အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၄ နိုဝင်ဘာ ၂၀၂၃

၁၂:၂၄:၀၃
1414479

ဂါဇာ ကမ်းမြောင်ဒေ သတွင် လေးရက်ကြာ အပစ် အခတ်ရပ်စဲရေး ကို သောကြာနေ့ နံနက်ပိုင်းမှ စတင်ကာ အကောင် အထည်ဖော်

ပါလက်စတိုင်း လှုပ်ရှားမှု ဟားမတ်စ် နှင့် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ အစိုးရတို့ကြား စစ်ပွဲ လေးဆယ့်ကိုး ရက်မြောက်နေ့ တွင် လေးရက်ကြာ အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်းအထောက်အထားများ အရ အဆိုပါ သဘောတူညီချက်ကို ယမန်နေ့က စတင် အကောင်အထည် ဖော်ရန် စီစဉ်ထားသော်လည်း နည်းပညာဆိုင်ရာအကြောင်းပြချက်များကြောင့် သဘော   တူညီချက်ကို သောကြာနေ့ နံနက်ပိုင်းမှ စတင် အကောင် အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါတယ်။                                                                                                                                 

ဒီသဘောတူညီချက်ကို အခြေခံပြီး ဒီလေးရက်အတွင်း စစ်ရေးအရ အရေးယူတာမျိုး မလုပ်ဘဲ ဇီယွန်ဝါဒီ အကျဉ်းသားတိုင်းအတွက် ပါလက်စတိုင်း အမျိုးသမီးနဲ့ ကလေး သုံးဦးကို လွတ်ပေးမှာဖြစ်ပြီး လေးရက်တာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်းဇီယွန်ဝါဒီ အကျဉ်းသား စုစုပေါင်း ငါးဆယ်ကို လွတ်ပေး မှာ ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာအကူအညီများအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ထရပ်ကား အစီး နှစ်ရာဖြင့် ဂါဇာကမ်းမြောင်ဒေသအသီးသီး သို့ ပို့ဆောင်မည်ဖြစ်ပါတယ်။

အစောပိုင်းတွင် စစ်သွေးကြွ နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရသည် သောကြာနေ့ နံနက်အစောပိုင်းနှင့် အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး၏ လေးဆယ်ရက်မြောက်နေ့တွင် ဂါဇာရှိ အပစ်အခတ်ရပ်စဲရေး အကောင်အထည်မဖော်မီ နာရီပိုင်းအလိုတွင် ဂါဇာကမ်းမြောင်ဒေသရှိ လူနေရပ်ကွက်များကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဤ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အယောက်နှစ်ဆယ် ကျော်  အသက်ဆုံးရှုံးခဲ့ရ ပြီး ဆယ်ဂဏန်း နှင့်ချီ ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှီရပါတယ်။

စစ်သွေးကြွ နယ်ချဲ့  ဇီယွန်ဝါဒီအစိုးရ၏ စစ်လေယာဉ်များသည် ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ ဂျဗာလီယဟ် ဒုက္ခသည် စခန်းအား သောကြာနေ့ နံနက်အစောပိုင်းတွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုသည် အပစ်အခတ်ရပ်စဲရေး မပြီးမီ နာရီပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ စစ်သင်္ဘောများသည် ဂါဇာကမ်းရိုးတန်းတောင်ပိုင်းရှိ ရဖ်ဟ် ကမ်းရိုးတန်းမြို့ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

ဤလူယုတ်မာ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ မည်မျှ အထိ ယုတ် မသည်ဆိုလျှင် အပစ်အခတ် မရပ်စဲ မည် နာရီပိုင်း ကိုလည်း မရ၊ရအောင် လူမဆန်သည် လုပ်ရပ်များ ကို လုပ်ခဲ့ကြပါတယ်။

****************************************************************

END / 251