အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ နိုဝင်ဘာ ၂၀၂၃

၂၀:၁၉:၄၂
1409542

နာမဲဟ်ရမ် အကြောင်း အသင် သိပါသလား ?

နာမဲဟ်ရမ်ဆိုသည်မှာ မဲဟ်ရမ် ၏ဆန့်ကျင်ဘက် ဖြစ်ပြီး အမျိုးသားအရှေ့ ‌တွင် ဟေဂျာဗ်ဆိုင်ရာ စည်းမျဥ်း စည်းကမ်းကို လိုက်နာရသူ တစ်ဦး ဖြစ်ပြီး အမျိုးသား နှင့် လက်ထပ် ထိမ်းမြား ခွင့် ရှိသူကို ခေါ်ဆိုပါတယ်။ နာမဲဟ်ရမ် နှင့်ပတ်သက်သည့် ရှရီအီ အမြင်ကို တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နာမဲဟ်ရမ်ဆိုသည်မှာ မဲဟ်ရမ် ၏ဆန့်ကျင်ဘက် ဖြစ်ပြီး အမျိုးသားအရှေ့ ‌တွင် ဟေဂျာဗ်ဆိုင်ရာ စည်းမျဥ်း စည်းကမ်းကို လိုက်နာရသူ တစ်ဦး ဖြစ်ပြီး အမျိုးသား နှင့် လက်ထပ် ထိမ်းမြား ခွင့် ရှိသူကို ခေါ်ဆိုပါတယ်။

ဓမ္မသတ်ပညာရှင်များ၏ အဆိုအရ မဲဟ်ရမ် မဟုတ်သည့်  အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ကို မျက်နှာ နှင့် လက်ချောင်းများ အား လက်ကောက်ဝတ်အထိမှလွဲ၍ ကြည့်ခွင့်မပြုထားချေ။ ထိုနည်းတူစွာ မျက်နှာ နှင့် လက်များကို ကြည့်ခြင်း နာမဲဟ်ရမ်  အမျိုးသမီးတစ်ဦး၏ စကားသံကို နားထောင်ခြင်းသည် အပြစ်ဖြစ် လာမည်ဆို ပါက ထိုလုပ်ရပ်များ သည် ဟရာမ် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဓမ္မသတ်ပညာရှင်များ၏ ဖသ်ဝါ (ဓမ္မသတ်ဆုံး ဖြတ်ချက်) အရ အမျိုးသမီး တစ်ဦး သည် မိမိ ကိုယ်ခန္ဓာ တစ်ခုလုံး ကို နာမဲဟ်ရမ် ၏ ရှေ့ တွင် ဖုံးအုပ်ထားရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါသည်။ သို့သော် လက်ချောင်းများမှ လက်ကောက် ဝတ်အထိ နှင့် မျက်နှာ ကို ဖုံးအုပ်ထားရာတွင် သဘောထား ကွဲလွဲမှု အမျိုးမျိုးရှိကြ ပြီး ဓမ္မသတ်ပညာရှင် အများစု သည် ၎င်းတို့ ကို ဖုံးအုပ် ထားရန် ဝါဂျစ်ဗ် မဟုတ်ဟု ဆိုထားပါသည်။ ထိုနည်း တူစွာ အမျိုးသမီး အနေဖြင့် နာမဲဟ်ရမ် အမျိုးသား ၏ ကိုယ်ခန္ဓာ ကို ကြည့်ခွင့် မရှိချေ။

နာမဲဟ်ရမ် ၏ ခန္ဓာကိုယ်ကို ထိတွေ့ ခြင်း ထိုနည်းတူစွာ ဂိုနဟ်(အပြစ်) ကို ဖြစ်သေဖို့စိုးရိမ် ရသည့် အခြေအနေတွင် နဲမဟ်ရမ် အမျိုးသားနှင့် အမျိုးသား နှစ်ယောက်တည်း အတူနေခြင်း သည် ဟရာမ်  ဖြစ်ပါ တယ်။ အစ္စလာမ့်တရားစီရင်ရေးတွင် နာမဲဟ်ရမ်  နှင့် လက်ထပ် ထိမ်းမြား ခွင့်ပြုထား ပါသည်။ သို့သော် အချို့သောအခြေအနေများတွင် နာမဲဟ်ရမ်များ နှင့် လက်ထပ်ခြင်းကို တားမြစ်ထားပါတယ်။

