အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ နိုဝင်ဘာ ၂၀၂၃

၁၈:၂၁:၀၅
1410273

မွတ်စလင်မ် တစ်ယောက်ဟာ အိမ်ထောင်မပြုဘဲ လူပျို၊အပျို အဖြစ် နေနိုင်ပါသလား ?

အိမ်ထောင်ပြုခြင်းသည် အစ္စလာမ်ဘာသာတွင် ဝါဂျစ်ဘ် မဟုတ်ပါ။ မွတ်စ်သဟဗ် ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် မွတ်စလင်မ် တစ်ယောက်ဟာ အိမ်ထောင်မပြုဘဲ လူပျို၊အပျို အဖြစ် နေနိုင်ပါသလား ? အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ အနေဖြင့် ဤ ကိစ္စ အတွက် မည်သို့ ဖြေကြား ထား ကြောင်း လေ့လာ မှတ်သားနိုင်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မေး - အစ္စလမ်ဘာသာတွင် လက်ထပ်ထိမ်းမြားခြင်းမှာ ဝါဂျစ်ဘ် ဖြစ်ပါသလား? မွတ်ဆလင်တစ်ယောက်ဟာ တစ်ကိုယ်တည်း (အပြစ်ကျူးလွန်ခြင်းမရှိသော အခြေအနေဖြင့်)လူပျို ၊ အပျို ဘဝဖြစ်  နေနိုင်လား?

ဖြေ - အိမ်ထောင်ပြုခြင်းသည် အစ္စလာမ်တွင် ဝါဂျစ်ဘ် မဟုတ် ပါ။ မွတ်စ်သဟဗ် ဖြစ်ပါတယ်။သို့သော် လူသား အနေဖြင့် အိမ်‌ထောင်မပြုလျှင် ဂိုနဟ်တွင် ကျရောက် နိုင်ကြောင်း သိထားသင့်ပါတယ်။

အစ်သစ်ဖ်သာအ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ

မှတ်ချက် -  မွတ်စလင်မ် တစ်ယောက်ဟာ အိမ်ထောင်မပြုဘဲ လူပျို၊အပျို အဖြစ် နေနိုင်ခွင့်ရှိပါတယ်။ သို့သော် ဂိုနဟ်မကျူးလွန်ဖို့တော့လိုပါတယ်။ ဥပမာ လူပျို ဘဝနှင့်နေမယ်။အပျိုဘဝနှင့်နေမယ်။ရည်စားထားပြီး ဟိုတယ် သွား ၊ ဟိုချိန်း တွေ ဒီချိန်းတွေပြီး ဇေနာတွေ လုပ်မည် ။ ဟရာမ် တွေလုပ် ။ မဟုတ်တာတွေလုပ်မည်ဆိုရင်တော့ တရားတော် ကခွင့်မပြုထားကြောင်း သိထားရပါမည်။

****************************************************************

END / 251