အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၅ ဇန်နဝါရီ ၂၀၂၄

၂၀:၂၈:၄၀
1426907

မအ် စူမ်မီးန် (အ.စ) ၏ ရွှေနှုတ်တော်လာ သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ ဂုဏ် အင်္ဂါတော်များ အချို့

မအ် စူမ်မီးန် (အ.စ) ရွှေနှုတ်တော်လာ သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ ဂုဏ် အင်္ဂါတော်များ အချို့ ကို အဗ်နာ သတင်းဌာန မှ တင်ပြလိုက်ပါတယ်။


 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မအ် စူမ်မီးန် (အ.စ) ရွှေနှုတ်တော်လာ သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ ဂုဏ် အင်္ဂါတော်များအချို့ ကို အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။

မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်မှာ -

إنّ الله لیغضب لغضبک ویرضی لرضاک.

 

စကားပြေအဓိပ္ပာယ် -

"အိုဖွာတွေမဟ် (စ.အ) မြတ်အလ္လာဟ် သည်အသင်မ၏ အမျက် ဒေါသစိတ်ဆိုးမှုကြောင့် အမျက်ဒေါသ ထွက်စိတ်ဆိုး တော်မူပြီး၊အသင်မ၏ ပျော်ရွှင်ပီတိ ဖြစ်မှုကြောင့်ပျော်ရွှင် ပီတိဖြစ်တော်မူ လေသည်။ (မြတ် အလ္လာဟ် ၏ အမျက်ဒေါသ သည် သခင်မကြီး (စ.အ) ၏ အမျက်ဒေါသ ဖြစ်တော်မူပြီး ၊မြတ်အလ္လာဟ်၏ ကျေနပ်ပျော်ရွင်မူသည် သခင်မကြီး (စ.အ) ၏ ကျေနပ်ပျော်ရွင်မူ ဖြစ်တော် လေသည်။ "

ရည်ညွှန်း  - အမာလီ ရှီက်ခ် သူစီ (ရ.ဟ) စာမျက်နှာ ၄၂၇

 

မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်မှာ -

من احب فاطمہ ابنتی فھو فی الجنۃ معی و من ابغضھا فھو فی النار.

 

စကားပြေအဓိပ္ပာယ် -

"အကြင်မည်သူ မဆို ကျွန်ုပ် ၏သမီးတော် ဖွာသွေမဟ် (စ.အ) အား အချစ်မေတ္တာ ထားမည်ဆို လျှင် ထိုသူသည် ဂျန္နသ် (ခ)သူခဘုံ တွင်  ကျွုန်ုပ် နှင့် အတူ ရှိပေမည်။ အကြင်မည်သူ မဆို သူမ နှင့်  ရန်ငြိုး ထား (မုန်းတီးသူ)  ဖြစ်ပါက ၎င်း၏နေရာ သည် ဂျဟန္နမ် (ခ) ငရဲဘုံ ဖြစ်လေ၏။ "

ရည်ညွှန်း  - ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၂၇ ၊ စာမျက်နှာ ၁၁၆

 

 

အေမာမ် အလီ (အ.စ) မိန့်တော်မူသည်မှာ -

إنّما سمّیت فاطمه ((فاطمه)) لأنّها فطمت هی وشیعتها وذرّیتها منّ النّار .

စကားပြေအဓိပ္ပာယ် -

 " ဖွာတွေမဟ် (စ.အ) အား ဖွာတွေမဟ် (စ.အ) ဟုမှည့်ခေါ်ရသည့် အကြောင်းမှာ သူမ နှင့် သူမ၏ ရှီအဟ်(နောက်လိုက်နောက်သားများ)သည်ဂျဟန္နမ်(ငရဲဘုံ)မှလုံခြုံမှုရထားသည့်အတွက်ကြောင့် ပင်တည်း ။"

ရည်ညွှန်း -   ဒါလာအေလိုလိုလ်အအင်န်မဟ် စာမျက်နှာ ၁၄၈ ၊ဟဒီးစ်တော်  ၅၇

သတိပြုစရာ နှင့် အရေးအကြီးဆုံးအချက်သည်ကား - သခင်မကြီး (စ.အ) ကိုယ်တိုင်က မိမိ၏ ရှီအဟ်  (နောက်လိုက်နောက်သား ) အဖြစ်လက်ခံမှ သာ တန်ဖိုးရှိပေသည်။ သို့မဟုတ်ပါက ရင်လေး စရာပင်တည်း …

