အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၇ ဒီဇင်ဘာ ၂၀၂၃

၁၉:၅၄:၄၆
1420938

သခင်မကြီး ဖွာတွေမဟ် (စ.အ) အပေါ် ရက်စက် ညှဉ်းပန်းသူ ၊သခင်မကြီး ၏ ရပိုင်ခွင့်ကို လုသူ နှင့် သခင်မကြီး အား သတ်သူ သည် မလ်အူးန် ဖြစ်ကြောင်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် သခင်မကြီး ဖွာတွေမဟ် (စ.အ) အပေါ် ရက်စက် ညှဉ်းပန်းသူ ၊သခင်မကြီး ၏ ရပိုင်ခွင့်ကို လုသူ နှင့် သခင်မကြီး အား သတ်သူ သည် မလ်အူးန် ဖြစ်ကြောင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ် အန်နဝါရ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

ملعون ملعون من یظلم بعدی فاطمه ابنتی ویغصبها حقها ویقتلها۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

“ ထိုသူသည် မလ်အူးန် ဖြစ်၏။ ထိုသူသည် မလ်အူးန် ဖြစ်၏။ ကျွန်ုပ် မရှိသည်နောက်ပိုင်းတွင်   ကျွန်ုပ်၏ သမီးတော် ဖွာတွေမဟ် (စ.အ) အပေါ် ရက်စက်ညှဉ်းပန်း သူ     ၊ သူမ ၏ ရပိုင်ခွင့် ကို လုယူသူ နှင့် သူမကို သတ်ဖြတ် သူ တို့ ဖြစ်ပါတယ်။ “                                                                                                                                                                       

ကျမ်းကိုး ။ ။ ဘေဟာရိုလ် အန်နဝါရ် ကျမ်း ၊ အတွဲ ၇၃  ၊ စာမျက်နှာ ၃၅၄

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့သည် သခင်မကြီး (စ.အ) အပေါ် ရက်စက် ညှဉ်းသူများ သခင်မကြီး ၏ ရပိုင်ခွင့် လုယူသူများ သခင်မကြီး ကို သတ်သူတို့အား မည်သူ မည်ဝါများ ဖြစ်ကြောင်း သမိုင်း အထောက်အထား အစစ်အမှန် ဖြင့် သိထားအောင် ကြိုးပမ်း ရမည် ဖြစ်ပြီး ၎င်းတို့၏ နောက်လိုက်များ မဖြစ်အောင် ရှောင်ကြဉ်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251