ဆိုလိုချက်ကို သိနားခြင်း နှင့် နေရာအခြအနေ

မဲဟ်ရမ် မဟုတ်သည့် သူတစ်ဦးတစ်ယောက်အား  နာမဲဟ်ရမ် ဟုခေါ်ဆိုပါသည်။ မဲဟ်ရမ်ဆိုသည်မှာ မျိုးရိုး၊ လက်ထပ်ခြင်းနှင့် မွေးစားခြင်း သွေးသားဆွေမျိုးတော်စပ်ခြင်း နည်းလမ်းများထဲမှ တစ်ခုနှင့်တစ်ခု ဖြင့် ဆက်နွယ်နေ သူများကို ရည်ညွှန်းပါတယ်။ ဤ ပညာရပ်ဆိုင်ရာ  အသုံးအနှုန်း အား ဓမ္မသတ် ဆိုင်ရာ အခန်း ကဏ္ဍ များဖြစ်သည့် နေကာဟ်(လက်ထပ် ထိပ်မြားခြင်း) ၊ သွာလက်(ကွာရှင်းဖြတ်စဲခြင်း) ၊ ဟူဒူဒ် ( ပြစ်ဒဏ်များ) တွင် အသုံးပြု ထားပါတယ်။ စူရဟ်နူးရ်၏ အာယသ်တော်  ၃၀ နှင့် ၃၁ တွင် နာမဲဟ်ရမ် ကို မကြည့်ဘဲ မျက်စိကို အောက်ချထားရန် နှင့် နာမဲဟ်ရမ်ကို ကြည့်ခြင်းသည် ဟရာမ် ဖြစ်ကြောင်း  အမိန့်ပေး ထားပါ သည်။ (3) မအ်စူမ် အေမာမ် (အ.စ) ၏ ရီဝါယသ်တော် အများ အပြား တွင် နာမဲဟ်ရမ် အမျိုးသား နှင့် အမျိုးသမီး တို့ (အကြောင်းမဲ့) ဆက်ဆံရေးကို ဟရာမ် အဖြစ် မိန့်ဆို ထားပါတယ်။အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) အနေဖြင့် နာမဟ်ရမ်များ နှင့် စကားပြောဆိုခြင်းကို ရှိုင်တွာန် (ခ) မာရ်နတ်၏ ထောင်ချောက်များထဲမှ တစ်ခုဟု မိန့်ကြားထားပါတယ်။ အေမာမ် ဆွာဒစ်က် (အ.စ) မှ လာရှိသည့် ရီဝါယသ်တော် တစ်ခု တွင် နာမဲဟ်ရမ် အား ကြည့်ခြင်းသည် ရှိုင်တွာန် (ခ) မာရ်နတ်၏ အဆိပ်လူးထားသည့် မြှားများ မှ တစင်း ဖြစ်ကြောင်းဖော်ပြထားပါတယ်။အေမာမ် အလီ (အ.စ) ၏ ရီဝါယသ်တော် အရ နာမဲဟ်ရမ် နှင့် စကား ပြောဆိုခြင်းသည် ဘေးဥပဒ် အတွက် နှင့်စိတ်တွင်မကောင်းသည့် စိတ်များ ဖြစ်စေရန်အတွက် အကြောင်းခံ ဖြစ်ကြောင်း လာရှိပါတယ်။ ဖိုင်ဇ်ကာရှာနီ အနေဖြင့် မိုဟ်ဂျ သိုလ်ဘိုင် ဇာအ် (8) စာအုပ် တွင် မွတ်လာ မိုဟမ္မဒ် မဲဟ်ဒီ နရာကီ အနေဖြင့် ဂျာမေအိုလ်စအာဒါသ်စာအုပ်တွင် နာမဲဟ်ရမ်အား ကြည့် ခြင်း ကို မျက်စိဆိုင်ရာ နေအ်မသ်တော် အား ကျေးဇူးကန်း ခြင်း ဟု ဆိုထား ပါတယ်။

