အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၂ ဒီဇင်ဘာ ၂၀၂၃

၀၅:၅၇:၄၉
1422407

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဆုံးမ စကား ၈ ခု

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆုံးမစကား ၈ခု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အလ်ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام الصادق (عليه السلام):

اِتَّقُوا اللّهَ، و کونوا إخوَةً بَرَرَةً، مُتَحابّینَ فِی اللّهِ مُتَواصِلینَ مُتَراحِمینَ، تَزاوَروا وتَلاقَوا و تَذاکَروا أمرَنا وأحیوهُ..

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

“ (၁) အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့  

(၂) ကောင်းသည်အလုပ်ကို လုပ်ဆောင်သည် ညီနောင်များဖြစ်ပါစေ

(၃) အလ္လာဟ် ဟို အရှင်မြတ် အတွက် အချင်းချင်းချစ်ခင်ကြပါလေ

(၄) အချင်းချင်း ပြောဆိုဆက်ဆံကြပါ (အဆက်အသွယ်ရှိကြပါ)

(၅) အချင်းချင်း ကရုဏာရှိကြပါ

(၆) တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ သွားကြပါ

(၇) ကျွန်ုပ်တို့ အကြောင်း  (အေမာမ်မသ် နှင့် ဝေလာယသ် ) အကြောင်း ဆွေးနွေးကြပါ

(၈) ထို (အေမာမ်မသ် နှင့် ဝေလာယသ် ) ကို ရှင်သန်အောင် ထားပါ “

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၇၅ ၊ ဟဒီးစ်တော် အမှတ် ၁

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ ဆုံးမ သြဝါဒတော်  ၈ ချက် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောင်နေလား ? မနေလားဆိုတာ ကို စိစစ်လေ့လာ နိုင်မည် ဖြစ်ပါတယ်။အေမာမ်  (အ.စ) ၏   ဆုံးမ သြဝါဒတော် ၈ ချက် အတိုင်း နေနိုင်အောင် ကြိုးပမ်း ရမည် ဖြစ်ပါတယ်။ ပြီးနောက်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားသူတိုင်း ကိုလည်း အေမာမ် ဆွာဒစ်က် (အ.စ) ၏  ဤ သြဝါဒ ဆုံးမ စကား ၈ ချက်ကို မျှ ဝေပေးရမည် ဖြစ်ပါတယ်။ ဤ အေမာမ် ၏ ဆုံးမ သြဝါဒတော်  ၈ ချက် အတိုင်း လိုက်နာ နေထိုင်ကြမည်ဆိုလျှင် ကျနော်တို့ အကြား ပြဿနာများ အဆင်မပြေမှု များ ဖြစ်ပေါ်လာမည် မဟုတ်တော့ ပါ။

****************************************************************

END / 251