အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ နိုဝင်ဘာ ၂၀၂၃

၀၅:၀၉:၃၃
1409321

အေမာမ်ဇမားန် (အ.ဂျ) အား အမှန်တကယ် စောင့်မျှော် ခြင်း အကျိုး ဆဝါးဗ်

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ်ဇမားန် (အ.ဂျ) အား အမှန်တကယ် စောင့်မျှော် ခြင်း အကျိုး ဆဝါးဗ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ဂိုက်ဘဟ် နှော်အ်မန်နီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق علیه السلام:

فَاِنْ ماتَ وَ قامَ القائِمُ بَعْدَهُ كانَ لَهُ مِنَ الاَْجْرِ مِثْلُ اَجْرِ مَنْ اَدْرَكَهُ، فَجِدُّوا وَانْتَظِرُوا هَنيئا لَكُمْ اَيَّتُهَا الْعِصابَهُ الْمَرْحُومَةُ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“အကယ်၍ အကြင်မည်သူ မဆို ဟဇရသ် ဟွတ်ဂျသ် (အ.ဂျ) (ခ) အေမာမ် ဇမားန် (အ.ဂျ) အား စောင့်မျှော် နေမည်။ ပြီးနောက် အေမာမ် (အ.ဂျ) ၏ တော်လှန်ရေး မတိုင်မီ အလျင် (အေမာမ်(အ.စ)  ဇဟူးရ်မဖြစ်မီအလျင်) သေဆုံးသွားမည် ဆိုလျှင် ၎င်း ၏ အကျိုးဆဝါးဗ် သည် အေမာမ် ဇမာန်း (အ.ဂျ) ၏ ဇဟူးရ် ကို မီလိုက် သည့်သူ ပမာ ဖြစ်ပါသည်။ ဤအတွက်ကြောင့် အေမာမ် (အ.ဂျ) အား စောင့်မျှော် နေမှု ဖြင့် အစဥ် အမြဲ ရှိနေရန်  ကြိုးစား ပါလေ။အလ္လာဟ်ဟို အရှင်မြတ် ၏ ကျေးဇူးတော်များ နှင့် ဂရုဏာတော်များကို ရရှိထားသည့် မိတ်ဆွေများ(အေမာမ်ဇမာန်း (အ.စ) အား အမှန်တကယ်စောင့်မျှော်နေသူများ)  မိုဘာရတ်က်ပါ ။(ဂုဏ်ပြု ပါသည်။)    

ကျမ်းကိုး ။ ။ အလ်ဂိုက်ဘဟ် နှော်အ်မန်နီ ကျမ်း ၊ စာမျက်နှာ ၂၀၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည်  အေမာမ် ဇမာန်း (အ.ဂျ) အား နှုတ် နှင့် စောင့်မျှော်နေသူများ မဟုတ်ဘဲ လက်တွေ့ ဖြူစင်သည့် စိတ်ထားအပြည့်ဖြင့် စောင့်မျှော်နေသူများ ဖြစ်အောင် ကြိုးပမ်းရပါမည်။ ပြီးနောက် အေမာမ် ဇမာန်း (အ.စ) ဟဒီးစ်တော် များ ကို ရှာဖွေလေ့လာ ပြီး အခြား မိုအ်မင် ၊ မိုအ်မေနသ် များ ထံ ရောက်အောင်  ဖြန့် ဝေပေးရပါမည်။ အေမာမ်ဇမာန်း (အ.ဂျ) ကို အမှန်တကယ် စောင့်မျှော် နေသူများ ၏ လက္ခဏာ တစ်ခု မှ အေမာမ် (အ.ဂျ) သဘောကြ ၊နှစ်သက် သည့် အရာများ ကို သာ လုပ်ဆောင်ပြီး အေမာမ် (အ.ဂျ)  မနှစ် သက်မည့် အရာများ ကို ရှောင် ကြဥ်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251