အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၂ နိုဝင်ဘာ ၂၀၂၃

၂၀:၁၈:၅၆
1410965

လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေသော အလေ့အကျင့်သုံးခု

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေသော အလေ့အကျင့်သုံးခု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်န်ဝါရ်  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال أمیرالمؤمنین علیه السلام:

ثَلاثُ خِصالٍ تُجتَلبُ بِهِنَّ المَحَبَّةُ: الإِنصافُ فِي المُعاشَرَةِ، وَالمُؤاساةُ فِي الشِّدَّةِ وَالاِنطِواعِ ، وَالرُّجوعُ إلى قَلبٍ سَليمٍ.

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“  အလေ့အကျင့်နှင့် စရိုက်သုံးပါးသည် ခင်မင်ရင်းနှီးမှုနှင့် ချစ်ခြင်းမေတ္တာကို ဖြစ်ပေါ်စေသည်။

(၁) တရားမျှတစွာနေထိုင်ခြင်း (ကျောသား ၊ရင်သား မခွဲခြားခြင်း

(၂) ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွင် အခြားသူများကို စာနာ ခြင်း

(၃) (အပြစ်များနှင့် ) သန့်ရှင်းသန့်စင်သည် နှလုံး သား ပိုင်ရှင် ဖြစ်ခြင်း  တို့ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။  ဘေဟာရိုလ်အန်န်ဝါရ်  ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၈၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  လူချစ်လူခင် အစစ်များတာ လား ? သူ၏ ငွေကြောင့် ၊ အာဏာ ကြောင့် ၊ နေရာကြောင့် ၊စသည်ဖြင့် ကြောင့် လား? ဆိုတာ ကို အသေအချာ ခွဲခြား ရမည် ဖြစ်ပါတယ်။ မိမိနေဖြင့် မောင်လာအလီ (အ.စ) မိန့်ကြားထားသည့် အချက် သုံးချက် နှင့် ညီသူကိုသာ လျှင် မိတ်ဆွေ အဖြစ် ပေါင်း နိုင် အောင် ကြိုးပမ်းရမည် ဖြစ်ပါသည်။

****************************************************************

END / 251