အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၆ ဒီဇင်ဘာ ၂၀၂၃

၂၀:၂၁:၄၉
1418018

အမျိုးသမီးများ အတွက် အကောင်း တကာ အကောင်း ဆုံး အရာ

ရီဝါယသ် တော် တစ်ခု တွင် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကိုယ်တိုင် အမျိုးသမီးများ အတွက် အကောင်း တကာ အကောင်း ဆုံး အရာ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ် အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام قالت فاطمۃ سلام الله علیها:

خَيْرٌ لِلِنّساءِ أنْ لا يَرَيْنَ الرِّجالَ وَ لا يَراهُنَّ الرِّجالُ.

 

ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမွန်လ်လ္လာဟ်အလိုင်းဟာ )   မိန့်တော် မူ၏။

“ အမျိုးသမီး များ အတွက် ကောင်းသည့် အရ တည်းမတ် သည့် အရာ မှာ ကိုယ်တိုင်လည်း နာမဲဟ်ရမ် အမျိုးသား များ ကို မကြည့်ခြင်း နှင့် နာမဲဟ်ရာမ် အမျိုးသားများ ၏ အကြည့် ကိုလည်း မခံခြင်း ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ် အန်နဝါရ် ကျမ်း ၊ အတွဲ ၄၃ ၊ စာမျက်နှာ ၅၄ ၊ ဟဒီးစ်တော် ၄၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး    သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) အား အချစ်ထားသူ မိုအ်မေနာ အမျိုး သမီးတိုင်း လိုက်နာ ရမည့် အချက်ဖြစ်ပြီး ကြည့်ပြီး    သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) အားအချစ်ထားသူ အမျိုးသားများ အနေဖြင့် လည်း မိမိတို့၏ အမေ၊အဒေါ် ၊ ဇနီး ၊ အစ်မ၊ ညီမ ၊သမီး ၊ တူမ  စသည် ကို ဤဟဒီးစ်တော် မြတ် အတိုင်း လိုက်နာ ကြဖို့ တိုက်တွန်း ကူညီ အားပေး ရပါမည်။ ဘာသာရေး ကို အကြောင်းပြ ပြီး အတူတူ စုပေါင်းပြီး လုပ်ကြသည့် ဆယ်ကျော်သက် အရွယ် များ လူငယ်အရွယ်များလည်း လုပ်ခိုင်းကြသည့် သူများလည်း အတူ သတိရှိရပေမည်။ ပို၍ ရှင်းအောင်း ပြောရမည်ဆိုလျှင် သခင်မကြီး သည် နာမဲဟ်ရ်ကို ကြည့်ခြင်း ၊ အကြည့်ခံခြင်း ကို  မနှစ် သက်လျှင်  အကောင်း တကာ အကောင်း ဆုံး အရာ မှာ နာမဲဟ်ရာမ် ကို မကြည့် ခြင်း နှင့် အကြည့် မခံခြင်း ဟုမိန့်ထား လျှင်  နာမဲဟ်ရာမ်များ နှင့် နေကာဟ် မရှိ ဘဲ ရည်းစားထားခြင်း ကို လက်ခံမည်နည်း? ကျနော်တို့ အားလုံး ဤ ဟဒီးစ်တော် ၏ သွန်သင်ချက်အတိုင်း နေထိုင်နိုင် ရန် ကြိုးပမ်း အားထုတ်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251