အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၁ နိုဝင်ဘာ ၂၀၂၃

၂၀:၂၆:၁၉
1410720

ရှီအဟ် ကျမ်းကြီးလေးကျမ်း အကြောင်း မိတ်ဆွေ သိပါသလား?

ရှီအဟ် ကျမ်းကြီးလေးကျမ်း (ခ)ကိုသွဗ်ဘေအရ်ဗအ် သို့မဟုတ် အူဆူလေအရ်ဗအ် သည် ဟဒီးစ်ကျမ်းကြီး လေးကျမ်း ဖြစ်ပါတယ်။ ရှီအဟ် မွတ်စလင်မ်များ သည် ဤဟဒီးစ်ကျမ်းကြီး လေးကျမ်းကို စိတ်အချရဆုံး မိမိတို့၏ ဟဒီးစ် ရင်းမြစ်များ အဖြစ် လက်ခံထားကြပါတယ်။ အနည်းငယ်လေ့လာ နိုင်ရန် တင်ပြအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကိုသွဗ်ဘေအရ်ဗအ် သို့မဟုတ် အူဆူလေအရ်ဗအ် သည် ဟဒီးစ်ကျမ်းကြီး လေးကျမ်း ဖြစ်ပါတယ်။ ရှီအဟ် မွတ်စလင်မ်များ သည် ဤဟဒီးစ်ကျမ်းကြီး လေးကျမ်းကို စိတ်အချရဆုံး မိမိတို့၏ ဟဒီးစ် ရင်းမြစ်များ အဖြစ် လက်ခံထားကြပါတယ်။ ထိုဟဒီးစ်ကျမ်း ကြီး လေးကျမ်း မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အလ်ကာဖီကျမ်း ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ်ကျမ်း နှင့် အလ်အစ် သစ်ဗ်ဆွာရ် ကျမ်းတို့ ဖြစ်ကြပါတယ်။  ကာဖီကျမ်း ပြုစုရေးသားသူမှာ ကိုလိုင်းနီ ဖြစ်ပြီး  မန်လာယဟ်ဇိုရိုဟို လ်ဖကီးယဟ် ကျမ်း ပြုစုရေးသားသူမှာ  ရှိက်ခ် ဆူဒူက် ဖြစ်ပါသည်။ သဲဟ်ဇီးဗ်ဗိုလ် အဲဟ်ကာမ်ကျမ်း နှင့် အလ်အစ်သစ်ဗ်ဆွာရ် ကျမ်း နှစ်ကျမ်း အား ပြုစု ရေးသား သူမှာ ရှိက်ခ် သူစီ ဖြစ်ပါတယ်။

ရှဟီးဒ် စာနီ မှ ပထမဆုံး အကြိမ် ရီဝါယသ်တော်များ ကို ဆင့်ပြန်ခွင့် ကိစ္စ တစ်ခု ကို ညွှန်းပြရင်း  ကိုသွဗ်ဘေ အရ်ဗအ် ဆိုပြီး ပညာရပ် ဆိုင်ရာ အသုံးအနှုန်းကို သုံးခဲ့ခြင်းဖြစ်ပါသည်။ ပြီးနောက် ဤ ပညာရပ်ဆိုင်ရာ အသုံးအနှုန်း အား ဖေက်ဟီ (ဓမ္မသတ်) စာပေများ တွင် သုံးလာပြီး တဖြည်းဖြည်း အမည်တွင် သွားခြင်း ဖြစ်ပါတယ်။ ရှီအဟ် အိုလမာ အချို့  သည် ကိုသွဗ်ဘေအရ်ဗအ် ဟဒီးစ်တော် များ အားလုံး ကို စစ်မှန်သည်ဟု ယူဆကြပါသည်။ သို့သော် အများစု မှာ မိုသာဝါသေရ် ဟဒီးစ်တော် များ (သို့) စနဒ် (ဆင့်ပြန်မှု အထောက် အထား) ခိုင်လုံသည့် ဟဒီးစ်များကိုသာ စစ်မှန်သည်ဟု လက်ခံထားကြပါတယ်။

