အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ ဒီဇင်ဘာ ၂၀၂၃

၁၉:၀၂:၀၉
1418379

ကေယာမသ် နေ့တွင် ကျမ်းမြတ် ကုရ်အာန် ၏ အခန်းကဏ္ဍ

အေမာမ်ဟစန် မိုဂျ်သဗါ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကေယာမသ် နေ့တွင် ကျမ်းမြတ် ကုရ်အာန် ၏ အခန်းကဏ္ဍ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေရ်ရှာဒ် ဒိုလ်ကိုလူဗ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါ တယ်။

قال الامام الحسن المجتبی علیه السلام:

«إنَّ هذا القُرآنَ يَجِئُ يَوْمَ القِيمَةِ قائِدا وسائِقا يَقُـودُ قَوْما إلَى الجـَنـَّةِ أَحَلُّوا حَلالَهُ وَحَرَّمُوا حَرامَهُ وآمَنُوا بِمُتَشابِهِهِ ويَسُـوقُ قَوْما إلَى النـّارِ ضَيَّعُوا حُدُودَهُ وأَحْكامَهُ وَاسْتَحَلُّوا حَرامَهُ.».

 

အေမာမ်ဟစန် မိုဂျ်သဗါ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“ ဧကန် မုချ ဤ ကျမ်းတော်မြတ် ကုရ်အာန် သည် ကေယာမသ်နေ့ တွင် ခေါင်းဆောင် ၊အေမာမ် အသွင်အဖြစ် ကြွမြန်းလာမည် ဖြစ်ပါသည်။ ပြီးနောက် လူ များ အား အုပ်စု နှစ် စု ခွဲ မည် ဖြစ်ပါသည်။

(၁) ကျမ်းတော်မြတ် ကုရ်အာန် ပေါ် လက်တွေ့ လိုက်နာ ကျင့်သုံး ကြသူများ ၊ ကျမ်းတော် မြတ် ကုရ်အာန် ၏ ဟရာမ် နှင့် ဟလာလ် အပေါ် လိုက်နာ ကျင့်သုံး မည်။  ကျမ်းတော်မြတ်ကုရ်အာန် ၏ မိုသာရှာဘေဟ် ကို စိတ်နှလုံးနှင့် လက်ခံကြမည်။ ကျမ်းတော်မြတ် ကုရ်အာန် ၎င်းတို့ ထာဝရ နေရမည့် ဂျန္နသ် သုခဘုံ  သို့ လမ်းညွှန် ပေးမည် ဖြစ်ပါသည်။

(၂) ကျမ်းတော်မြတ်ကုရ်အာန်၏ ကန့်သတ်ချက်များနှင့် ဥပဒေများကို စွန့်ပစ်သူများသည် ဟရာမ် များ ကို ဟလာလ် ဟု သတ်မှတ်ပြီး  ချိုးဖောက်ကျူးလွန် သူများ ဖြစ်ကြပါမည်။ ကျမ်းတော်မြတ် ကုရ်အာန် သည် ၎င်းတို့အား ဂျဟန္နမ် ငရဲဘုံ သို့ စေလွတ် မည် ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ အေရ်ရှာဒ် ဒိုလ်ကိုလူဗ် ကျမ်း ၊ဒီလိုင်းမီ ၊ စာမျက်နှာ ၁၀၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ထာဝရ နေ‌ရာ ဂျန္နသ် သုခဘုံ သို့ သွား လိုလျှင် မည်သည့် အလုပ်များ ကို လုပ်ဆောင် ရမည် ဖြစ်ကြောင်း ဂျဟန္နမ် ကို မရောက်အောင် ဘာလုပ်ရမည်  ဖြစ်ကြောင်း ကို အသေအချာ သိရှိရမှာ ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် ကျမ်းတော်မြတ် ကုရ်အာန် ၏ အမိန့် အတိုင်း ဘဝတည်ဆောက် နိုင်အောင် ကျမ်းတော်မြတ်ကုရ်အာန် ကို နားလည် သဘောပေါက်အောင် ကြိုးစား ရပါမည်။ ပြီးနောက် လက်တွေ့ ကျင့်သုံး ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251