အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ နိုဝင်ဘာ ၂၀၂၃

၁၈:၄၀:၂၉
1408126

မတ်စ်စေ မိုင်ယသ် အကြောင်း သိကောင်း စရာ

မတ်စ်စေ မိုင်ယသ် ဆိုသည်မှာ (လူသေ) အလောင်း ကို ထိတွေ့ခြင်း ဟု အဓိပ္ပာယ်ရ ပါ တယ်။ မတ်စ်စေ မိုင်ယသ် (လူသေအလောင်းအား ထိတွေ့ခြင်း ) အား ဖေက်ဟီ စာအုပ်များ ၏ သွာဟာရသ် ဆိုင်ရာ ဥပဒေသများ အခန်း ကဏ္ဍ တွင် ဖော်ပြထားပါ တယ်။ ဤအကြောင်း ကို တင်ပြထားပါတယ်။ အဗ်နာ ပရိတ်သတ်အတွက် အကျိုး ရှိပြီး အသုံး ဝင်မည် ဟု မျှော် လင့်မိပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မတ်စ်စေ မိုင်ယသ် ဆိုသည်မှာ (လူသေ) အလောင်း ကို ထိတွေ့ခြင်း ဟု အဓိပ္ပာယ်ရ ပါ တယ်။ မတ်စ်စေ မိုင်ယသ် (လူသေအလောင်းအား ထိတွေ့ခြင်း ) အား  ဖေက်ဟီ စာအုပ်များ ၏ သွာဟာရသ် ဆိုင်ရာ ဥပဒေသများ အခန်း ကဏ္ဍ တွင် ဖော်ပြထားပါ တယ်။

မတ်စ်စေ မိုင်ယသ်  နှင့် သက်ဆိုင်သည့် ရှရီအီ  ဥပဒေ စည်းမျည်းစည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)ရှီအဟ်ဖေကဟ် ပညာရှင်များ၏ အဆိုအရ လူသေအလောင်း နှင့် ထိတွေ့ခြင်းသည် လူသေအလောင်းသည်  အေးနေပြီး အလောင်းကို ဂိုစ်လေမိုင်ယသ် (လူသေအားရေချိုးပေးခြင်း)  မပြုမီ အလျှင် ထိတွေ့ ခြင်းဖြစ်ပါက ထိုထိတွေ့သူသည် ဂိုစ်လ်(ရေချိုး) ရန် မပြုမနေရ ဝါဂျစ်ဗ် ဖြစ်သွားပါ တယ်။

(၂)မအ်စူးမ်၏ ခန္ဓာကိုယ်ကိုထိတွေ့ခြင်း၊ တိုက်ပွဲ တွင်ကျဆုံးသွားသည့် ရှဟီးဒ် ၏အလောင်းကို ထိတွေ့ခြင်း  ၊ ဟဒ်(ရှရီအီပြစ်ဒဏ် ၊ပမာအားဖြင့် သေဒဏ် ၊  စသည်ဖြင့် ) သို့မဟုတ် ကဆွာဆ် (ရှရီအီ လက်စားချေမှု ) မခံရမည့်အလျှင် ဂိုစ်လေမိုင်ယသ် ပြုလုပ်ထား သူများ ကို ၎င်းတို့ ကွယ်လွန်ပြီးနောက် ၎င်းတို့၏ အလောင်း ကို ထိမိလျှင် ဂိုလ်စ်လေမတ်စ်စေ မိုင်ယသ်  ပြုရပ်မလို အပ်ချေ။သို့သော် အချို့ ဖေကဟ်ပညာရှင်များ အနေဖြင့် ရှဟီးဒ် ၏ အလောင်းကို (အေး သွားချိန်) ထိမိလျှင်လည်း ဂိုလ်စ်လေမတ်စ်စေ မိုင်ယသ်   ပြုရမည်ဟု ဆိုထားကြပါ တယ်။