အဆင့်အတန်း၊နေရာ၊ရာထူး

ရှီအဟ် မွတ်စလင်မ်များသည် ကျမ်းကြီး လေးကျမ်း ဖြစ်သည့် အလ်ကာဖီကျမ်း ၊ မန်လာယဟ်ဇိုရိုဟိုလ် ဖကီးယဟ် ကျမ်း ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ်ကျမ်း နှင့် အလ်အစ်သစ်ဗ်ဆွာရ် ကျမ်းတို့ အမှန်ကန်ဆုံး အစစ်မှန်ဆုံး ဟဒီးစ်အရင်းအမြစ်များ အဖြစ် ခံယူထားပါသည်။ ၎င်းကျမ်းကြီးလေးကျမ်းကို ကိုသွဗ်ဘေ အရ်ဗအ် (ကျမ်းကြီးလေးကျမ်း)ဟုခေါ်ဆိုကြပါတယ်။ သို့သော် ရှီအဟ် အိုလမာ အများစု သည် ဤကျမ်း လေး ကျမ်းပါ ရီဝါယသ်တော်များ (ဟဒီးစ်တော်များ ) အားလုံး အပေါ် လိုက်နာ ကျင့်သုံးရန် ဝါဂျစ်ဗ် (မပြု မနေရ )အဖြစ် မခံယူထားကြချေ။ ဟဒီးစ်တော် များ ၏ အထောက်အထား အကိုးအကားများ နှင့်ညွှန်းပြမှုများ ကို စိစစ်ပြီးမှလိုက်နာ ကျင့်သုံး ကြပါတယ်။

ပညာရပ်ဆိုင်ရာအသုံးအနှုန်း ၏နောက်ခံသမိုင်း

ရှဟီးဒ် စာနီ သည် ကျမ်းကြီး လေးကျမ်း ကို ကိုသွဗ်ဘေအရ်ဗအ် ဆိုသည် ပညာရပ်ဆိုင် ရာ အသုံးအနှုန်း ဖြင့် ပထမဆုံး စသုံးခဲ့သည် အာလင်မ် ဖြစ်ပါ တယ်။ ၎င်းအနေဖြင့် ဟီဂျရီ ၉၅၀ ခုနှစ်တွင် ရီဝါယသ်တော်များ ကို ဆင့်ပြန်ခွင့် ကိစ္စ တစ်ခု ကို ညွှန်းပြရင်း  ကိုသွဗ်ဘေ အရ်ဗအ် ဆိုပြီး ပညာရပ် ဆိုင်ရာ အသုံးအနှုန်းကို သုံးခဲ့ခြင်းဖြစ်ပါတယ်။ ပြီးနောက် အခြား ဝါယသ်တော်များ ကို ဆင့်ပြန်ခွင့် ကိစ္စ တွင် “အလ်ကိုသွဗ် ဘိုလ်အရ် ဗအ် “ ဆိုသည့် စကားစု ကို အသုံး ပြုခဲ့ပါ တယ်။

ပြီးနောက် ဆယ်စုနှစ် သုံးစု တွင် မိုဟကစ်က် အရ်ဒဘိုင်လီ  မှ ဤ ပညာရပ်ဆိုင်ရာ အသုံးအနှုန်း ကို မိမိ ၏ ဖေက်ဟ်ဟီ စာအုပ် ဖြစ်သည့် “မဂျ်မအိုလ်ဖါအစ်ဒ် ဝါအလ်ဘိုရ်ဟန်” ဟီဂျရီ ၉၇၇ခုနှစ်မှ စရေးပြီး ဟီဂျရီ ၉၈၅ တွင် အဆုံးသတ်ခဲ့သည့် စာအုပ် တွင် အသုံးပြုခဲ့ပါ တယ်။ ဤနည်းအားဖြင့် ဤ ပညာရပ် ဆိုင်ရာ အသုံးအနှုန်း သည် ဟဒီးစ် နယ်ပယ် မှ ဖေက်ဟီ စာအုပ်များ နယ်ပယ်တွင်လည်း အသုံးပြုလာကြပါ တယ်။ ထို့နောက် ၎င်းကို အစဥ်အလိုက်  ဇိုဗ်ဒသိုလ်ပရန်း (ဟီဂျရီ ၉၈၉ ခုနှစ် တွင်ရေးသား)၊ မွန်သကီယိုလ်ဂျိုမာန် (ဟီဂျရီ ၁၀၀၆ ခုနှစ် တွင်ရေးသား) နှင့် အလ်ဝဖီယဟ်  (ဟီဂျရီ ၁၀၅၉ ခုနှစ် တွင်ရေးသား)  တို့တွင် အသီးသီး အသုံးပြုခဲ့ကြပါ တယ်။

