အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀:၀၇:၂၁
1412915

မကောင်းသူများ လူဆိုးများ နှင့် ခင်မင်ခြင်း ၊သူငယ်ချင်း ဖွဲ့ ခြင်း မှ ရှောင်ပါ

အေမာမ် မိုဟမ္မဒ်သကီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မကောင်းသူများ လူဆိုးများ နှင့် ခင်မင်ခြင်း ၊သူငယ်ချင်း ဖွဲ့ ခြင်း မှ ရှောင် ရန် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام محمد تقي عليه السلام:

اِیاکَ وَ مصاحِبَةَ الشِّریرِ، فَاِنَّهُ کالسَّیفِ المَسلولِ یُحسِنُ مَنظَرَہ وَ یَقبَحُ اَثَره.

 

အေမာမ် မိုဟမ္မဒ်သကီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“ မကောင်းသည့်သူ လူဆိုးအား မိတ်ဖွဲ့ခြင်း မှာ ရှောင်ကြဉ် ပါ။ အကြောင်း မှာ ထိုသူသည် တောက် ပြောင် နေသည့် ဓားသွား ပမာ ဖြစ်ပါတယ်။ (ထိုတောက်ပြောင် နေသည့် ဓားသွား) သည် အပြင်ပိုင်း သာ တောက် ပြောင် နေပြီး အကျိုးသက်ရောက် မှု မှာဆိုးရွားပေသည်။  

ကျမ်းကိုး ။ ။ မွတ်စ် နတ်ဒ် ဒိုလ်အေမာမ် အလ်ဂျဝါဒ် နတ်ဒ်  ကျမ်း ၊ စာမျက်နှာ  ၂၄၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  သိရမည်မှာ လူတစ်ဦး၏ဘဝနှင့် ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တအပေါ် တိုက်ရိုက်လွမ်းမိုးမှုရှိသူသည် သူငယ်ချင်းဖြစ်ပါတယ်။ အဆွေခင်ပွန်းကောင်းလျှင် ကုသိုလ် ကောင်းမှု အကျင့်သီလကို လမ်းညွှန်ပေး၍ မကောင်းလျှင် မကောင်းသော အရာကို လမ်းညွှန် ပေးပေလိမ့်မည်။ ထို့ကြောင့် မိတ်ဆွေဖွဲ့ခြင်းမပြုမီ လူတိုင်းသည် မည်သူနှင့် မိတ်ဖွဲ့မည်ကို ဂရုစိုက်ရမည်၊ အကြောင်းမှာ လူတစ်ဦး၏ ဝိသေသလက္ခဏာသည် မိတ်ဆွေဖြစ်သောကြောင့်ဖြစ်ပါသည်။

****************************************************************

END / 251