အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၄ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၆:၀၂
1420379

အမေ မှ သား ဖြစ်သူအား ချွေးမ ဖြစ်သူအား သွလာက် ပေးရန် အမိန့်ပေးသည့် ကိစ္စ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမေ မှ သား ဖြစ်သူအား ချွေးမ ဖြစ်သူအား သွလာက် ပေးရန် အမိန့်ပေးသည့် ကိစ္စ နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမေ မှ သား ဖြစ်သူအား ချွေးမ ဖြစ်သူအား သွလာက် ပေးရန် အမိန့်ပေးသည့် ကိစ္စ ဆိုင်ရာ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ် တယ်။

မေးခွန်း

လင် နှင့် မယားအဆင်မပြေဖြစ်ကွဲလွဲမှုဖြစ်သည့် အတွက် ကြောင့် အမေဖြစ်သူ အနေဖြင့် မိမိသား အား ချွေးမ ကို သွလာက် (ကွာရှင်း ပြတ်စဲ)ပေးရန် အမိန့် ပေးမည်ဆိုပါက မိခင် ၏ အမိန့် နာခံရမည် မှာ ဝါဂျစါဗ်  ဖြစ်ပါ  သလား ? အကယ်၍ အမေ ဖြစ်သူမှ မင်းအနေဖြင့် သွလာက် မပေးဘူးဆိုလျှင် မင်းအတွက် (အာက် ) လုပ်ခြင်း ဖြစ်သည် ဟုဆိုလာလျှင် ဤအခြေ အနေ တွင် သား ၏ ရှရီအီ မည်သည့် တာဝန် ရှိပါသနည်း?

အဖြေ

ဤကိစ္စ တွင် အမေ၏ အမိန့် ကို နာခံရန် ဝါဂျစ်ဗ်မဟုတ်ချေ။ ပြီးနောက် ရှရီအီအရ  (အာက်) လည်း မမြောက်ချေ။ သို့သော် သား အနေဖြက့် မိမိ ၏ ပြောဆိုမှု နှင့် လုပ်ကိုင်မှု တွင် မိခင်ကို မရိုမသေပြုခြင်း မလေးမစားပြုခြင်း မျိုး မဖြစ်အောင် ရှောင်ကြဥ်ရန်တော့ လိုအပ်ပါသည်။

မှတ်ချက် - အာက် ဆိုသည်မှာ မိဘ ကို စိတ်ထိခိုက်အောင်လုပ်ခြင်း ၊ စိတ်နာအောင်ပြုခြင်း ၊  စိတ်မချမ်းသာအောင်မပျော် အောင် ပြုခြင်း ၊ မိဘ အပေါ် တာဝန် မကျေခြင်း ကိုခေါ်ဆိုပါသည်။ ဂိုနာယေက ဘီးရာဟ် (ကြီးမားလေးလံသည့် အပြစ်)  ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251