အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၆ နိုဝင်ဘာ ၂၀၂၃

၂၀:၂၃:၀၆
1415082

အယန်းမေ ဖွာတွေမီယဟ် (စ.အ) အကြောင်း လေ့လာကြည့်ပါစို့

အယန်းမေ ဖွာတွေမီယဟ် (စ.အ) အကြောင်း ကို အဗ်နာ ပရိသတ်ကြီး အတွက် အမေး အဖြေ ပုံစံဖြင့် တင်ပြထားပါတယ်။ အင်န်ရှာအလ္လာဟ် မိမိတို့၏ အသိပညာတွင် တိုးပွားမှု ရလိမ့်မည်ဟုမျှော်လင့်မိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ   

အယန်းမေ ဖွာတွေမီယဟ် (စ.အ) ဆိုသည် မှာ ရှီအဟ်များ အနေဖြင့် ဟဇရသ် ဖွာတွေမဟ် (အ.စ) သခင်မကြီး ရှဟီးဒ် ဖြစ်သည့်နေ့အား အဇါဒါရီများ ပြုလုပ်သည့်နေ့ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဟဇရသ် ဖွာတွေမဟ် (အ.စ) သခင်မကြီး ရှဟီးဒ် ဖြစ်သည့်နေ့ နှင့်ပတ်သက်၍ ကျော်ကြားသည့် အဆို နှစ်ခု လာရှိပါတယ်။

ပထမအဆိုမှာ ဂျမာဒီယိုလ် အောင်ဝဲလ်  ၁၃ ရက်နေ့ ဖြစ်ပြီး ဒုတိယ အဆို မှာ ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ ဖြစ်ပါတယ်။  ဂျမာဒီယိုလ်အောင်ဝဲလ်  ၁၀ ရက်မှ ၁၃ ရက်နေ့ အထိကို ပထမ ဖွာတွေမီယဟ် ဟုခေါ်ပြီး ဂျမာဒီယိုစ်စာနီ ၃ရက် မှ ၅ရက်နေ့ အထိ ကို ဒုတိယ ဖွာတွေမီယဟ် ဟုခေါ်ဆိုပါတယ်။

ဖွာတွေမီယဟ်ရက်များ ကို အချို့ နိုင်ငံများတွင် ပမာအားဖြင့် အီရန် ၊ အီရတ် ၊ ပါကစ္စတန် နှင့် အဇာဘိုင်ဂျန် နိုင်ငံများ တွင် အဇါဒါရီ များ ပြုလုပ်ကျင်းပကြပါတယ်။ ထိုပြင် ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ သည် အီရန်နိုင်ငံ ၏ အစိုး ရုံးပိတ်ရက် ဖြစ်ပြီး အချို့ မရ်ဂျာတော်များ မှ အဇါဒါရီ အစီအစဥ်များ တွင် တက်ရောက် နေရာ ယူကြပါတယ်။

 ဒုတိယ ဖွာတွေမီယဟ် ဖြစ်သည့် ဂျမာဒီယိုစ်စာနီ ၃ရက်အား အီရန် နိုင်ငံတွင် အီရန် သက္ကရာဇ် ၁၃၇၉ခုနှစ် ၊ ခရစ်သက္ကရာဇ် အားဖြင့်  ၂၀၀၀ ခုနှစ်တွင်  သခင်ကြီး (စ.အ) ရှဟာဒသ် နေ့ အဖြစ်သတ်မှတ်ပြီး အစိုးရ ရုံးပိတ်ရက် အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ထိုသို့သတ်မှတ်ပြီးနောက် အဇါဒါရီ အား ပိုမို၍ စည်းကား စွာ လည်း ပြုလုပ်လာကြ ပါတယ်။

မေး ။ ။ ဖွာတွေမီယဟ်ရက်များသည်ကား အဘယ်နည်း ?

