အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၃ နိုဝင်ဘာ ၂၀၂၃

၂၀:၂၆:၁၅
1414415

လူနာ အား သွားကြည့်ပေးခြင်း ၏ အကျိုး

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် လူနာ အား သွားကြည့်ပေးခြင်း ၏ အကျိုး ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါ တယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مَن سَعی لِمَریضٍ فی حاجَةٍ قَضاها أو لَم یَقضِها خَرَجَ مِن ذُنوبِهِ کَیَومٍ وَلَدَتْهُ اُمُّهُ ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

“ အကြင်မည်သူမဆို လူနာ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်  ကြိုးစား မည်ဆိုလျှင်  လူနာ၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည်ဖြစ်စေ မဖြည့်ဆည်းပေးနိုင်သည်ဖြစ်စေ  ၎င်း၏ ပမာ သည် လူလောက ကြီးသို့ ‌ ဂိုနာမရှိဘဲ မွေးဖွားလာသကဲ့သို့ ဖြစ်ပါသည်။ “

ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း ၊ အတွဲ ၄ ၊  စာမျက်နှာ ၁၆

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့သည် လူနာများကို ဂရုပြုသင့် ပါတယ်။ လူနာ သည် ဆင်းရဲသူဖြစ်ပါစေ ၊ချမ်းသာသူဖြစ်ပါစေ သွား ရောက်ပြီး မေးနိုင် အောင်ကြိုးပမ်းရပါမည်။ ဤသို့ကြိုးပမ်း ခြင်းဖြင့် လူနာ သွားကြည့် သူ၏ အကျိုးဆဝါးဗ် မှာ မိခင်ဝမ်းမှ အပြစ်မဲ့ ပြီး မွေးးဖွား လာသကဲ့သို့ ဖြစ်ပါတယ်။ဤအတွက်ကြောင့် ဤကဲ့သို့ အခွင့် အရေးကို လက်မလွတ် ရန် အထူး ကြိုးစားသင့်ပါတယ်။

****************************************************************

END / 251