အာယာသွလ္လာဟ် ရှဟီးဒ် မိုရ်သဇာ မိုသွဟရီ အနေဖြင့် ဟေဂျာဗ် ဆိုင်ရာ စာအုပ် တွင် ဟေဂျာဗ် ကို လိုက်နာလေးစားဝတ်ဆင်ရန်၊ အစ္စလာမ် ဘာသာတွင် အမျိုးသမီးများ အား သင့်လျော် သည့် အဝတ်အစား များ ဝတ်ဆင်ခြင်းဆိုင်ရာ အတွေး အခေါ် ကို အလေးထားပြီး တစ်ဦးချင်းစီ ၏ လုံခြုံရေး နှင့် ကျန်းမာရေး ထိန်းသိမ်းရန် ပတ်ဝန်းကျင် လုံခြုံ ရန် တည်ငြိမ် ရန် မိသားစု အား ခိုင်မာ စေမည့် စနစ်များ စသည့် ကိစ္စရပ်များ အဖြစ် အမျိုးသမီး အားလေးစားမှု ကို မြှင့်တင်ရန် ၎င်းတို့အား အထင်သေး မှုကို တားဆီးရန် ဖော်ပြထားပါတယ်။

နာမဲဟ်ရမ်များ နှင့် ဆက်သွယ်မှုဆိုင်ရာ ရှရီအီ စည်းမျဥ်းစသည်းကမ်းများ

အစ္စလာမ့်တရားစီရင်ရေးတွင် နာမဲဟ်ရမ် အချင်းချင်း နှင့်ပတ်သက်ပြီး  စည်းမျဉ်းများလာရှိပါတယ်။

နာမဲဟ်ရမ် အား ကြည့် ခြင်းသည် ဟရာမ်  ဖြစ်ကြောင်းကိုလေ့လာကြည့်ပါမယ်။

(၁)အမျိုးသား အနေဖြင့် နာမဲဟ်ရမ် အမျိုးသမီးအား မျက်နှာနှင့် လက်ချောင်းများ ၏ လက်ကောက်ဝတ်မှလွဲ၍ ခန္ဓာကိုယ်ကို ကြည့် ခြင်းသည် ဟရာမ်  ဖြစ်ပါတယ်။ ထိုနည်းတူစွာ မျက်နှာ နှင့် လက်ချောင်းများ ၏ လက်ကောက်ဝတ် အား အရသာခံ၍ ကြည့် ခြင်း နှင့် ဂိုနဟ်(အပြစ်) ဖြစ်နိုင်ကြောင်း စိုးရိမ် ရသည့်အခါ ကြည့် ခြင်းသည် ဟရာမ် ဖြစ်ပါတယ်။

(၂)အမျိုးသမီး တစ်ဦး အနေဖြင့် နာမဲဟ်ရာမ် အမျိုးသား ၏  ကိုယ်ခန္ဓာကို ကြည့် ခြင်း သည်ဟရာမ် ဖြစ်ပါတယ်။ သို့သော် ယေဘုယျ အားဖြင့် ဖုံးအုပ်ထားရန် မလိုအပ်သည့် ကိုယ်ခန္ဓာ ၏ အစိတ်အပိုင်း များ ပမာ အား ဖြင့် ခေါင်း ၊ လက်ချောင်းများ  ခြေမျက်စိ ထိ ခြေထောက်များ ကို အရသာခံ ခြင်း မပါဘဲ ကြည့် နိုင်ပါသည်။ ဂိုနဟ်(အပြစ်) ဖြစ်နိုင်ကြောင်း စိုးရိမ် ရသည့်အခါ ကြည့် ခြင်းသည် ဟရာမ် ဖြစ်ပါတယ်။

