အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၁ ဒီဇင်ဘာ ၂၀၂၃

၁၆:၀၀:၂၂
1419355

ဗကီးယသွလ္လာဟ် အကြောင်း တစေ့တစောင်း

ဗကီးယသွလ္လာဟ် ဆိုသည့် စကားလုံး အား ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် ဟူဒ် အာယသ်တော် အမှတ် ၈၃ တွင် သုံးထားပါတယ်။ဤ ဆောင်းပါးတို တွင် ဗကီးယသွလ္လာဟ် အကြောင်း ကို အနည်းငယ် လေ့လာ တင်ပြမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဗကီးယသွလ္လာဟ်  ဆိုသည်မှာ အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ ဘွဲ့ထူးများထဲမှ တစ်ခုဖြစ်ပြီး အကွယ်တွင် ရှိနေ သည့် ရှီအဟ်များ၏ နောက်ဆုံး မအ်စူမ် (ပြစ်မဲ့) အေမာမ် ဖြစ်ပါ တယ်။ ဗကီးယသွလ္လာဟ်” ဆိုသည့် စကားလုံးကို ကုရ်အာန် တွင် သုံးထားပြီး ရီဝါယသ်သဖ်စီးရ်ရီများတွင်  ၎င်းကို ရှီအဟ် အေမာမ်များ ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပြီး အချို့မှာ ဟဇရသ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ ဘွဲ့အမည်ဟု ဆိုထားပါ တယ်။

ဗကီးယသွလ္လာဟ်” ဆိုသည့် စကားလုံး သည် အဘိဓာန် နှင့်သဖ်စီးရ် များ တွင် လူသား အတွက် အလ္လာဟ် ဟို အရှင်မြတ် ထိန်းသိမ်းစောင့်ရှောက် ပေးထားသည့် အရာဟု အဓိပ္ပာယ် ရရှိပါ တယ်။ ပြီးနောက် ကျေးဇူးတော် နှင့်ကောင်းမြတ်ခြင်း ဟုလည်းအဓိပ္ပာယ်ရပါ တယ်။ အေမာမ်များဟု အဓိပ္ပာယ်ဖွင့်ဆို ရသည့် အကြောင်းမှာ လည်း အေမာမ်များသည် မနုဿလူသားများ အတွက်အလ္လာဟ့်၏ ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာ များ ဖြစ်ကြသည့် အတွက် ဖြစ်ပါ တယ်။

ဗကီးယသွလ္လာဟ်”အား ရှီအဟ် ဟဒီးစ်တော်များ တွင်  ရှီအဟ်များ၏ ပြစ်မဲ့ အေမာမ်(၁၂)ပါးဖြစ်ကြောင်း သဖ်စီးရ်လုပ်ထားပါ တယ်။

ဥပမာအားဖြင့် အစ်ဗ်နေရှဲဟ်အာရှုပ်အနေဖြင့် စူရဟ် ဟူဒ် အာယသ်တော် အမှတ် ၈၃ «بَقیّةُ اللّهِ خَیرٌ لکُم اِن کُنتم مُؤمِنین» သည် အေမာမ် ၁၂ပါး (အ.စ) ကျရောက်ခဲ့ကြောင်း ဆိုထားပါ တယ်။

အလာမဟ် မဂျ်လေစီ အနေဖြင့် ဗကီးယသွလ္လာဟ်” ဆိုသည်မှာ «من ابقاه الله» ( အလ္လာဟ်ဟိုအရှင်မြတ် ထိန်းသိမ်းစောင့်ရှောက် ထားသူ) ဖြစ်ကြောင်း ပြီးနောက် ဗကီးယသွလ္လာဟ်” ဆိုသည်မှာ အန်ဗီယဟ်များ (အ.စ) အောင်စီယဟ် (အ.စ)များ မှ ဖြစ်ပြီး၎င်းအား အလ္လာဟ်ဟို အရှင်မြတ် မှ မနုဿလူသား ၏ လမ်းညွှန်မှု အတွက်  မြေပထဝီ စောင့်‌ရှောက်ထားခြင်းခံရသူဖြစ်ပါကြောင်းဆိုထားပါ တယ်။

ထိုနည်းတူစွာ ရီဝါယသ် တော် တစ်ခု အရ လူများ မှ အေမာမ်မိုဟမ္မဒ် ဘာကဲရ် (အ.စ) အတွက် မြို့တံခါး ပိတ်သည့်အခါ အေမာမ်မှ မိမိကိုယ်တိုင်အား ဗကီးယသွလ္လာဟ်”ဆိုပြီး မိတ်ဆက်ပေးခဲ့ပါသည်။ ဇေယာရသ် ဂျအ်မေ ကဘီးရ် တွင်လည်း ရှီအဟ် အေမာမ် (၁၂)ပါးအား ဗကီးယသွလ္လာဟ်” ဟုဆိုထားပါတယ်။

 

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       The Holy Quran.

2.       Ibn Abi al-Hadid, Abdul Hamid bin Hibatullah, Commentary on Nahj al-Balaghah, Ibrahim Mohammad Abulfazl, Qom, School of Ayatollah Murashi Najafi, 1404 AH.

3.       Ibn Shahrashob Mazandarani, Muhammad Bin Ali, Menaqib Al Abi Talib, Qom, Allameh, 1379 AH.

4.       Ibn Mashhadi, Muhammad bin Jafar, Al-Mazar al-Kabir, edited by: Javad Qayyumi Isfahani, Qom, Islamic Publication Office affiliated with the Qom Seminary Society of Teachers, 1419 AH.

5.       hoei, Mirza Habibullah, Minhaj al-Bara'at fi Sharh Nahj al-Balagheh, corrected by: Ebrahim Mianji, translated by: Hasan Hassanzadeh Amoli and Mohammad Bagher Kamrei, Tehran, Maktabata al-Islamiya, 1400 AH.

6.        Zariab, Abbas, "The rest of Allah", in Islamic World Encyclopedia, Vol.3, Tehran, Islamic Encyclopedia Foundation, second edition, 1378.

7.        Zamakhshari, Mahmoud bin Omar, Al-Kashaf on the facts of Ghwamaz al-Tanzil, Beirut, Dar al-Kitab al-Arabi, 1407 AH.

8.       Sheikh Sadouq, Muhammad bin Ali, Kamal al-Din and Tammam al-Naimah, edited by: Ali Akbar Ghafari, Tehran, Islamia, 1395 AH.

9.       Tabarsi, Ahmad bin Ali, Al-Ihtjaj Ali Ahl al-Jajj, research: Mohammad Baqer Khorsan, Mashhad, Morteza Publishing House, 1403 AH.

10.   Allameh Tabatabai, Seyyed Mohammad Hossein, Al-Mizan fi Tafsir al-Qur'an, Qom, Islamic Publication Office affiliated with the Qom Seminary Society of Teachers, 1417 AH.

11.   Kilini, Muhammad bin Yaqub, al-Kafi, correction: Ali Akbar Ghafari and Muhammad Akhundi, Tehran, Dar al-Kitab al-Islamiya, 1407 AH.

12.   Majlisi, Mohammad Baqer, Bihar al-Anwar, Beirut, Dar Ahya al-Trath al-Arabi, 1403 AH.

13.   Nahj al-Balagha, Research: Sobhi Saleh, Qom, Hijra, 1414 AH.

14 . wikishia.net.

**************************************************************

END / 251