အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၉:၂၅
1423330

နယူးယောက်မြို့တွင် ပါလက်စတိုင်း လိုလားထောက်ခံ တဲ့ အကြီးအကျဉ် ဆန္ဒပြပွဲ ပြုလုပ်

အဖိနှိပ်ခံ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်မှု ပြသဖို့ အမေရိကန် နိုင်ငံ နယူးယောက်မြို့ တွင် ထောင်နဲ့ချီသည့် အမေရိကန်ပြည်သူများ ဟာ အကြီး အကျယ် ဆန္ဒပြပွဲ ကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ထောက်ခံသည့် အနေဖြင့်  နယူးယောက်မြို့က လူထုဆန္ဒပြသူတွေက ကြွေးကြော်သံတွေ တက်လာတယ်လို့ အမေရိကန် ကွန်ဂရက် (Hail) ၏ ဝဘ်ဆိုဒ်ကို ဖော်ပြထားကြောင်း Maher News Agency မှ  ဖော်ပြခဲ့ပါတယ်။

Hail ဝဘ်ဆိုဒ်၏ အဆိုအရ ပါလက်စတိုင်းအား ထောက်ခံသူများသည် နယူးယောက်မြို့ လမ်းမများပေါ်တွင် အများအပြား စုဝေးခဲ့ကြပြီး ခရစ္စမတ် အကြိုနေ့တွင် ကြီးမားသော ဆန္ဒပြပွဲကို စီစဉ်ခဲ့ကြကြောင်း ဖြစ်ပါတယ်။

ပါလက်စတိုင်းလိုလားသောအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ANSWER Coalition ၏ ၀က်ဘ်ဆိုဒ်အရ ဇီယွန်နစ် အစိုးရကို သပိတ်မှောက်ရန် သပိတ်မှောက်သည့် လှုပ်ရှားမှုကို စီးပွားဖြစ် စင်တာများတွင် စုဝေးကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများသည် မယုံနိုင်လောက်အောင် ဆက်လက် ဖြစ်နေကြောင်း အဆိုပါအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားပါတယ်။

ဤ ခရစ္စမတ်တွင် နယ်ချဲ့  ဇီယွန်ဝါဒီတပ်ဖွဲ့များသည် ဂါဇာရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြသည့် ခရစ်ယာန်များကို ပစ်မှတ်ထားပြီး ၎င်းတို့၏ အခမ်း အနားများကို ဖြိုခွဲခဲ့ပါတယ်။ ထို့ကြောင့် လူမျိုးတုံး သတ်ဖြတ်မှုကာလတွင် ခရစ္စမတ်သည် ပုံမှန်မဟုတ်ကြောင်း နေရာတိုင်းမှလူများက ကြေညာ သင့်ပါတယ်။

ဆိုရှယ်မီဒီယာ အစီရင်ခံစာများတွင် နယူးယောက်၊ ချီကာဂို၊ လန်ဒန်၊ လော့စ်အိန်ဂျလိစ်နှင့် တိုရွန်တိုကဲ့သို့သော မြို့ကြီးများတွင် ပါလက်စတိုင်းပြည်သူများကို ထောက်ခံသည့် ကြီးမားသော ဆန္ဒပြပွဲများကို ဖော်ပြထား ပါတယ်။

ဗီဒီယိုဖိုင် တစ်ခု တွင် နယူးယောက်မြို့ တွင်  ဆန္ဒပြသူများ က “မင်း ဈေးဝယ်ထွက်နေတယ် ... ဂါဇာ ကမ်းမြောင်ဒေသခံတွေကတော့ ဗုံးတွေကျဲ အသတ်ခံနေရတယ်  ” အော်ဟစ်နေတဲ့ ညာသံ ကို ပြသထား ပါတယ်။

****************************************************************

END / 251