အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၀ ဒီဇင်ဘာ ၂၀၂၃

၁၁:၄၈:၃၃
1418849

နှလုံးသားကိုမာကျော စေသည့် အကြောင်းအရင်း

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် နှလုံးသားကို မာကျော စေသည့် အကြောင်းအရင်းဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق (عليه السلام):

اَوْحَى اللّهُ عَزَّوَجَلَّ اِلى مُوسى عليه السلام يا مُوسى لا تَفْرَحْ بِكَثْرَةِ الْمالِ وَلا تَدَعْ ذِكْرى عَلى كُلِّ حالٍ فَاِنَّ كَثْرَةَ الْمالِ تُنْسِى الذُّنوبَ وَ اِنَّ تَرْكَ ذِكرى يُقْسِى الْقُلوبَ۔

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“ အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်သည် ဟဇရသ် မူစာ (အ.စ) အပေါ် ဝဟီချတော်မူပြီးနောက် မိန့်တော် မူသည် မှာ  အိုမူစာ ...  ငွေကြေး အများအပြားပိုင်ဆိုင်ရမှု အပေါ် မပျော်ရွှင်ပါနှင့် ။ ငါ၏ ဇေက်ရ် (တမ်းတမှု) လုပ်ခြင်း ကို မည်သည့် အခြေအနေတွင် မဆို မမေ့ပါ နှင့် ။ အကြောင်း မှာ စည်းစိမ် ဥစ္စာကြွယ်ဝမှုသည် ဂိုနဟ် (အပြစ်များ ) ၏ မကောင်းသည့် ရလာဒ်  ဆိုးကိုမေ့စေသည့် အတွက်ကြောင့် ဖြစ်ပါသည်။ မုချဧကန် ငါ (အရှင်မြတ်) ကို မေ့လျော့ သူများ ၏ နှလုံးသား သည်မာကျော တင်းမာ  သွားပါသည်။ ”

ကျမ်းကိုး ။ ။ ကာဖီ ကျမ်း ၊အတွဲ ၄ ၊ စာမျက်နှာ ၄၉၇ ၊ဟဒီးစ်တော် အမှတ် ၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ငွေကြေး အများအပြားပိုင်ဆိုင်ရမှု အပေါ် မပျော်ရွှင်ရန် ၊ အချိန် ပြည့် အချိန်တိုင်း နေရာတိုင်း အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတသတိရနေရန် ၊ အလ္လာဟ် ၏ ဇေက်ရ် အမြဲ ပြုနေရန် ၊  ငွေအများအပြားကိုင်မိလာလျှင် အထူး သတိရှိရန် အကြောင်း မှာ စည်းစိမ်ဥစ္စာ အများအပြား ရရှိလာသည့် အခါ စည်းစိမ်ဥစ္စာကြွယ်ဝမှုသည် ဂိုနဟ် (အပြစ်များ ) ၏ မကောင်းသည့် ရလာဒ်   ဆိုးကိုမေ့စေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတမှု မပြုသူ၏ နှလုံးသားသည် မာကျော တင်းမာ ကြောင်း ကို သိထားရပါမည်။ ဤ အတွက်ကြောင့် အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတ သတိရမှု တစ် ခု ဖြစ်သည့် နမာဇ် ငါး ကြိမ် ကို နေ့စဥ်  စိတ်ပါ ဝင်စား စွာ ဝတ်ပြုရမည် ဖြစ်ပါ  တယ်။

****************************************************************

END / 251