ကိုသွဗ်ဘေအရ်ဗအ် ၏ မှန်ကန် မှု

ရှီအဟ် ဖေကဟ်ပညာရှင်များ မှ ကိုသွဗ်ဘေအရ်ဗအ် ၏ မှန်ကန် မှု ၊တရားဝင်မှု ကို အတည်ပြုလက်ခံ ထားကြပါသည်။ရှိက်ခ်အန်ဆွာရီအနေဖြင့် ဤ ကျမ်းကြီး လေးကျမ်းအပါအဝင် အခြား နာမည်ကြီး ကျမ်းများကို စစ်မှန်မှု ၊ တရားဝင်မှုကို အတည်ပြုလက်ခံခြင်း ဟာ  ဂိုဏ်းတရား၏ မရှိမဖြစ် အရေးကြီး လိုအပ်ချက်များ မှဟု ဆိုထားပါသည်။ (5) ဤအခြေအနေမှာပတ်သက်ပြီး ရှီအဟ် ပညာရှင်များ အကြား ကတ်သွအီယိုဆိုဒူရ် ဖြစ်ခြင်း နှင့် မဖြစ်ခြင်း ၊ ရီဝါယသ်များ (ဟဒီးစ်တော်များ ) အားလုံး ၏ မှန်ကန်မှု နှင့် တရားဝင်မှု နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲ မှုများ လာရှိပါသည်။ ဤသဘောထား ကွဲလွဲမှု နှင့် ပတ်သက်ပြီး အမြင် ရှူထောင့် သုံး ရပ် ကို တင်ပြနိုင်ပါသည်။

*ဟဒီးစ်တော်များ အားလုံး သည် ကတ်သွအီယိုဆိုဒူရ် ဖြစ်ပြီး  မှန်ကန်ခြင်း

အက်ခ်ဘာရီဂိုဏ်းဝင်များသည် ကိုသွဗ်ဘေအရ်ဗအ် ပါ ဟဒီးစ်တော်များ အားလုံး ကို မှန်ကန်ကြောင်း ဤကျမ်းများ ပါ ရီဝါယသ်တော်များ အားလုဲးသည် ကတ်သွအီယိုဆိုဒူရ် (ခ) မအ်စူမီးန် (အ.စ) များ ထံမှ လုံးဝ သေချာ ကြောင်း ယုံကြည် လက်ခံကြ ပါတယ်။ဆယက်ဒ် မိုရ်သဇာ ၏ အမြင်သည် က်ခ်ဘာရီ ဂိုဏ်း ဝင်များ ၏ အမြင် နှင့်နီးစပ်ပါ သည်။ ၎င်းအနဖြင့် ဤကျမ်းကြီး လေးကျမ်းလာ ဟဒီးစ်တော် အများစု အား မိုသဝါသေရ် ဟဒီးစ်များ သို့မဟုတ် ကတ်သွအီယိုဆိုဒူရ် ဟဒီးစ်များဟု ခံယူထားပါတယ်။

*ဟဒီးစ်တော်များ အားလုံးသည် မှန်ကန် ပြီး ကတ်သွအီယိုဆိုဒူရ် မဖြစ်ခြင်း

ဤအမြင်ရှိသူများမှာ  အချို့ဖေကဟ်ပညာရှင်များဖြစ်ကြပြီး ပမာအားဖြင့် ဖွာဇေလ်သူနီ မွတ်လာ အဲဟ်မဒ် နရာကီ မီးရ်ဇာ မိုဟမ္မဒ် ဟိုစိုင်းန် နာယီနီ  တို့ဖြစ်ပါတယ်။