(၃)ဖေကဟ်ပညာရှင်များ အကြား ကျော်ကြား ရေပန်းစား သည်အမြင်အရ မတ်စ်စေ မိုင်ယသ် (လူသေ အလောင်းကို ထိတွေ့ခြင်း) ဖြင့် ဝဇူ မပျက်ခြင်းဖြစ်ပါ တယ်။  သို့သော်  အချို့ ဖေကဟ်ပညာရှင် များ အနေ ဖြင့် မတ်စ်စေ မိုင်ယသ် ဖြင့် ဝဇူပျက်စေသည်ဟု ဆိုထားကြပါ တယ်။

(၄)မရ်ဂျာအများစု ၏ ဖသ်ဝါအရ ခန္ဓာကိုယ်မှ ကွဲကွာနေသော အစိတ်အပိုင်းကို ထိမိပါက အရိုးများရှိပါက ဂိုစ်လ်ပြုရမည် ဖြစ်ပါ တယ်။ သို့သော် အာယာသွလ္လာဟ် စစ်သာနီ ၏ အမြင်အရ ခန္ဓာကိုယ်မှ ကွဲကွာ နေ သော အစိတ်အပိုင်းကို ထိမိပါက အရိုးများ နှင့် အသား များ ပင် ရှိနေပါစေ ဂိုစ်လ် မထိုက်ကြောင်း ဖြစ်ပါ တယ်။

(၅)အချို့ ဖေကဟ်ပညာရှင် ၏ အဆိုအရ  ဂိုစ်လ်လေမတ်စ်သေ မိုင်ယသ် သည် ဝဇူ လုပ်ရန် ဝါဂျစ်ဗ် ဖြစ်စေ သည့် အလုပ်များ အတွက်သာ သီးသန့် ဖြစ်ပါသည်။ ပမာအားဖြင့် နမာဇ် ၊ ကျမ်းတော်မြတ်ကုရ်အာန် ၏ စာသားများ ကို လက်ဖြင့်ထိရန် ဖြစ်ပါ တယ်။ အချို့ဖေကဟ် ပညာရှင်များသည် မတ်စ်စေမိုင်ယသ် အား ဟဒတ်စ်စေ အက္က်ဘဲရ် အဖြစ် ခံယူထားပါ တယ်။ ဤနည်းဖြင့် သွဟာရသ် လိုအပ်သည့် လုပ်ရပ်များ ပမာအားဖြင့် နမာဇ် ၊သွဝါဖ် ၊ ရိုဇဟ် နှင့် မတ်စ်ဂျစ်ဒ် တွင် နားရန် အတွက် လိုအပ်သလို မတ်စ်စေမိုင်ယသ် အတွက် လည်း လိုအပ်ပါ တယ်။

ရည်ညွှန်းများ

1.     Esfahani, Seyyed Abulhasan, Wasila Al-Najat, Qom, Sharah, Seyyed Ruhollah Mousavi Khomeini, Institute for Editing and Publishing the Works of Imam Khomeini, 1422 AH.

2.     Tabrizi Gharavi, Mirza Ali, Commentary on the Commentary of Al-Uruwa Al-Waghti, a recitation of Ayatollah Azami Al-Sayyid Abul-Qasim Al-Khoei, second edition, 1411 AH.

3.      Hosseini Ameli, Seyyed Mohammad Javad, Miftah al-Karamah fi Sharh al-Qa'aw al-Allamah, research by Mohammad Baqer Khalsi, Qom, Al-Nashar al-Islami Est., Beta.

4.     Sistani, Seyyed Ali, Minhaj al-Salehin, Qom, Hazrat Ayatollah Sistani Publishing House, 1417 AH.

5.     Tabatabaei Yazdi, Seyyed Mohammad Kazem, Al-Arwa Al-Wathaghi, Qom, Al-Nashar al-Islami Foundation, 1419 AH.

6.     Fazil Lankarani, Mohammad, Risalah Takhsir al-Masal, Qom. Bina, 1426 A.H.

7.     Najafi, Mohammad Hasan, Javaher al-Kalam fi Sharh Shariah al-Islam, researched by Abbas Qochani, Beirut, Dar Ihya al-Trath al-Arabi, 7th edition, 1362.

****************************************************************

END / 251