(၃)ရှီအဟ် ဓမ္မသတ်ပညာရှင်များ ၏ အိမ်ထောင်ပြုရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ကြည့်ခွင့်ရှိတယ်။ အချို့ ဓမ္မသတ်ပညာရှင်များအနေဖြင့် အိမ်ထောင် ပြုရန် ရည်ရွယ်ချက် ဖြင့် အရသာ ခံ လိုစိတ် မပါဘဲ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ် ၊ ဆံပင်နှင့် လည်ပင်းနှင့် ရင်သား တစ်စိတ် တစ်ပိုင်းကို ကြည့် နိုင် ကြောင်း ဆိုထားပါတယ်။

(၄)မိမိမသိသည့် ဟေဂျာဗ် မဝတ်သည့် အမျိုးသမီးများ ၏ ၏ ရုပ်ရှင် ၊ ဓာတ်ပုံ အား ကာမ စိတ်မပါဘဲ  ကြည့်ခြင်းသည် ပြဿနာ မရှိချေ။ အကယ် မိမိ သိနေသည့် အမျိုးသမီး ၏ ရုပ်ရှင် နှင့် ဓာတ်ပုံများ ကို ကြည့် ခြင်းသည် ကြည့်ခြင်း ဆိုင်ရာ စည်းမျဥ်းစည်းကမ်း အတိုင်းဖြစ်ပါတယ်။

(၅)ကုသမှုအတွက် လိုအပ်ပါက ဆရာဝန်သည် သည် နာမဲဟ်ရမ် ၏ ခန္ဓာကိုယ် အား ကြည့်ရန် ခွင့်ပြုထား တယ်။

(၆)မွတ်စလင်မ်မဟုတ်သည့် ဟေဂျာဗ် မဝတ်ထားသည့် အမျိုးသမီးများ ၏ ဓာတ်ပုံများအား အရသာ ခံလိုစိတ် ၊ ကာမစိတ် မပါဘဲ  ညစ်ညမ်းသည့် စိတ်ကို မဖြစ်ပေါ် စေပါက ကြည့်နိုင်ပါတယ်။

နာမဲဟ်ရမ်များ ရှေ့တွင် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားရန် ဝါဂျစ်ဗ် ဖြစ်ကြောင်းလေ့လာကြည့်ပါမည်။

အမျိုးသမီးများ သည် မိမိ၏ ကိုယ်ခန္ဓာ ကိုဖုံးထားရန် ဝါဂျစ်ဗ် (မပြုမနေရ ) ဖြစ်ပါတယ်။ သို့သော် မျက်နှာ နှင့်  လက်ချောင်းများ ၏ လက်ကောက်ဝတ်အား ဖုံးရန် ကိစ္စ နှင့်ပတ်သက်ပြီး အမြင်အကွဲအလွဲများ လာရှိပါ တယ်။ ထိုအတွက်ကြောင့် ဓမ္မသတ် ပညာရှင်များ ဖြစ်ကြသည့် ရှိက်ခ် သူစီ ဟဒါအေက် ကျမ်းရှင်ရှိက်ခ်အန်ဆွာရီ ဆယက်ဒ် မိုဟမ္မဒ် ကာဇင်းမ် ယဇ်ဒီ (24)ဆယက်ဒ် မိုဟ်စင်ဟကီးမ် အေမာမ် ခိုမေနီ ဆယက်ဒ် အလီခါမေနာအီ တို့၏ အမြင်တွင် အမျိုးသမီးများ အနေဖြင့် မျက်နှာ နှင့်  လက်ချောင်းများ ၏ လက်ကောက်ဝတ်အား ဖုံး ထားရန် ဝါဂျစ်ဗ် မဟုတ်ချေ။ ဖွာဇေလ်မစ်က်ဒါဒ် ဆယက်ဒ် အဗ်ဒိုလါ အအ်လီစဘ်ဇ်ဝါရီ တို့အနေဖြင့် အမျိုးသမီးများ အနေဖြင့် မျက်နှာ နှင့်  လက်ချောင်း များ ၏ လက်ကောက် ဝတ်အား ဖုံး ထားရန် ဝါဂျစ်ဗ် ဟု ခံယူထားပါတယ်။ထိုနည်းတူစွာ ဓမ္မသတ် ပညာရှင်များ အားလုံး ၏ အမြင်အရ ဟရာမ် ဖြစ်နိုင်ကြောင်း စိုးရိမ် ရသည့်အခါ သို့မဟုတ် အမျိုးသား တစ်ဦး အနေဖြင့် ဟရာမ် ပြုရန် ရည်ရွယ်ချက်ရှိသည့် အခါ မျက်နှာ နှင့် လက်များ ကိုလည်း ဖုံးထားရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။

