိုင်း ဂုဏ်ကိုပါချသည် မည်သွားမည်။

****************************************************************

END / 251