အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂ ဒီဇင်ဘာ ၂၀၂၃

၁၇:၅၅:၄၉
1416703

ကောင်း မှု ကို ညွှန်းကြား မကောင်းမှုကို တားမြစ် ခြင်းကိစ္စ၏ အရေးကြီး ကြောင်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကောင်းမှု ကို ညွှန်းကြား မကောင်းမှုကို တားမြစ် ခြင်းကိစ္စ၏ အရေးကြီး ကြောင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွတ်စ်သဒရတ်က်ကိုလ် ဝစာအေလ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مَن أمَرَ بِالمَعروفِ و نَهى عَنِ المُنكَرِ فهُوَ خَليفَةُ اللّهِ في الأرضِ وخَليفَةُ رَسولِهِ ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

“ အကြင်မည်သူမဆို ကောင်းမှု ကို ညွှန်းကြား မကောင်းမှုကို တားမြစ် ခြင်း  ကို ပြုလုပ်မည်ဆိုလျှင် ထိုသူသည် မြေပထဝီ တွင်အလ္လာဟ် ဟို အရှင်မြတ်  နှင့် ထို အရှင်မြတ် ၏တမန်တော်မြတ် (ဆွ) ၏ ကိုယ်စားလှယ်တော် ဖြစ်ပါသည်။  “

ကျမ်းကိုး ။ ။ မွတ်စ်သဒရတ်က်ကိုလ် ဝစာအေလ် ကျမ်း ၊၁၃၈၁၇ / ၁၇၉ / ၁၂

 

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့သည် ကောင်းမှု ကို ညွှန်းကြား မကောင်းမှုကို တားမြစ် ခြင်း   ၏ တန်ဖိုး နှင့် အရေးကြီး ပုံ ကို တွေ့နိုင်ပါတယ်။  ယနေ့ လူအများသည် အဖွဲ့အစည်း တစ်ခု ၊ လူမျိုး တစ်မျိုး ၊ နိုင်ငံ တစ်နိုင်ငံ ၏ ကိုယ်စားလှယ် ဖြစ်လျှင် မည် မျှ ဂုဏ် ယူကြသနည်း ? အလ္လာဟ် ၊ ရစူလ် (ဆွ) ၏ ကိုယ်စားလှယ်တော် ဖြစ်လျှင် ပို၍ ဂုဏ်ယူ စရာမကောင်းပါသလော ! အသိဉာဏ် ရှိသူတိုင်း စဥ်းစား နိုင်ပါ တယ်။ ကျန်သည့် သူများ အဖွဲ့အစည်းများစသည်တို့သည် တစ်နေ့ ဖျက်စီး အချိန်ကုန်သွားပေးမည်။ သို့သော် အလ္လာဟ် ဟို အရှင်မြတ်သည် မည်သည့် အခါ မျှ ဖျက်စီး မည် နောက် အလ္လာဟ်အတွက် အချိန် ကုန်သွားပြီးဆိုတာ ရှိ မည် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

****************************************************************

END / 251