နာမဲဟ်ရမ်ကို ထိတွေ့ကိုင်တွယ်မှုသည် ဟရာမ် ဖြစ် ကြောင်းလေ့လာ ကြည့်ပါမည်။

ဓမ္မသတ် ပညာရှင်များ ၏ အမြင်အရ နာမဲဟ်ရမ်ကို ထိတွေ့ကိုင်တွယ် ခြင်းသည် မပိုင်ချေ။ (ခွင့်မပြုထားချေ။) သို့သော် အရေးပေါ် ကိစ္စ များတွင် ပမာအား ဖြင့် ကုသရန် အသက်ကယ်ရန် အခြေအနေတွင်  ခွင့်ပြု ထားပါတယ်။ ထိုနည်းတူစွာ နာမဲဟ်ရမ် ၏ ကိုယ်ခန္ဓာ အား အဝတ်အပေါ် မှ သို့မဟုတ် အတားအဆီး တစ်ခုခု ရှိသည့် အခါ ကာမစိတ် အရသာ ခံ လိုစိတ် မပါဘဲ ထိတွေ့ နိုင်ပါတယ်။အချို့ ဓမ္မသတ် ပညာရှင်များ နာမဲဟ်ရမ် ( အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ) အား မကောင်း စိတ်မပါဘဲ လက်အား မညှစ်ဘဲ အဝတ် အပေါ်မှ ဖြစ်စေ လက်အိတ်ဖြင့် ဖြစ်စေ နှုတ်ဆက် နိုငကြောင်း ဆိုထားပါတယ်။

 

နာမဲဟ်ရမ် အသံကို နားထောင်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်း

ဓမ္မသတ် ပညာရှင်များ ၏ အမြင်အရ နာမဲဟ်ရမ် အသံကို အရသာ ခံလိုစိတ် မပါဘဲ ဂိုနဟ် (အပြစ်) ဖြစ်ရန် စိုးရိမ်စရာ မရှိသည့် အချိန်တွင် နားထောင် ပိုင်ပါသည်။ အရသာခံလိုစိတ် နှင့် ဂိုနဟ် (အပြစ်) ဖြစ်ရန် စိုးရိမ်စရာ ရှိသည့် အခါ ဟရာမ် ဖြစ်ပါတယ်။ ရှဟီးဒ်အောင်ဝဲလ်ကဲ့သို့သော် ဓမ္မသတ် ပညာရှင်များ၏ ထင်မြင်ယူဆချက်အရ အမျိုးသမီး တစ်ဦးသည် မိမိအသံကို နာမဲဟ်ရမ် ကြားနိုင်သည့်နေရာ၌ အသံ ကျယ်ကျယ် ဖြင့် နမာဇ် ဝတ်ပြုခြင်းသည် ဟရာမ် ဖြစ်ပြီး နမာဇ် ပျက်သည်ဟု လာရှိပါတယ်။ ဂျဝါဟေရ် ကျမ်း ရှင် အနေဖြင့် ဤကဲ့သို့လုပ်ရပ်အား ဟရာမ် ဖြစ်ကြောင်း ကို လက်ခံထားပြီး နမာဇ် ပျက်ကြောင်း ကို လက်မခံချေ။