ဖြေ ။ ။ ဖွာတွေမီယဟ်ရက်များဆိုသည် မှာ ရှီအဟ်များ အနေဖြင့် ဟဇရသ် ဖွာတွေမဟ် (အ.စ) သခင်မကြီး ရှဟီးဒ် ဖြစ်သည့်နေ့အား အဇါဒါရီများ ပြုလုပ်သည့်နေ့ကို ခေါ်ဆိုပါတယ် ။ဟဇရသ် ဖွာတွေမဟ် (အ.စ) သခင်မ ကြီး ရှဟီးဒ် ဖြစ်သည့်နေ့ နှင့်ပတ်သက်၍ ကျော်ကြားသည့် အဆို နှစ်ခု လာရှိပါတယ်၊ပထမအဆိုမှာ ဂျမာဒီယိုလ်အောင်ဝဲလ်  ၁၃ ရက်နေ့ ဖြစ်ပြီး ဒုတိယ အဆို မှာ ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ ဖြစ်ပါတယ်။ ဂျမာဒီယိုလ်အောင်ဝဲလ်  ၁၀ ရက်မှ ၁၃ ရက်နေ့ အထိကို ပထမ ဖွာတွေမီယဟ် ဟုခေါ်ပြီး ဂျမာဒီယိုစ်စာနီ ၃ရက် မှ ၅ရက်နေ့ အထိ ကို ဒုတိယ ဖွာတွေမီယဟ် ဟုခေါ်ဆိုပါတယ်၊ သို့သော် အချို့ အနေဖြင့်  ဂျမာဒီယိုလ် အောင်ဝဲလ်  ၁၀ ရက်နေ့ မှ ၂၀ ရက်နေ့ အထိ အား ပထမ ဖွာတွေမီယဟ် ဟုခေါ်ဆို ပြီး ဂျမာဒီယိုစ်  စာနီ ၁ရက်နေ့ မှ ၁၀ ရက်နေ့ အထိအား ဒုတိယ ဖွာတွေမီယဟ် ဟုခေါ်ဆိုပါတယ်။

ဟဇရသ် ဖွာတွေမဟ် (အ.စ) သခင်မကြီး ရှဟီးဒ် ဖြစ်တော်မူသည့် နေ့ နှင့် ပတ်သက် ပြီး အတိအကျကို မသိရသေးဘဲ သဘောထားကွဲလွဲမှုများ ရှိနေပါသည်။အစ္စမာအီးလ် အန်ဆွာရီ (အီရန်သက္ကရာဇ် ၃၈၈ ကွယ်လွန်) ရေးသားထားသည့် (အရဘီ - الموسوعة الکبری عن فاطمة الزهراء(س) ) စာအုပ် တွင်  သခင်မကြီး (စ.အ) ၏ ရှဟာဒသ် ရက် နှင့်ပတ်သက်ပြီး အဆို ၂၁ ခု ကို ဆင့်ပြန် ထားပါတယ်။

 (ပါရှန်း - دانشنامه فاطمی ) ကျမ်းကို ရေးသားသူများ မှ တစ်ဦး ဖြစ်သည့် ဆယက်ဒ် မိုဟမ္မဒ် ဂျဝါဒ် ရှဘီရီ ( အီရန်သက္ကရာဇ် ၁၃၄၅ခုနှစ် မွေးဖွား) ၏ အဆို အရ ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ သည် ရှီအဟ် များ အကြား သခင်မကြီး (စ.အ) ၏ ရှဟာဒသ် နေ့ အဖြစ် ကျော်ကြားပါတယ်။ ဤအဆိုအား (ပါရှန်း - دلائل الامامه) စာအုပ် လာ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် ၏ ရီဝါယသ်တော် အား ကိုးကား တင်ပြထားပါတယ်။

မေး ။ ။ အဇါဒါရီ ကျင်းပခြင်း အကြောင်းလေး ပြောပြပေးပါ?

