အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ နိုဝင်ဘာ ၂၀၂၃

၁၈:၄၄:၀၆
1410276

ဆင်းရဲမွဲတေမှု၏ ဆိုးကျိုးများ

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆင်းရဲမွဲတေမှု၏ ဆိုးကျိုးများ နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျာမေအိုလ်အခ်ဗါရ်  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال أمیرالمؤمنین علیه السلام:

 

منِ اُبْتُلِيَ بِالْفَقْرِ فَقَدِ اُبْتُلِيَ بِأَرْبَعِ خِصَالٍ: بِالضَّعْفِ فِي يَقِينِهِ، وَ اَلنُّقْصَانِ فِي عَقْلِهِ، وَ اَلرِّقَّةِ فِي دِينِهِ، وَ قِلَّةِ اَلْحَيَاءِ فِي وَجْهِهِ، فنَعُوذُ بِاللَّهِ مِنَ اَلْفَقْرِ .

 

 

 

“  ဆင်းရဲ ခြင်း ဝေဒနာကို ခံစားရသော သူတွင်အကျင့် လေးခု ဖြစ်ပေါ်လာပါသည်။

(၁) ၎င်း သက်ဝင် ယုံကြည်ချက် အားနည်းလာပါသည်။

(၂) ၎င်း ၏ ဉာဏ်ရည်ဉာဏ်သွေး ချို့ယွင်းလာပါသည်။

(၃) ၎င်း ၏ ဘာသာရေး အားနည်း  လာပါသည်။

(၄) ၎င်း ၏ အရှက် အားနည်း လာပါသည်။

ဤအတွက်ကြောင့် ဆင်းရဲ မွဲတေ ခြင်းမှ လွတ်မြောက် ရန် မြတ်အလ္လာဟ် ထံ  ခိုလှုံပါသည်”

ကျမ်းကိုး ။ ။ ဂျာမေအိုလ်အခ်ဗါရ် ကျမ်း ၊အတွဲ ၁၊ စာမျက်နှာ ၁၁၀

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ဆင်းရဲ မွဲတေ ခြင်းသည် မည်မျှ အထိ လူသားအား စိတ်ဓာတ် ကျစေပြီးဆိုးကျိုးများ ကို ဖြစ်စေ သည်ဆိုတာ ကို ထင်ရှား စွာ တွေ့ မြင်ရမည် ဖြစ်ပါတယ်။ ဆင်းရဲ လာလျှင် သူစိမ်း မပြော နှင့်အမျိုးများ ပင် အခေါ် အပြော မပြုတော့သည်ကို တွေ့ခဲ့ပြီး တွေ့ရှိနေရမှာ ဖြစ်ပါတယ်။ တစ်နည်းအား ဆင်းရဲသူသည် လူပတ်ဝန်းကျင် တွင် အနိုင်ခံရ အထင်သေးခံရ တတ်ပါတယ်။ ဤအတွက်ကြောင့် ဆင်းရဲ တွင်းမှ လွတ်အောင် တစ်ဖက်မှ ဟလာလ် နည်းဖြင့် ကြိုးစား ပြီး အခြား တစ် ဘက်တွင် ဒိုအာများသဝစိုလ် များ ပြုလုပ်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251