အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၈ ဒီဇင်ဘာ ၂၀၂၃

၁၁:၂၄:၄၅
1424459

ကွယ်လွန်သူများ အတွက် လက်ဆောင်မွန် နမာဇ် ၊ နမာဇ် ဇေ ဝဲဟ်ရှသ်

လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ဆိုတာ အသိဉာဏ်ရှိသူတိုင်း သိထားပါတယ်။ အစ္စလာမ်သာသနာ ရှီအဟ် မွတ်စလင်မ် မှာ လူသားတွေကို အသက်ရှင်လျက်ရှိချိန် နေစဉ်မှာသာ အကျိုးပြု နိုင်တာ မဟုတ်ပဲ။ သေဆုံးသွားပြီးနောက်ပိုင်းလည်း အကျိုးပြုနိုင်ပါတယ် ။ သေဆုံးသူများအတွက် အကျိုးပြုပေးနိုင်တဲ့ နည်းများ မှ တစ်ခု ကတော့ ကွယ်လွန်သူများ အတွက် လက်ဆောင်မွန် နမာဇ် ဖတ်ရွတ်ပေးခြင်း ၊နမာဇ် ဇေ ဝဲဟ်ရှသ် ပဲ ဖြစ်ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အနေဖြင့် ညတိုင်း မိမိ၏ သားသမီးများ အတွက် နေ့တိုင်းမိမိ မိခင်ဖခင်အတွက် ၂ရကတ် နမာဇ် ဖတ်တော်မူပါတယ်။ အေမာမ် (အ.စ) အနေဖြင့် ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် ကဒ်ရ် ၊ ဒုတိယရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် ကောင်စဲရ် ကို ကိုဖတ်ရွတ် ပါတယ်။ ဤအကြောင်း အရာကို (မဖာသီဟိုဂျေနန် ) ကျမ်းတွင်လေ့လာ နိုင်ပါတယ်။

ကွယ်လွန်သူများ အတွက် လက်ဆောင်မွန် နမာဇ် ၊ နမာဇ်  ဇေ ဝဲဟ်ရှသ် ဖတ်နည်း များ

နမာဇ်ဇေ ဝဲဟ်ရှသ် ဖတ်နည်း  သုံး နည်း ရှိပါတယ်။

ပထမနည်း

ဖတ်ပုံဖတ်နည်းကတော့ ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် အာယာသိုလ်ကိုရ်စီ တစ်ကြိမ်  ၊ဒုတိယ ရကတ်မှာ ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက်စူရဟ် ကဒ်ရ် ၁၀ကြိမ် ပြီးနောက်စလာမ် လှည့် ပြီးနမာဇ် သိမ်းရပါတယ်။

 

နမာဇ်ပြီးရင် အောက်ဖော်ပြပါ ဒိုအာတိုလေးကိုဖတ်ရပါတယ်။

 

اللّهُمَّ صَلِّ عَلىٰ مُحَمَّدٍ و آلِ مُحَمَّدٍ وَ ابْعَثْ ثَوابَها إلىٰ قَبْرِ فُلانٍ       

 

فُلانٍနေရာတွင် ကွန်လွန်သူ ၏ အမည်ကို ထည့်ဖတ်ရမည် ဖတ်ပါတယ်။

ဒုတိယ ဖတ်နည်း

ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် သောင်ဟီးဒ် (ကိုလ်ဟိုဝလ္လာဟ်ဟို အဟဒ်)  ၂ ကြိမ်

ဒုတိယ ရကတ်မှာ ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက်စူရဟ် သကာစိုရ်   ၁၀ ကြိမ် ပြီးနောက်စလာမ် လှည့် ပြီးနမာဇ် သိမ်းရပါတယ်။

နမာဇ်ပြီးရင် အောက်ဖော်ပြပါ ဒိုအာတိုလေးကိုဖတ်ရပါတယ်။

اللّهُمَّ صَلِّ عَلىٰ مُحَمَّدٍ و آلِ مُحَمَّدٍ وَ ابْعَثْ ثَوابَها إلىٰ قَبْرِ فُلانٍ       

فُلانٍ နေရာတွင် ကွန်လွန်သူ ၏ အမည်ကို ထည့်ဖတ်ရမည် ဖတ်ပါတယ်။

တတိယ ဖတ်နည်း

ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် သောင်ဟီးဒ် (ကိုလ်ဟိုဝလ္လာဟ်ဟို အဟဒ်)  ၂ ကြိမ်  ၊ အာယာသိုလ်ကိုရ်စီ ၁ကြိမ်

ဒုတိယ ရကတ်မှာ ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက်စူရဟ် သကာစိုရ်   ၁၀ ကြိမ် ပြီးနောက်စလာမ် လှည့် ပြီးနမာဇ် သိမ်းရပါတယ်။

ကွယ်လွန်သွားသူအလ္လာဟ် အမိန့်ခံသွားသူ အတွက် ၎င်းကိုဒဖ်နာပြီး ပထမဆုံး ညတွင် ၂ရကတ်နမာဇ် နမာဇ်စေဝဲဟ်ရှသ် ကိုဖတ်ပေးခြင်းဟာ မွတ်စ်သဟဗ် ဖြစ်ပါ တယ်။

နမာဇ်စေဝဲဟ်ရှသ် ပထမည၏ မည်သည့်အချိန်တွင် မဆိုဖတ်ရွတ်နိုင်ပါတယ်။ အေရှာနမာဇ် အပြီး ဖတ်လျှင် ပိုကောင်းပါတယ် ။ ဤနမာဇ် အကြောင်းကို ကာဖီးကျမ်းတွင်လေ့လာနိုင်ပါတယ် ။

 

