အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၇ ဒီဇင်ဘာ ၂၀၂၃

၁၃:၂၄:၅၁
1424186

ဟဇရသ် အွန်မိုလ်ဗနီးန် (စ.အ) မှ အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငို‌ကြွေး ခြင်း

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဟဇရသ် အွန်မိုလ်ဗနီးန် (အ.စ) မှ အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငို‌ကြွေး ခြင်း ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်အမာလီလေလ်ရှဂျရီ  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

الامام الصادق (عليه السلام):

بکی الحسین علیه السلان خمس حجج، وکانت ام جعفر الکلابیه تندب الحسین علیه السلام وتبکیه وقدکف بصرها.

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

"အေမာမ်ဟိုစိုင်းန် (အ.စ) အပေါ် ငါးနှစ်တိုင် ‌ကြွေးခဲ့ပါသည်။ အွန်မေ ဂျအ်ဖရ် ကေလာဘီ ( အွန်မိုလ်ဗနီးန် (စ.အ) ) အေမာမ်ဟိုစိုင်းန် (အ.စ) အပေါ် မရ်စီယဟ် ဖြစ်ခဲ့သည်။ ငိုကြွေးခဲ့ပါသည်။ နောက်ဆုံး သူမ၏ မျက်လုံးများ မမြင်ရတော့သည့် အထိ ဖြစ်ပါသည်။  "

ကျမ်းကိုး ။ ။ အလ်အမာလီလေလ်ရှဂျရီ  ကျမ်း၊ အတွဲ ၁ ၊ စာမျက်နှာ ၁၇၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သခင်မကြီး သည် အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် မည်မျှ အချစ် မေတ္တာ ထားခဲ့ကြောင်း သက်သေ အထောက်အထား ဖြစ်ပါတယ်။ သခင်မကြီး အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ပြုခဲ့သည့် အဇါဒါရီ သည် ကျနော်တို့ အဇါဒါရီ နှင့် ယှဥ် လျှင် မိုးနှင့် မြေ လောက် ကွာဝေးနေကြောင်း ကို ‌ တွေ့မြင်နိုင်ပါတယ်။

အကြောင်းမှာ ကျနော် ‌တို့ အကြားတွင် အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် ငိုကြွေး ရင်း မျက်စိ မမြင်တော့သည့် ဘဝ ရောက်သွားသူကို  မတွေ့ ရသေးသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

****************************************************************

END / 251