မည်သူမှ မရှိဘဲ နာမဲဟ်ရမ် နှင့် နေခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

အချို့ ဓမ္မသတ် ပညာရှင်များ ၏ အမြင်အရ မည်သူမှ မရှိဘဲ နာမဲဟ်ရမ် နှင့် နေခြင်း ဟရာမ် ဖြစ်ပါသည်။ (38) အချို့ ဓမ္မသတ် ပညာရှင်များ ၏ အမြင်အရ ဂိုနဟ် (အပြစ် ) ဖြစ်နိုင်သည့် အခြေအနေမှသာလျှင်  မည်သူမှ မရှိဘဲ နာမဲဟ်ရမ် နှင့် နေခြင်းကို ဟရာမ် ဖြစ်ကြောင်း လက်ခံထားပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ခူဝီ ( ကွယ်လွန် အီရန်သက္ကရာဇ် ၁၃၇၁) ၏ ဖသ်ဝါ (ဓမ္မသတ် ဆုံးဖြတ်ချက်) အရ မည်သူမှ မရှိဘဲ နာမဲဟ်ရမ် နှင့် နေခြင်း အား ဟရာမ် ဖြစ်စေမည့် နိဒါန်း နှင့် ဂိုနဟ် (အပြစ် ) ဖြစ်နိုင်သည့် အခြေအနေ ဆိုလျှင် ဟရာမ် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဂျဝါဟေရိုကလာမ် ကျမ်းရှင် မိုဟမ္မဒ် ဟစန် နဂျဖီ  အနေဖြင့် မည်သူမှ မရှိဘဲ နာမဲဟ်ရမ် နှင့် နေခြင်း အား မကရူဟ် ဖြစ်ကြောင်း ဆိုထားပါတယ်။

နာမဲဟ်ရမ် နှင့် စကားပြောခြင်း ဆိုင်စည်းမျဥ်းစည်းကမ်းများ

(၁) ဓမ္မသတ် ပညာရှင်များ ၏ အမြင်အရ အရသာခံလိုခြင်းမရှိဘဲ ဂိုနဟ် (အပြစ်) ဖြစ်နိုင်ရန် မစိုးရိမ်ရသည့် အခါ နာမဲဟ်ရမ် နှင့် စကားပြောပိုင်ပါတယ်။

(၂)အာယာသွလ္လာဟ် အလ်အွဇ်မာ မီးရ်ဇာ ဂျဝါဒ်သဗ်ရေဇီ ၏ အမြင်အရ နာမဲဟ်ရမ် လူငယ်အမျိုးသမီး နှင့် အရသာခံလိုခြင်းမရှိဘဲ ဂိုနဟ် (အပြစ်) ဖြစ်နိုင်ရန် မစိုးရိမ်ရသည့် အခြေအနေ တွင်လည်း စကား ပြော ခြင်းကို ရှောင်ရန်  ပိုသင့်တော် ကြောင်း ဆိုထားပါတယ်။

(၃)နာမဲဟ်ရမ် နှင့် SMSchat ၊အီးမေးလ် ဖြင့် ဆယ်သွယ်မှု ပြုသည့်အခါ စာရိတ္တ ဖျက်ပြားမှု ၊ ကာမမှုကို ဖြစ်စေမည် နှင့် ဂိုနဟ် (အပြစ်) ကို ဖြစ်စေမည်ဆိုလျှင်  ဟရာမ် ဖြစ် ပါတယ်။

နာမဲဟ်ရမ် နှင့် အိမ်ထောင်ပြု ပိုင်ခြင်း စည်းမျဥ်းစည်းကမ်းများ

(၁)အစ္စလာမ့်တရားစီရင်ရေးတွင် နာမဲဟ်ရမ် နှင့် သာလျှင် အိမ်ထောင်ပြုခွင့် ရှိပြီး မဲဟ်ရမ် နှင့် အိမ်ထောင်ပြုခွင့် မရှိချေ။  သို့သော် ဇနီးသည်၏ အစ်မသို့မဟုတ်ညီမသည်  နာမဲဟ်ရမ် ဖြစ်ပေမဲ့ ဇနီးသည် အသက်ရှင်နေချိန် သို့မဟုတ် သွာလက် မယူထားချိန် တွင် ၎င်းနှင့် အိမ်ထောင် ပြုခွင့် မရှိချေ။

