အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ ဒီဇင်ဘာ ၂၀၂၃

၂၁:၄၉:၄၇
1423341

အိမ်တွင် ကြောင်မွေးလို့ ပိုင်ပါသလား ?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အိမ်တွင် ကြောင်မွေးလို့ ပိုင်ပါသလား ? နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အိမ်တွင် ကြောင်မွေးလို့ ပိုင်ပါသလား  ? ဆိုင်ရာ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ် တယ်။

မေးခွန်း

အိမ်တွင် ကြောင်မွေးလို့ ပိုင်ပါသလား  ?

အဖြေ

ပြဿနာမရှိပါ။ သို့သော် နမာဇ် ဝတ်ပြုသူများ ၏ ကိုယ်ခန္ဓာ နှင့် အဝတ် အပေါ် ကြောင်အမွေး ကပ်နေမည်ဆိုလျှင် ဘေနာဘရ် အဲဟ်‌သေယာသွ် သွေဝါဂျစ်ဗ် အရ ၎င်းနမာဇ် ဝတ်ပြုသူ၏ နမာဇ် ပျက်ပါသည်။ (နမာဇ် မပိုင်ချေ။ ) အကယ် အမွှေး သည် တပင် နှစ်ပင်ဆိုလျှင် အကြောင်း မဟုတ်ချေ။

မှတ်ချက် - အိမ်တွင် ကြောင်မွေးထားသူများ အထူးသတိပြုသင့်ပါတယ်။ မိမိ၏ ပေါ့ဆမှု ကြောင့် မိမိ နမာဇ် နှင့် အခြား အတူနေမိသားစု ဝင်များ ၏ နမာဇ် များ မပျက်အောင် အထူး ဂရုပြုရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251