အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၁ နိုဝင်ဘာ ၂၀၂၃

၂၀:၂၉:၄၄
1410725

လူများကို ပြုပြင်ပြောင်းလဲ တည်းမတ်ပေး သူများ ၏ အကျိုးဆဝါးဗ်

အေမာမ် မူစာ ကာဇင်းမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လူများကို ပြုပြင်ပြောင်းလဲ တည်းမတ်ပေး သူများ ၏ အကျိုးဆဝါးဗ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟိုဟ်ဖိုလ်အိုကူလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الکاظم علیه السلام:

طوبى لِلْمُصْلِحينَ بَيْنَ النّاسِ، اُولئِكَ هُمُ الْمُقَرَّبونَ يَوْمَ الْقيامَةِ.

အေမာမ် အေမာမ် မူစာ ကာဇင်းမ် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

လူများကို  ပြုပြင်ပြောင်းလဲ တည်းမတ်ပေး သူများ ကံကောင်း သူများ ဖြစ်ကြပါသည်။ ဤပုဂ္ဂိုလ်များ သည် ကေယမသ် နေ့ တွင် အဆင့်မြင့် သူများ ဖြစ်ကြပေမည်။  

ကျမ်းကိုး ။ ။ ဟိုဟ်ဖိုလ်အိုကူလ် ကျမ်း ၊ စာမျက်နှာ ၃၉၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည်  လူများကို  ပြုပြင်ပြောင်းလဲ တည်းမတ်ပေး သူများ ဖြသ်အောင် ကြိုးစားရပါမယ်။ ဤသို့ ကြိုးစားချိန် တွင် ပတ်ဝန်းကျင် ရှိ သူများ  ဂျမအသ်ဝင်များ ကိုယ်တိုင် အသင်အား ပြဿနာ သမား၊ အရှုပ်ထုပ် စသည်ဖြင့် စွပ်စွဲ အပုတ်ချ သိက္ခာ ချ ကြပေမယ်။ ဤအတွက် ရင်ဆိုင်နိုင်ရန် စွမ်း အား အပြည့်ရှိရမည် ။ ပြီးနောက်  အမှန်တကယ် လူများကို  ပြုပြင်ပြောင်းလဲ တည်းမတ်ပေးလိုသည့် ဖြူစင်သည့် စိတ်ဓာတ်တော် ရှိဖို့ အထူးလိုအပ်ပါတယ်။ အလ္လာဟ့် အမြင် တွင် ပြဿနာ သမား ၊ အရှုပ် သမား မဖြစ်ဖို့သာ အထူး အရေးကြီး ပြီး အထူး ဂရု ပြုရမည် ဖြစ်ပါတယ်။

****************************************************************

END / 251