အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ နိုဝင်ဘာ ၂၀၂၃

၁၇:၅၄:၅၂
1410268

သောကြာနေ့သည် အခြားနေ့ များ နှင့်မတူ

အေမာမ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သောကြာနေ့သည် အခြားနေ့ များ နှင့်မတူ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျာမေအိုလ်အဟာဒီးစ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الباقر علیه السلام:

ألخَـيرُ وَ الشَّـرُّ يُضاعَفُ يَوْمَ الجُمُعَةِ .

အေမာမ် ဘာကဲရ်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“ သောကြာနေ့ ၏ ကောင်းမှု ကုသိုလ် နှင့်  မကောင်းမှု ဒုစရိုက် သည် နှစ်ဆ ဖြစ်သွားပါသည်။ (ဆိုလိုသည်မှာ  ကောင်းမှု ကုသိုလ် နှင့်  မကောင်းမှု ဒုစရိုက် ၏ ဆုလာဘ် နှင့် ပြစ် ဒဏ် သည် နှစ်ဆ ဆီ ဖြစ်သွားပေမည်။ ) ”

ကျမ်းကိုး ။ ။ ဂျာမေအိုလ်အဟာဒီးစ် ကျမ်း ၊ စာမျက်နှာ ၁၅၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည်  သောကြာနေ့ကို အထူး သတိ ပြုရပေမည်။ သောကြာနေ့ တွင် ကောင်းမှုကုသိုလ် တစ်ခု ပြုသူသည် ကုသိုလ် နှစ်ခု အကျိုးဆါးဗ် ဆုလာဘ် နှစ်ခု ရရှိမည် ဖြစ်ပြီး မကောင်းမှု ဒုစရိုက် ပြုသူသည် ပြစ်ဒဏ် နှစ်ဆ ခံရမည် ဖြစ်ပါတယ်။

****************************************************************

END / 251