ကိုသွဗ်ဘေအရ်ဗအ် ပါ ဟဒီးစ်တော်များ အားလုံး  ကို ကတ်သွအီယိုဆိုဒူရ် (မအ်စူမီးန် (အ.စ) ဘက်မှ လုံးဝ သေချာကြောင်း) ဖြစ်ကြောင်း ကို လက်မခံထားချေ။ သို့သော် ၎င်းကျမ်း၏ ဟဒီးစ်တော်များ မှန်ကန် ကြောင်း ကို လက်ခံထားကြပါတယ်။

*ဟဒီးစ်တော်အများစုသည် ဇန်နီယိုလ် ဆိုဒူရ် ဖြစ်ပြီး ကတ်သွအီယိုဆိုဒူရ် သာလျှင် စံမှတ်ကျောက်ဖြစ်ခြင်း

ရှီအဟ်ဖေကဟ်ပညာရှင်များ နှင့် အူဆူလီပညာရှင်များ အများစု အနေဖြင့် ကာဖီကျမ်း၏ အချို့ ဟဒီးစ်တော်များသာ မိုသဝါသေရ် ဟဒီးစ်တော်များ ဖြစ်ပြီး ကျန် ဟဒီးစ်တော် များ အားလုံးသည် ဇန်နီယိုလ် ဆိုဒူရ် ဖြစ်ကြောင်း လက်ခံယုံကြည်ထားကြပါသည်။ စနဒ်(ဆင့်ပြန်သူများ)မှန်ကန်သည့် ဟဒီးစ်များသာလျှင် စံမှတ်ကျောက် ဖြစ်ပါတယ်။ သို့သော်ဟဒီးစ်တော် အတွက် စံမှတ်ကျောက် သတ်မှတ်မှု စည်းမျဥ်း စည်းကမ်း များ နှင့် ပတ်သက်ပြီး ၎င်းတို့ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိပါတယ်။

(၁) အလ်ကာဖီကျမ်း

ကာဖီကျမ်းအား အဘူဂျအ်ဖရ်ကိုလိုင်းနီ (ဟီဂျရီ ၃၂၉ ခုနှစ် ကွယ်လွန်) မှ ဂိုက်ဘသ်သေဆိုဃရာ အချိန်တွင် ရေးသားပြုစုခဲ့ပါသည်။(၁၂) စာအုပ်တွင် ဟဒီးစ်တော်ပေါင်း ၁၆၀၀၀ခန့်ပါရှိပြီး အူဆူလ်၊ဖရူအ် နှင့်ရောင်ဇာဟ် ဆိုပြီး အပိုင်းသုံး ပိုင်းပါရှိပါသည်။ (၁၃) အူဆူလ်လေကာဖီသည် ယုံကြည်ချက်ဆိုင်ရာ ဟဒီးစ်တော်များ ဖြစ်ပြီး ဖရူအ်အေကာဖီ သည် ဖေက်ဟီဆိုင်ရာ ဟဒီးစ်တော်များ ပါဝင်ပါသည်။ ရောင်ဇဟ်ကာဖီ တွင် ဟဒီးစ်တော်ပေါင်းစုံ ပါဝင်ပါတယ်။

(၂)မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ်ကျမ်း

ဤကျမ်းအား ရေးသားပြုစုသူမှာ ရှိက်ခ်ဆူဒူက်  (ဟီဂျရီ ၃၈၁ ခုနှစ် ကွယ်လွန်) ဖြစ်ပါသည်။ ဤစာအုပ်တွင် ဟဒီးစ်တော်ပေါင်း ၆၀၀၀ ခန့်ပါဝင်ပြီး ၎င်းခေါင်းစဥ်များ မှာ ဖေက်ဟီ နှင့် လက်တွေ့ အဲဟ်ကာမ် ဖြစ်ပါတယ်။ ရှိက်ခ်ဆူဒူက် ဤစာအုပ်ပါ ဟဒီးစ်တော် များ ကို မှန်ကန် သည်ဟု လက်ခံပြီး ကိုယ်တိုင် ဤဟဒီးစ်တော်များ ကို အခြေပြု၍ ဖသ်ဝါ များ ပေးခဲ့ပါတယ်။

 

