အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၉ နိုဝင်ဘာ ၂၀၂၃

၀၉:၂၀:၂၆
1415921

ကေယာမသ်နေ့တွင် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) အဆင့်အတန်း

ရီဝါယသ် တော် တစ်ခု တွင် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကိုယ်တိုင် ကေယာမသ်နေ့ တွင် မိမိ ၏ အဆင့်အတန်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်ကာကိုလ်ဟက် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قالت فاطمۃ سلام الله علیها:

إذا حُشِرتُ یَومَ القِیامَةِ أشفَعُ عُصاةَ اُمَّةِ النَّبِیّ‌صلی الله علیه وآله.

 

ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမွန်လ်လ္လာဟ်အလိုင်းဟာ )   မိန့်တော် မူ၏။

“ ကေယာမသ်နေ့တွင်  ကျမအား (မြတ်အလ္လာဟ် ) ပြန်လည် ရှင်သန် ထမြောက်စေသည့်အခါတွင်  တမန်တော်မြတ် (ဆွ) ၏ အွန်မသ် (နောက်လိုက်နောက်သားများ ) ၏ အပြစ် သမားများ အတွက် ရှဖာအသ် (အလ္လာဟ်ထံ အသနားခံ လျှောက်ထားခြင်း ) ကိုပြုပေးပါမည်။  ”

ကျမ်းကိုး ။ ။ အဲဟ်ကာကိုလ်ဟက် ကျမ်း ၊ အတွဲ ၁၉ ၊ စာမျက်နှာ ၁၂၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့သည် ရာနှုန်းပြည့် ဖြူစင်သည့် လုပ်ရပ်များ နှင့် နီယသ်များ ကို လုပ်နိုင် ထားနိုင်သူများ မဟုတ်သည်ကတစ်ကြောင်း အပြစ်ကင်းသူများ မဟုတ်ကြဘဲ အပြစ် ကြီး၊ငယ် ရှိသူများဖြစ်ကြသည်ကတစ်မျိုး ဖြစ်သည့် အတွက် ကြောင့် တမန်တော်မြတ် (ဆွ) ၊  သခင်မကြီး ဇဲဟ်ရာ (စ.အ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရှဖာအသ် (အလ္လာဟ်ထံ အသနားခံ လျှောက်ထားခြင်း ) လိုကို လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်တော်မြတ်(ဆွ) ၏ အွန်မသ် အစစ်  စာရင်း ဝင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ထိုမှသာ ရှဖာအသ် (အလ္လာဟ်ထံ အသနားခံ လျှောက်ထားခြင်း) ကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်(ဆွ) ၏ အနွယ်တော် မွန် များ ဖြစ်ကြသည့် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ် မေတ္တာ မထားရှိဘဲ ၎င်းတို့၏ ရန်သူများ အပေါ် မုန်းတီး စိတ် မထားရှိဘဲ ကိုယ်တော်မြတ် (ဆွ)  ၏ စစ်မှန်သည့်  အွန်မသ် ဖြစ်နိုင်မည် မဟုတ်ကြောင်း အထူးသတိပြုရမည် ဖြစ်ပါတယ်။

****************************************************************

END / 251