ဖြေ။ ။ ဖွာတွေမီယဟ်ရက်များ အား အီရန် နိုင်ငံ ၏ မြို့အသီးသီးတွင် ဝမ်းနည်းခြင်း အစီအစဥ် (အဇါဒါရီ) ကို ကျင်းပကြပါ တယ်။ ဤအဇါဒါရီ (ဝမ်းနည်း ခြင်း အစီအစဥ် ) သည် ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ အား သခင်မကြီး (စ.အ) ၏ ရှဟာဒသ် နေ့ အဖြစ် အစိုးရ ရုံးပိတ်ရက် အဖြစ် ပြုလုပ်ပြီးနောက် တွင် ပိုမို၍ စည်းကား စွာ ပြုလုပ်လာကြပါတယ်။

ခရစ်သက္ကရာဇ် ၂၀၀၀ခုနှစ်တွင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ အကြံပြုချက် နှင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ၏ သဘောတူညီချက်အရ ဂျမာဒီယိုစ်စာနီ ၃ ရက်မြောက်နေ့ကို ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ် နေ့ အထိမ်းအမှတ်အဖြစ် တရားဝင်ရုံး  ပိတ်ရက်အဖြစ် ကြေညာခဲ့တယ်။

မရ်ဂျာယေသက္က်လီးဒ် ရှီအဟ် များ မှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဟိုစိုင်းန် ဝဟီးဒ် ခိုရာစာနီ   ( အီရန်သက္ကရာဇ် ၁၃၀၀ ခုနှစ် မွေးဖွား) နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ  ( အီရန်သက္ကရာဇ် ၁၄၀၀ခုနှစ်ကွယ်လွန် ) နှစ်ပါးသည် ဤ ရက်တွင် မာသမ်လုပ် အဇါဒါရီ လုပ်သူအုပ်စု နှင့် အတူ ဟဇရသ် မအ်စုမဟ် (စ.အ) ၏ ရောင်ဇာတော် ဘက်သို့ ခြေလျင် လမ်းလျှောက်  သွား ပြီး အဇါဒါရီပြုကြပါတယ်။

ထိုနည်းတူစွာ  ဖွာတွေမီယဟ်ရက်များ နှင့် တစ်ချိန်တည်း အီရန်နိုင်ငံရှိ အချို့မြို့ကြီးများတွင် အထူးသဖြင့် ကွမ်းမြို့  “ဘာနီဟာရှင်မ် လမ်းကြား “ ဆိုသည့် ခေါင်းစဥ် ဖြင့် ပြပွဲ များ ကို အများပြည်သူ ကြည့် ရှု နိုင်ရန် ပြုလုပ်ပါသည်။ ထိုပြပွဲ တွင် ဗကီးအ် ၊ ဂဒီးရ် ၊ဖေဒက် ဆိုင်ရာ မြင်ကွင်းများ ကိုလည်း ပြသထားပါတယ်။

အီရတ် ရှီအဟ်များ သည် ပထမ ဖွာတွေမီယဟ်ရက်များ နှင့် ဒုတိယ ဖွာတွေမီယဟ်ရက်များ အပြင် ရဘီအွတ်စ်စာနီ ၈ ရက်နေ့ ကိုလည်း သခင်မကြီး (စ.အ) အတွက် အဇါဒါရီ ပြုလုပ်ကြပါတယ်။ ဤအဇါဒါရီ သည် တမန်တော်မြတ်ကြီး (ဆွ) ဝဖာသ် ဖြစ်တော်မူမည် ရက် ၄၀ အကြာ တွင် သခင်မကြီး (စ.အ) ရှဟီးဒ် ဖြစ်သည် ဆိုသည့် အဆိုကို  အခြေပြုပြီး ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ထိုနည်းတူစွာ ပါကစ္စတန် နိုင်ငံအဇာဘိုင်ဂျန် နိုင်ငံ ၊ တာဂျစ်ကစ္စတန်နိုင်ငံ နှင့် သြစတြေးလျနိုင်ငံ)  နှင့် ဂျာမနီ နိုင်ငံ ရှိ ဟမ်းဘတ် အစ္စလာမ္မစ်စင်တာနှင့် စတော့ဟုမ်း ရှိ အေမာမ် အလီ (အ.စ) အစ္စလာမ့်စင်တာ တို့တွင် ဒုတိယ ဖွာတွေမီ ယဟ် ရက်များ ကို အဇါဒါရီ ပြုလုပ်ကြပါတယ်။

မေး ။ ။ ဟဇရသ် ဖွာတွေမဟ် (စ.အ)  အတွက် အဇါဒါရီ ရာဇဝင် အကြောင်းလေးသိပါစေ?