ဒီနေ့ သူတစ်ပါးအတွက် ဖတ်ပေးခဲ့မည်ဆိုလျှင်မနက်ဖန် ကိုယ့်အလှည့် လည်း သူများ ဖတ်ပေးမှ ဖြစ်ပါတယ် ။

ဟဒီးစ်တော်

ဆယက်ဒ် အေဗ်နေသွာအူးစ် အနေဖြင့် မဟာတမန်တော်မြတ် ကြီး (ဆွ) ထံတော်မှ ရီဝါယသ်တော်ကိုဆင့်ပြန် မိန့်ဆိုထားပါတယ်။ သေဆုံးသူအတွက် ပထမဆုံး ညလောက် အခက်အခဲ ဆုံးအချိန် နှင့် မရင်ဆိုင်ရချေ။ ဒါကြောင့်ဆဒ် ကာထုတ်ပေးခြင်း ဖြင့် မိမိတို့၏ မရ်ဟွန်များ (ကွယ်လွန်သူများ ) အပေါ် သနားကြင်နာ ပါလေ။ဆဒ်ကာပေးဖို့ တစ်ခုခု မရှိခဲ့လျှင် အသင်တို့အထဲမှ တစ်ဦးတစ်ယောက် အနေဖြင့် ၂ ရကတ်နမာဇ်ကိုဖတ်ပါလေ။ ပထမရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် သောင်းဟီးဒ် ၁၀ ကြိမ် ၊ဒုတိယ ရကတ်မှာ စူရဟ် ဟမ်ဒ် ပြီးနောက်စူရဟ် သကာစိုရ် ၁၀ကြိမ် ပြီးနောက် စလာမ်လှည့်နမာဇ်သိမ်းပါ။ အောက်ဖော်ပြပါဒိုအာ …

اللهم صل علی محمد و آل محمد و ابعث ثوابها الی قبر ذلك المیت فلان بن فلان.ဖတ်ရွတ်ပါလေ။

فلان بن فلان နေရာတွင်သေဆုံးသူ အမည်နှင့်ဖခင်အမည်ကိုတွဲရပါမည်။ ဥပမာ သေဆုံးသူအမည်မှာ ဂျအ်ဖရ် ဟိုစိုင်းန်  ဖြစ် ပြီး ဖခင်အမည်မှာ 

အလီဟိုစိုင်းန် ဆိုပါကဂျအ်ဖရ် ဟိုစိုင်းန် အေဗ်နေ အလီဟိုစိုင်းန် ဟုတောင်းဆိုရပါမည်။

ထိုအချိန်တွင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ကောင်းတမန် အပါး ၁၀၀၀ ကို မယသ် အတွင် စေလွတ်တော်မူမည်။ ကောင်ကင်းတမန်တိုင်း အဝတ်တစ်ထည်ဆီ ယူဆောင်လာပြီး တံပိုးမှုတ်ချိန် အထိ ကဗဲရ်ကို ချဲ့ ပေးနေမှာ ဖြစ်ပါတယ်။ နမာဇ်ဖတ်ရွတ်ပေးသူအတွက် နေအလင်းရောင်ကျ ရောက်သည့် အရာများ ၏ အရေအတွက် နှင့်အညီ ဆဝါးဗ်ပေးမှာ ဖြစ်ပြီး ၎င်း အတွက် အဆင့် ၄၀ တိုးပေးတော်မူမှာ ဖြစ်ပါတယ် ။ ဤအကြောင်းကို (စဖီးနာသွလ်ဗေဟာကျမ်း ) အတွဲ ၂ တွင်လေ့လာ နိုင်ပါတယ်။

နမာဇ် ဇေ ဝဲဟ်ရှသ် နှင့်ပတ်သက်သည့် အဲဟ်ကာမ်

၁။ နမာဇ်ဇေ ဝဲဟ်ရှသ် ပထမနည်း ဒုတိယနည်း နှစ်နည်း စလုံး ဖြင့် ဖတ်လျှင် ပိုကောင်းပါတယ်။

၂။ နမာဇ်ဇေ ဝဲဟ်ရှသ်  အားသေဆုံးသူ(မိုင်ယသ်) အား ဒဖ်နာသည့် ညမှ စ၍ မနက်ဖဂျ်အချိန် အထိ  ဖတ်နိုင်ပါတယ်။ သို့သော် အေရှာနမာဇ် အပြီး ဖတ်လျှင် ပိုကောင်းပါတယ် ။

၃။အကယ် ၍ မေ့ပြီး နမာဇ်ဇေ ဝဲဟ်ရှသ် အား ပြထားသည့် ဖတ်နည်းအတိုင်း မဟုတ်ဘဲအခြား နည်း ဖြင့် နမာဇ် ဖတ်မည်ဆိုလျှင် သို့မဟုတ်  စူရဟ် ကဒ်ရ် ၏ အာယသ်တော် တစ်ပါး ၊ အာယာသိုလ်ကိုရ်စီမှ  အာယသ်တော် တစ်ပါး မေ့သွားလျှင်  နမာဇ် အသစ် တစ်ဖန်ထပ်၍ ဖတ်ရမည် ဖြစ်ပါတယ်။

၄။ ဒဖ်နာပြုသည့် တစ်ညတည်း  ဤနမာဇ်အား အကြိမ်ကြိမ်ဖတ်၍ ဟဒီယဟ် အဖြစ် ပို့နိုင်ပါတယ်။

၅။ နမာဇ်ဇေ ဝဲဟ်ရှသ် အား ဝန်ဆောင်ခပေး၍ (ငွေပေး၍) ဝန်ဆောင်ခ ယူ၍ ( ငွေယူ၍) ဖတ်ခိုင်းခြင်း၊ ဖတ်ပေးခြင်းသည် မပိုင်ချေ။

****************************************************************

END / 251