(၃)သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ် ကျမ်း

သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ်ကျမ်းအား ရေးသားပြုစုသူမှာ ရှိက်ခ်ဆူစီ  (ဟီဂျရီ ၄၆၀ ခုနှစ် ကွယ်လွန်) ဖြစ်ပါ သည်။ဤကျမ်းတါင် အခန်းပေါင်း ၃၉၃ခန်းပါဝင်ပြီးဟဒီးစ်တော်ပေါင်း ၁၃၅၉၀ ပါရှိပါ တယ်။ ဤကျမ်း၏ ခေါင်းစဥ် မှာ ဖေက်ဟ် ဖြစ်ပါသည်။ ရှိက်ခ်ဆူစီ အနေဖြင့် ရှိက်ခ် မိုဖီးဒ်  ရေးသားထားသည့် “မွတ်က်နေအဟ် ကျမ်း” ၏ အကျယ် နှင့် ရှင်းလင်းချက်အတွက် ပြီးနောက် ရှိက်ခ် မိုဖီးဒ်  ၏ ညွှန်ကြားချက်အရ  ဤကျမ်းအား ရေးသား ခဲ့ခြင်း ဖြစ်ပါ တယ်။

 

(၄)အလ်အစ် သစ်ဗ်ဆွာရ်

ဤကျမ်း၏ အရဘီ အမည် မှာ (الاستبصار فی ما اختلف من الاخبار) ဖြစ်ပြီး ရှိက်ခ်ဆူစီ အနေဖြင့် သဲဟ်ဇီးဗ် ဗိုလ်အဲဟ်ကာမ်ကျမ်းအား ရေးသားပြုစု ပြီးနောက် မိမိ၏ အချို့ တပည့် များ၏ မေတ္တာရပ်ခံချက် ကြောင့် ရေးသား ပြုစု ခဲ့ခြင်း ဖြစ်ပါ တယ်။ ၎င်းအနေဖြင့် ဤကျမ်းတွင် ဖေက်ဟီဆိုင်ရာ အကြောင်းအရာမျိုးစုံ ၏  မိုသာအာရေဇ် ဟဒီးစ်တော်များ (အကွဲအလွဲဟဒီးစ်တော်များ)   ကိုသာလျှင် စုစည်းပြုစုထားပါသည်။ ဤ အတွက် ကြောင့် ဤကျမ်းတွင် ဖေက်ဟီဆိုင်ရာ ကဏ္ဍ အားလုံး မပါဝင်ချေ။

 

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.      Bagheri, Hamid, "Four hadith books of the Imamiyyah and the spread of the term "Al-Katb al-Fourth": a critique of Andrew Newman's view", Tomar Andisheh website, viewed on April 6, 2018.

2.      What are the four Shia books?, Shia News Agency. Estrabadi, Mohammad Amin bin Mohammad Sharif, al-Fawad al-Madani, Tabriz, Bina, 1321 AH.

3.      Amini, Abdul Hossein, Al-Ghadir in Al-Kitab and Sunnah and Al-Adab, Qom, Al-Ghadir Center for Islamic Studies, 1416 AH/1995 AD.

4.      Ansari, Morteza, Faraed al-Asoul, Qom, Majmael al-Fikr al-Islami, 1428 AH.

5.       Khoei, Sidabul al-Qasim, Majem Rizal al-Hadith and Description of Tabaqat Al-Rawat, Qom, Islamic Culture Publishing Center, 1372.

6.      .wikishia.net .

7.       Fazil Toni, Abdullah bin Muhammad, al-Wafiyyah in the principles of jurisprudence, research by Razavi Kashmiri, Qom, Majmael al-Fikr al-Islami, 1415 AH.

8.       Karki, Hossein bin Shahab al-Din, The Guidance of Abrar to the Way of the Imams of Athar, researched by Raouf Jamal al-Din, Najaf, Ahya Al-Ahya Foundation, 1396 AH.

9.       Manager Shanachi, Kazem, Alam al-Hadith, Qom, Islamic Publications Office, 16th edition, 1381. Manager Shanechi, Kazem, History of Hadith, Tehran, Samit Publications, 1377.

10.  https://lms.motahari.ir/book-page/18/Ashnaei%20ba%20Qur'an,%20c%201?page=8; Motahari, Getting to know the Qur'an, vol.1.

 

****************************************************************

END / 251