အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၇ ဒီဇင်ဘာ ၂၀၂၃

၁၃:၁၈:၁၀
1418168

လောကီ နှင့်လောကုတ္တရာ ကို နှိုင်းယှဉ်ခြင်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် လောကီ နှင့်လောကုတ္တရာ ကို နှိုင်းယှဉ်ခြင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ် အန်နဝါရ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

وَاللّهِ مَا الدُّنيا فِي الآخِرَةِ إلّا مِثلُ ما يَجعَلُ أحَدُكُم إصبَعَهُ هذِهِ فِي اليَمِّ ، فَليَنظُر بِمَ تَرجِعُ!۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“ အလ္လာဟ် ဟိုအရှင်မြတ် အား ကျိန်ဆိုပါ၏။ လောကုတ္တရာ ကိုကြည့်မည်ဆို လျှင် လောကီ ၏ ပမာသည် သင်တို့အထဲမှာ တစ်ဦးတစ်ယောက် အနေဖြင့် မိမိ ၏ လက်ညှိုး  ကိုပင်လယ် တွက် နစ်သကဲ့သို့ ဖြစ်ပါမည်။ ထိုအတွက်ကြောင့် သူ့လက်ညှိုး မှ  ဤ ပင်လယ်ကနေ ရေဘယ်လောက်ယူလာမယ်ဆိုတာ ဂရုပြုပါ လေ။ “

ကျမ်းကိုး ။ ။ ဘေဟာရိုလ် အန်နဝါရ် ကျမ်း ၊ အတွဲ၇၃   ၊ စာမျက်နှာ၁၁၉ ၊   စာမျက်နှာ ၁၁၆

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့အနေဖြင့် လောကီနှင့်လောကုတ္တရာ ကို နှိုင်းယှဥ် နိုင်ပါတယ်။ ပြီးနောက် ကျနော်တို့အနေဖြင့်ခဏတာ ဖြစ်သည့် လက်ညှိုးဖြင့် ပင်လယ်ရေကို ယူသကဲ့သို့ တူနေသည့် လောကီနောက်ကိုလိုက်နေကြပြီး လောကုတ္တရာ  နှင့် တူသည့် ပင်လယ်ကို မေ့နေကြကြောင်း သိရှိ ရမည်ဖြစ် ပါတယ်။

****************************************************************

END / 251