အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ နိုဝင်ဘာ ၂၀၂၃

၁၁:၂၃:၅၆
1409715

ဂျဟန္နမ် ငရဲဘုံသို့ သွားကြရမည့် သူများ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဂျဟန္နမ် ငရဲဘုံသို့ သွားကြရမည့် သူများ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

မစ်ရှ်ကာသိုလ်အန်နဝါရ် ဖီး  ဂိုရ်ရရုလ်အက်ခ်ဗါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါ တယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

يَا أَبَاذَرٍّ مَنْ أَحَبَّ أَنْ يَتَمَثَّلَ لَهُ اَلرِّجَالُ قِيَاماً فَلْيَتَبَوَّأْ مَقْعَدَهُ مِنَ اَلنَّارِ ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

အိုအဘူဇရ် !အကြင်မည်သူမဆို မိမိ ရှေ့ တွင် လူများ မတ်တပ်ရပ်စေချင်သည့်သူ (  ဆိုလိုသည်ကား သူကိုလေးစားသည့် အနေဖြင့် မတ်တပ်ထရပ်ရန် လိုလားသူ ) ဖြစ်မည်ဆိုလျှင် ၎င်း ၏နေရာဌာန သည် ဂျဟန္နမ် ငရဲဘုံ ဖြစ်ပါသည်။  

ကျမ်းကိုး ။ ။ မစ်ရှ်ကာသိုလ်အန်နဝါရ် ဖီး  ဂိုရ်ရရုလ်အက်ခ်ဗါရ် ကျမ်း ၊ အတွဲ ၁၊  စာမျက်နှာ ၂၀၅

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ဆင်ခြင်ရမည် ဖြစ်ပါတယ်။ အထူးသဖြင့်  အသက်ရလာသည့်အခါ ၊ ငွေ ရှိလာသည့် အခါ ၊ နေရာ၊ရာထူး ရပြီးလူကြီး  ဖြစ် လာသည့်အခါ ၊ ဗလီ ဂေါပက လူကြီး ၊  အေမာမ်ဘာရာဂေါပကလူကြီး  ၊ အဖွဲ့ အစည်းတစ်ခုခု ၏ ဂေါပက လူကြီး ၊ ပညာတတ် ဘွဲ့ရဖြစ်လာ သည့်အခါ ၊  နိုင်ငံခြားမှ ပညာသင် ပြီး ပြန်လာသည့် အခါ စသည်ဖြင့် စိတ်ကြီး ဝင်လာနိုင်သည့် အချိန်များတွင် အထူး ဂရု ပြုရမည် ဖြစ်ပါသည်။ အခြားဟဒီးစ်တော်များ အရ တစ်ဘက်ကကလည်း အသက်ကြီးသမားများ ၊ ဂုဏ်သိက္ခာရှိ လူကြီးများ ပညာတတ်များကို ပြောစရာမလိုဘဲ မိမိအသိဖြင့်လေးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251