(၂)အချို့ နာမဲဟ်ရမ် မဟုတ်သူများနှင့် အိမ်ထောင်ပြုခြင်းသည် အချို့ စည်းမျဥ်း  စည်းကမ်းများ အရ ထာဝရ ဟရာမ် ဖြစ်သွားပေတယ်။

(၃)အမျိုးသား တစ်ဦးအနေဖြင့် မိမိဇနီး အား ၉ ကြိမ်တိုင်တိုင် သွာလက် ပေးပြီးနောက် ဖြစ်ပါတယ်။

(၄) အိမ်ထောင်မပြုခင် မိခင် သို့မဟုတ် သမီး ဖြစ်သူနှင့် ဇေနာ ပြုထားသည့် ယောက်ကျား နှင့် ဇေနာ အပြုခံထားရသည့် မိခင်၏ သမီး (သို့)  အမေ နှင့် ထာဝရ ဟရာမ်  ဖြစ်သွားပါတယ်။

(၅) ယောက်ကျား ရှိသည့် အမျိုးသမီး ၊ သွာလက်ပေးခံထားရသည့် အမျိုးသမီးနှင့်  အေဒဟ်(စောင့်ရက်) မပြည့်မီ ဇေနာ ပြုထားသည့် အမျိုးသား သည် ၎င်းအမျိုးသမီး နှစ်မျိုး အတွက် ထာဝရ ဟရာမ် ဖြစ်သွားပေ တယ်။

(၆) အိမ်ထောင်မပြုခင် သား သို့မဟုတ် အစ်ကို၊မောင် သို့မဟုတ် အဖေ နှင့် လိင်တူ ဆက်ဆံ ထားသည့် ယောက်ကျား နှင့် လိင်တူ ဆက်ဆံထားသည့်သား၏အမေ၊ အစ်ကို ၏ အစ်မ၊  မောင်၏ အစ်မ ၊ အဖေ၏ သမီးသည် ထာဝရ ဟရာမ် ဖြစ်သွား ပါတယ်။

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       Ibn Shuba Harrani, Hassan Ibn Ali, Tohf al-Aqool, Qom, Al-Nashar al-Islami Foundation, second edition, 1404 AH.

2.       Imam Khomeini, Seyyed Ruhollah, Tahrir al-Wasila, Qom, Al-Aruj Foundation Press, first edition, 1434 AH.

3.       Imam Khomeini, Seyyed Ruhollah, Risalah Najat al-Abad, Tehran, Imam Khomeini Works Editing and Publishing Institute, first edition, 1422 AH.

4.       Bahrani, Youssef, Hadaiq al-Nazra fi Haqam al-Atrah al-Tahira, Qom, Al-Nashar al-Islami Foundation of Jama’ah al-Madrasin, Bita.

5.       Bani Hashemi Khomeini, Seyyed Mohammad Hasan, treatise on the explanation of the 13th reference, Qom, Islamic Publications Office, 2005.

6.       Tabrizi, Mirzajavad, New Esftataat, Qom, Sarwar Publications, 3rd edition, 2005.

7.        Tawhidi, Mohammad Ali, Misbah al-Faqaha, Qom, Ansarian Publications, 1417 AH.

8.        Hakim, Seyyed Mohsen, Mustamsk al-Arwa al-Waghti, Qom, Dar al-Tafsir, 1391 AH.

9.       Khoei, Seyyed Abulqasem, Istftataat, Najaf, Al-Khoei Islamic Foundation, Beta. "Covering and looking", Khamenei.ir site, date of posting: October 14, 1393, visited: May 4, 1400.

