အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃ ဒီဇင်ဘာ ၂၀၂၃

၁၀:၀၈:၂၉
1416897

မြှောက်ပင့် ခြင်း နှင့် မာန (သို့မဟုတ်) မနာလိုခြင်း

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မြှောက်ပင့် ခြင်း နှင့် မာန (သို့မဟုတ်) မနာလိုခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ၍ မြှောက်ပင့် ခြင်း ဆိုတာ ဘာကိုခေါ်သနည်း မာန (သို့မဟုတ်) မနာလိုခြင်း ဆိုတာ ဘယ်အရာနည်း ဆိုတာခေါ်ဆို ကြောင်း ကို ကွက်ကွက် ကွင်းကွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။


 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال أمیرالمؤمنین علیه السلام:

الثَّناءُ بأكثَرَ مِن الاستِحقاقِ مَلَقٌ و التَّقصيرُ عنِ الاستِحقاقِ عِيٌّ أو حَسَدٌ.

 

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

“  အကြင်သူတစ်ဦး တစ်ယောက်အား ထိုက်တန်သည်ထက် ပို၍ ချီးမွမ်း ခြင်းသည် မြှောက်ပင့်ခြင်း (ဖားခြင်း) ဖြစ်ပြီး ထိုက်တန်သည်ထက် လျော့၍ ချီးမွမ်း ခြင်း သည် မောက်မခြင်း၊မာန သို့မဟုတ် မနာလို ခြင်း ဖြစ်ပါသည်။   “

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း ၊ ဟေက်မသ်နံပါတ် ၃၄၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  တွင် မြှောက်ပင့် ခြင်း  နှင့် မနာလိုခြင်း တို့၏ စည်းကိုသေချာစွာ သိရှိရမှာ ဖြစ်ပြီး ကျနော်တို့ကိုယ်တိုင် တွင် မြှောက်ပင့် ခြင်း ကို လုပ်နေတာလား ?  သို့မဟုတ် မောက်မ နေတာလား ? မနာလိုခြင်းတွင် နစ်မြှုပ်နေတာ လား ? ဆိုတာကိုလည်း စိစစ်နိုင်မှာ ဖြစ်ပါတယ်။ အကြောင်း မှာ ယနေ့ ဖေ့ဘုတ် လောကတွင် ပိုမို၍ ကွက်ကွက်ကွင်းကွင်း ၊ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။  ပို့စ်ကောင်းများ ရေးပေးနေသူများ ၊ အလှူအဒါန်း ပြုနေသူ များ စသည်တို့အား  တစ်ချို့ က မိမိ တို့ သဘောကျသူများ ပတ်သက်နေသူများဖြစ်၍ အတိုင်းထက် အလွန် ကဗျာဆန်ဆန် ကော်မန့်များပေး၍ အလွန် ချီးမွမ်းကြပြီး   မိမိ သဘောမကျသူများ  မိမိ နှင့်ပတ်သက်နေသူများ နှင့် အဆင်မပြေသူဆိုလျှင် like ကလေးတစ်ခု ပေးရန် ပင် ဝန်လေးနေသူများ  အထူး သတိပြုသင့်ပါ တယ်။

****************************************************************

END / 251