ဖြေ။။ ဟဇရသ် ဖွာတွေမဟ် (စ.အ)  အတွက် အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ အဇါဒါရီ ပြုခဲ့ကြောင်း အစီရင်ခံစာ များ လာရှိပါသည်။ (18) အေမာမ် ဆွာဒစ်က် (အ.စ) ထံ မှ ဆင့်ပြန် ချက် လာရှိပါတယ်။ ဟဇရသ် ဖွာတွေမဟ် (စ.အ)  အတွက် အဇါဒါရီ ပြုလုပ်ခဲ့ပါတယ်။

 ထိုမဂျ်လစ် အဇါ တွင် ဟဇရသ် မော်ဟ်စင် သည် သခင်မကြီး (စ.အ) ၏ ဗိုက်တော်တွင် ပျက်ကြမှု နှင့် ဟဇရသ် ဇဲဟ်ရာ (စ.အ) အရိုက်အနှက်ခံရတော် မူကြောင်း ကို တင်ပြ ကြပါတယ်။

ဒမတ်စကတ်၊ ဘဂ္ဂဒက်၊ ရမ်လာ၊ ဧကာ ၊ ဆူရ် ၊ အက်စ်ကလာန် နှင့်  ဂျဘဲလ် လိုလ်ပတ်စ်မာက် ရှိ ရှီအဟ်များသည် ဟဇရသ် ဇဲဟ်ရာ (စ.အ)  နှင့် သခင်မကြီး ၏ သားတော် ဟဇရသ် မော်ဟ်စင် (အ.စ) အတွက် အဇါဒါရီများ ပြုလုပ်ကြပါတယ်။

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်များ ကို အင်္ဂလိပ်  လို တစ်ချို့ စာအုပ်အမည် အင်္ဂလိပ် ဘာသာပြန် ဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.    (1) Al-Kafil Al-Alamiya Network, insert the article on 18 Kanun al-Tan 2016, viewed on 30 December 1400.

2.    (2) Ansari Zanjani, Ismail, Al-Masua'a al-Kubari on Fatima al-Zahra (pbuh), Dalilna, Bita.

3.    (3) Khasibi, Hossein bin Hamdan, Al-Hadaiya Al-Kubari, Beirut, Al-Balagh Foundation, 1419 AH.

4.  (4) Shabiri, Seyyed Mohammad Javad, "The Martyrdom of Fatimah (pbuh)", Encyclopaedia of Fatemi(pbuh), Tehran, Research Institute of Islamic Culture and Thought, first edition, 2014.

5.  (5) Qazi Abd al-Jabbar, Abd al-Jabbar bin Ahmad, Taqf al-Daliy al-Nabwa, Egypt, Dar al-Mustafa, 1427 AH. Tabari Imami, Muhammad bin Jarir, Dalai al-Imamah, Qom, Ba'ath Institute, 1413 AH.

6.   (6) wikishia.net

7.   (7) Lotfi, Fatemeh, "Fatimia days and rituals formed around it", Shahr Qonun, number 5, spring 2013.

8.   (8) Mazaheri, Mohsen-Hossam, Shiite Mourning Culture, 1st edition, Tehran, Khimeh Publishing House, 1395.

9.  (9) "The third exhibition of Bani Hashem alleys was held in Qom", Mehr news agency, inserted March 25, 1392, viewed on December 17, 1400.

   .  (10) "Fatimia II mourning ceremony program (2018) in important European cities", Abna news agency, inserted on February 28, 2018, viewed on December 24, 2018.

11 (11) Etc …

****************************************************************

END / 251