အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၂ ဒီဇင်ဘာ ၂၀၂၃

၂၀:၂၁:၄၉
1422573

လုံခြုံရေးကောင်စီသည် ဂါဇာ စစ်ပွဲ နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို စတုတ္ထနေ့တွင်ပင် မဲမခွဲနိုင်ချေ

ဇာစစ်ပွဲနှင့်ပတ်သက်သည့် မူကြမ်းတွင် အပြောင်းအလဲများ ပြုလုပ်ခြင်းဖြင့် ဆုံးဖြတ်ချက်ကို အမေရိကန်က သဘောတူခဲ့ပြီး ပါလက်စတိုင်းနှင့် ရုရှားတို့က ယင်းကိစ္စကို သဘောမတူကြကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တစ်ဖက်တွင် အမေရိကန်မီဒီယာများက အလ်ရှာဖာဆေးရုံတွင် ဟားမတ်စ်များရှိနေခြင်းကို မေးခွန်းထုတ်ခဲ့ပြီး အစ္စရေးသည် ဟားမတ်စ်၏ ဆေးရုံအသုံးပြုမှု ဆိုင်ရာ အထောက်အထားများကို မပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။

အစ္စရေးစစ်ပွဲ စကတည်းက ဟားမတ်စ်များ၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာပါတယ်။ အစ္စရေးစစ်ပွဲကြောင့် ဟားမတ်စ်များ၏ သြဇာလွမ်းမိုးမှု မြင့်တက်လာ ကြောင်း အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီများက အတည်ပြုခဲ့ပြီး ဟားမတ်စ်သည် ကမ္ဘာပေါ်ရှိ ပါလက်စတိုင်းအရေးကို ကာကွယ်သူ အဖြစ်ရပ်တည်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က အစ္စရေးရဲ့ ဂျူးတွေရဲ့ လုပ်ရပ်ဟာ ကျူးဘား သမ္မတရဲ့ ထောက်ခံမှုကို အန္တရာယ် ဖြစ်စေတယ်လို့ ပြောပါတယ်။

တစ်ဖက်တွင်မူ ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့အစည်း ဟားမတ်စ်က အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှု ရပ်တန့်သွားသည်အထိ အကျဉ်းသားများ လဲလှယ်ရေးကိစ္စ ဆွေးနွေးမည်မဟုတ်ကြောင်း ထပ်မံရှင်းလင်း ပြောကြားခဲ့သည်။ပြီးတော့ မိမိ တို့ပြည်သူတွေအပေါ် ရန်လိုမှုတွေအဆုံးသတ်ဖို့ အထောက် အကူဖြစ် စေမယ့် မည်သည့်အတိုင်းအတာအတွက်မဆို အဆင်သင့်ဖြစ်နေကြောင်း ဟားမတ်စ် မှ ပြောကြားခဲ့ပါတယ်။

အစ္စရေး၏ တိုက်ခိုက် မှုကြောင့် သေဆုံးခဲ့ရသည့် ပါလက်စတိုင်း အရေအတွက်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် ၂၁ဝဝဝ ရှိသွားကြောင်း သတိပြုသင့်ပါတယ်။

****************************************************************

END / 251