အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁ ဒီဇင်ဘာ ၂၀၂၃

၁၉:၄၉:၅၈
1416376

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လူသား၏တန်ဖိုး နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ်  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال أمیرالمؤمنین علیه السلام:

اِنَّهُ لَيسَ لاَنفُسِكُم ثَمَنٌ اِلاّ الجَنَّةُ فَلا تَبيعوها اِلاّ بِها.

 

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“  သင်တို့ အသက်၏တန်ဖိုး သည် ဂျန္နသ် (သုခဘုံ) ဖြစ်ပါသည်။ ဂျန္နသ် ထက် နည်းလျှင်  မရောင်းလေနှင့်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၁၃ ၊ ဟဒီးစ်တော် အမှတ် ၇၁

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  မိမိအသက်၏ တန်ဖိုး အား ထင်ရှား စွာ တွေ့မြင် နိုင်မည် ဖြစ်ပါသည်။ လောကကြီးမှာ အရာရာတိုင်းဟာ တန်ဖိုးရှိပြီးသာ ဖြစ်ပါတယ်။ တန်ဖိုးများသည့် အရာဖြစ်စေ နည်းသည့် အရာ ဖြစ်စေ  ၎င်းတန်ဖိုးကို မပေးဘဲ မည်သည့် အရာ မှ ရရှိမည် မဟုတ်ချေ။ တန်ဖိုး ရှိသည့်အရာတိုင်းတွင် အရည်အသွေးနှင့် ယုံကြည်စိတ်ချရသော စံချိန်စံညွှန်းရှိပါတယ်။ ပမာ အားဖြင့်  ရွှေ အတွက်  စံနှုန်းတစ်ခုရှိပါတယ်။ သို့ရာတွင် အေမာမ် အလီ (အ.စ) အနေဖြင့်  လူတစ်ဦး အဓိက တန်ဖိုး၊ တန်ဖိုးအစစ်အား ၎င်း ၏ ကိုယ်ကျင့်တရား ၊ အကျင့် စာရိတ္တ ၊ သာသနာ အရ ဂျန္နသ် (သုခဘုံ) ဖြစ်ကြောင်း မိန့်တော်မူထားပါတယ်။ ဂျန္နသ် ထက် တန်ဖိုး လျော့ရင် နည်းလျှင်မရောင်းဖို့လည်း မိန့်ထားပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အလ္လာဟ် ဟို အရှင်မြတ်မှတစ်ပါး အခြားမည်သူမျှ စစ်မှန်သည့် တန်ဖိုးကို မပေး စွမ်းနိုင်သော ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏  ဘာသာတရားနှင့် ယုံကြည်ခြင်းကို လောကအကျိုးအတွက် အနည်းငယ်မျှဖြင့် မရောင်းသင့်ကြောင်း သတိပြုသင့်ပါတယ်။

****************************************************************

END / 251