10.    Sabzevari, Seyyed Abdul Ali, Mahezab Al-Ahkam, Qom, Dar al-Tafsir Publications, 1413 AH. Sistani, Seyyed Ali, Taqrif al-Masal, Qom, Mehr Publications, 1415 AH.

11.     The first martyr, Muhammad Bin Makki, Dhikri al-Shia fi Hakam al-Sharia, Qom, Al-Al-Bayt Institute, peace be upon them, first edition, 1419 AH.

12.    Martyr Thani, Zain al-Din bin Ali, Masalak al-Afham, Qom, Al-Maarif Islamic Foundation, 1413 AH.

13.    Shahid Sani, Zain al-Din Makki, al-Rawda al-Bahiya fi Sharh al-Lama' al-Damashqiya, Qom, Davari Publications, 1410 AH.

14.    Sheikh Ansari, Morteza, Kitab al-Nikah, Qom, Tradition of Sheikh Al-Azam, 1415 AH.

15.    Sheikh Sadouq, Muhammad Bin Ali, Man La Yahzara Al-Faqih, Qom, Islamic Publication Office affiliated with the Qom Seminary Society of Teachers, second edition, 1413 AH.

16.    Sheikh Tusi, Muhammad bin Hassan, Al-Mabusut fi fiqh al-Umamiyah, Tehran, Al-Mortazawi Library for Revival of Al-Jaafari's Antiquities, 3rd edition, 1387 AH. Tabatabaei Yazdi, Seyyed Mohammad Kazem, Al-Arwa Al-Wathaghi, Qom, Sabtain Global Institute (peace be upon him), 1430 AH.

17.     Allameh Hali, Hasan bin Yusuf, Tadzkirah al-Faqha, Qom, pamphlets of Al-Murtazawieh Library for the Revival of Al-Jaafari Antiquities, Beta. Fazil Moqdad, Moqdad bin Abdullah, Kanzal-Irfan Fi Fiqh al-Qur'an, Qom, Mortazavi Publications, 1373.

18.    Faiz Kashani, Mohammad Bin Shah Murtaza, Mohja Al Bayda, Qom, Al Nasr al-Islami Institute, 4th edition, 1417 AH.

19.    Qaraati, Mohsen, Tafsir Noor, Tehran, Cultural Center of Lessons from the Qur'an, 2007.

20.    Institute of Islamic Jurisprudence Encyclopedia, Al-Masua'a al-Fiqhiyya, Qom, Institute of Islamic Jurisprudence Encyclopedia, 1423 AH.

21.    Islamic Fiqh Encyclopedia Institute, Farsi Jurisprudence, Qom, Islamic Fiqh Encyclopedia Institute, 1387.

22.     Mojtahedi Tehrani, Ahmed, Three Treatises: Great, Muharram and Non-Mahram Sins, Akhmat al-Ghaibah, Qom, Dar Rah Haq Institute, 2013.

23.    Mohagheq Hali, Jafar bin Hasan, Shar'i al-Islam, Qom, Ismailian Institute, second edition, 1408 AH.

24.    Mohagheq Karki, Jame' Al-Maqassed, Qom, Al-Al-Bayt Institute, peace be upon him, second edition, 1414 AH.

25.     Mofid, Muhammad bin Mohammad, Al-Maqna, Qom, Sheikh Mofid's Hazara World Congress, 1413 AH.

26.    Motahari, Morteza, Hijab Problem, Qom, Sadra Publications, 2006.

27.     Makarem Shirazi, Nasser, family rules, Qom, Imam Ali bin Abi Talib peace be upon him, second edition, 1389.

28.    Najafi, Mohammad Hasan, Javaher al-Kalam fi Sharh Shar'i al-Islam, Beirut, Dar Ihya al-Trath al-Arabi, 1404 AH.

29.    Naraghi, Mulla Mohammad Mahdi, Al-Saadat Jame, Beirut, Al-Alami Publishing House, 4th edition, BTA.

30.    Noori, Mirzahosein, Mostadrak al-Wasail, Qom, Al-Bayt Foundation, peace be upon them, for the revival of heritage, 1408 AH.

****************************************************************

END / 251