ကျွန်တော်တို့ အားလုံးကို မြတ်အလ္လာဟ် မှ သခင်မကြီး (စ.အ)၏ စစ်မှန် သစ္စာ ရှိ(သည့် ရှီအဟ် (နောက်လိုက်နောက်သား ) ဖြစ်နိုင်စွမ်း၊စွမ်းအား ပေး သနား တော်မူ ပါစေ။သခင်မကြီး (စ.အ) ဖက်မှလည်း ဤကဲ့သို့ အရည် အသွေး စွမ်းအား မြတ် အလ္လာဟ် ချီးမြှင့်ပေး သနားတော်မူရန် အသနားခံပေး တော်မူပါစေလို မြတ်ဆု ဒိုအာ တောင်းလိုက်ရပါသည်။

အေမာမ် အလီ (အ.စ) မိန့်တော်မူသည်မှာ -

فوالله .... لا أعضبتنی و لا عصت لی أمرا ولقد کنت أنظر إلیها فتکشف عنّی الهموم والأحزان .

စကားပြေအဓိပ္ပာယ် -

" မြတ်အလ္လာဟ် ၏ ကစမ် … ဖွာတွေမာ (စ.အ) သည် ကျွန်ုပ်အားအမျက်ဒေါသထွက်အောင် မလုပ်ခဲ့သလို ကျွန်ုပ် အမိန့် ကိုလည်း မဖီဆန်ခဲ့ချေ။ဖွာတွေမာ (စ.အ) ၏ ဇေယာရသ်(တွေ့ဆုံမှု) ကြောင့် ကျွန်ုပ်၏ သောကဒုက္ခ ၊ဝေဒနာ အားလုံး ဝေးကွာ သွားခဲ့ပေသည် ။ "

ရည်ညွှန်း - ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၄၃ ၊ စာမျက်နှာ ၁၃၄

 

အေမာမ် ဟစန် (အ.စ) မိန့်တော်မူသည်မှာ -

کلّ ما فی کتاب الله عزوجلّ (( إنّ الأبرار ... )) فوالله ماأرادبه إلاعلی بن أبی طالب و فاطمه وأنا والحسین لأنا نحن أبرار بآبائنا وامّهاتنا و قلوبنا علت بالطّاعات والبرّ وتبرأت من الدنیا و حبّها و أطعنا الله فی جمیع فرائضه وآمنّا بوحدانیّته وصدّقنا برسوله .

စကားပြေအဓိပ္ပာယ် -

"  မြတ်အလ္လာဟ် အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် တွင် အဗ်ရာရ် ဆိုသည့် စကားလုံးကို သုံးတော်မူတိုင်း ဆိုလိုချက်မှာဟဇရသ်အလီအေဗ်နေအဘီသွာလစ်ဗ်(အ.စ) ဟဇရသ် ဖွာတွေမာ (စ.အ) ၊ကျွန်ုပ်နှင့် ဟဇရသ် ဟိုစိုင်း (န) (အ.စ) ဖြစ်ပါသည်။  အကြောင်းမှာ နေကီ (ခ) ကောင်းမှု ကုသိုလ် သည် ကျွန်ုပ်တို့ ၏ အဖေများ (ဘိုးဘေး…) နှင့်အမေများ (အဖွား …) တို့ဖက်မှ ရလာသည့် အမွေအနှစ် ဖြစ်ပေသည် ။ ကျွန်ုပ်တို့၏နှလုံးသားသည် ကောင်းမှု ကိုသိုလ် အတွက် ဖြစ်ပြီး မြတ်အလ္လာဟ်၏ အမိန့်တော် မြေဝယ်မကျနာ ခံ မှု ကြောင့် ကျွန်ုပ်တို့ ၏ မအ် ရေဖသ် အဆင့်မှာ မေအ်ရာဂျ် အဆင့် ဖြစ်နေပေသည်။ကျွန်ုပ်တို့၏ နှလုံးသား သည်လောကနှင့်လောကရှိ အရာများကို တပ်မက်မှု မရှိချေ ။ ကျွန်ုပ်တို့အနေဖြင့် မြတ်အလ္လာဟ် ၏ အမိန့်တော်များ (အားလုံး)ရှေ့ ဝယ် ဦးညွတ် မြေဝယ်မကျနာခံပြီး မြတ်အလ္လာဟ် ပြဌာန်းထားသည့် ဝါဂျစ်ဗ် မပြုမနေရ တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်ပေသည်။ပြီးနောက် မြတ်အလ္လာဟ် တစ်ဆူတည်း တစ်ပါး တည်း ဖြစ်ကြောင်းကို သက်သေခံပြီး မြတ်အလ္လာဟ်၏ရစူလ် (ဆွ) ကို (အပြည့်အဝ) ထောက်ခံ ပါ သည်။ "

ရည်ညွှန်း  - ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၂၄ ၊ စာမျက်နှာ ၃

****************************************************************

END / 251