အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၄ နိုဝင်ဘာ ၂၀၂၃

၁၀:၁၉:၄၉
1408257

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိုနာဖေက်များ ၏ လက္ခဏာများ နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال أمیرالمؤمنین علیه السلام:

و لَقد قالَ لي رسولُ اللّه ِصلى الله عليه و آله: إنّي لا أخافُ على اُمَّتي مُؤمِنا و لا مُشرِكا، أمّا المُؤمنُ فيَمنَعُهُ اللّه ُ بإيمانِهِ ، و أمّا المُشرِكُ فيَقمَعُهُ اللّه ُ بشِركِهِ، و لكنّي أخافُ علَيكُم كُلَّ مُنافِقِ الجَنانِ، عالِمِ اللِّسانِ ، يقولُ ما تَعرِفونَ ، و يَفعَلُ ما تُنكِرونَ .

 

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“ကျွန်ုပ်အား မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်မှာ - ငါ့အနေဖြင့် မိမိ၏ အွန်မသ် (နောက်လိုက်နောက်သားများ) နှင့်ပတ်သက်ပြီး မိုအ်မင်ကိုလည်းမကြောက်(မစိုးရိမ် ရ)ပါ။ မွတ်ရှ်ရေက် ကိုလည်း မကြောက်ရပါ။ အကြောင်းသည်ကား အလ္လာဟ်ဟို အရှင်မြတ်သည် မိုအ်မင်အား ၎င်း ၏ အီမာန် ကြောင့်(မကောင်းမှုမှ) ထိန်းသိမ်း ကာကွယ်ပေးတော်မူမည်။ မွတ်ရှ်ရေက် ကို ၎င်း ၏ ရှေးရ်က် အတွက်ကြောင့် သိက္ခာမဲ့ အောင် အရှက်ရအောင် ပြုတော်မူမည်။ ရှိသမျှ အန္တရာယ် ကတော့ နှုတ်ကတော့ အာလင်မ် ဖြစ်ပြီး နှလုံးသား ကတော့ မိုနာဖေက် ၊ပြောရင်တော့အသင်တို့အားလုံးသိသည့် အရာ ကိုသာပြောမည်၊ လုပ်သည့် အခါ အသင်တို့ မကောင်းနားလည်သည့်အရာ ကိုလုပ်လေသည်။ ”

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ၊ စာချွန်တော် အမှတ် ၂၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး မိုနာဖေက် များ ကို အထင်အရှား သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ဤကဲ့သို့သော မိုနာဖေက် များ ကို ရှောင်ကြဥ်ရပါမည်ဖြစ်ပါတယ်။

****************************************************************

END / 251