အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၈ ဇန်နဝါရီ ၂၀၂၄

၂၀:၃၁:၃၈
1427781

ဆွာလေဟိုလ်မိုအ်မေနီ အကြောင်း တစေ့ တစောင်း

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ အကောင်းတကာအကောင်းဆုံး မိုအ်မင်များ သို့မဟုတ် ကောင်းမြတ် သည့်မွန်မြတ်သည့် အလုပ်များကိုသာလုပ်ဆောင်ကြသည့် မိုအ်မင်များဖြစ်ပါ တယ်။ စူရဟ် သဇဲဟ်ရီးမ် ၏ စတုတ္တ ‌ မြောက်အာယာသ်တော် မှ ကောက်နုတ် ထားခြင်းဖြစ်ပါ တယ်။ ဤအာယသ်တော် တွင် ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ် ၊ ဂျီဘရာအီးလ် (အ.စ) နှင့်အခြား သော ကောင်းကင်တမန်များနှင့် အတူ အစ္စလာမ့် ၏ တမန်တော်မြတ် မြတ် (ဆွ) အား ထောက်ခံ အား ပေးသူအား မိတ်ဆက်ပေးထားခြင်းဖြစ်ပါ တယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ အကောင်းတကာအကောင်းဆုံး မိုအ်မင်များ သို့မဟုတ် ကောင်းမြတ် သည့်မွန်မြတ်သည့် အလုပ်များကို သာလုပ်ဆောင်ကြသည့် မိုအ်မင်များဖြစ်ပါ တယ်။ စူရဟ် သဇဲဟ်ရီးမ် ၏ စတုတ္တ ‌ မြောက်အာယာသ်တော် မှ ကောက်နုတ် ထားခြင်းဖြစ်ပါ တယ်။ ဤအာယသ်တော် တွင် ဆွာလေဟိုလ်မိုအ်မေနီ  ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ်  ၊ ဂျီဘရာအီးလ် (အ.စ) နှင့်အခြား သော ကောင်းကင်တမန်များနှင့် အတူ အစ္စလာမ့် ၏ တမန်တော်မြတ် မြတ် (ဆွ) အား  ထောက်ခံ အား ပေးသူအား မိတ်ဆက်ပေးထားခြင်းဖြစ်ပါ တယ်။  

သဖ်စီးရ် ပညာရှင်များအနေဖြင့် အာယသ်တော် ဆွာလေ ဟိုလ်မိုအ် မေနီ ကျရောက်ရသည့် သက်သေ မှာ တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော် အချို့ မှ ကိုယ်တော် မြတ်(ဆွ) အား နှောင့်ယှက် ၊ ဒုက္ခဖြစ် စေသည့်အတွက်ကြောင့် ကျရောက်လာခြင်းဖြစ်သည်ဟု ဆိုထား ပါ တယ်။  ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ်အနေဖြင့် ဤအာယသ်တော်ကိုကျပေးပြီး ပြစ်တင်ရှုတ် ချတော် မူခဲ့ ပြီး၎င်းတို့၏ အပြုအမှု အတွက် သောင်ဗဟ် ပြုရန် မိန့်ဆိုထားတော်မူပါ တယ်။

အချို့ သဖ်စီးရ်ပညာရှင်များ အနေဖြင့် ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည် စကားလုံးသည် တစ်ခုကိန်း အတွက် ဖြစ်ပြီး မတ်စ်သက်(ခ) သက်ဆိုင်ပတ်သက်မှု တစ်ဦးတစ်ယောက်အတွက်ဖြစ်သည်ဟုဆိုကြပါသည်။ အခြား သဖ်စီးရ် ပညာရှင်များ အနေဖြင့် ဆွာလေဟိုလ်မိုအ်မေနီ အား အစ်မေဂျင်စ် (اسم جنس)  ဖြစ်ပြီး သီလ၊သမာဓိ (ခ)(သက္က်ဝါး) ရှိသည့် မွတ်စလင်မ် များအားလုံး ရည်ညွန်း ခြင်း ဖြစ်သည်ဟု ဆိုထားပါသည်။ရှီအဟ် သဖ်စီးရ် ပညာရှင်များ ၏ အမြင်အရ အေမာမ်အလီ (အ.စ) အား တစ်ခုကိန်း အတွက် ဖြစ်ပြီး မွတ်စလင်မ်များ အားလုံး ဆိုသည်ထက် ပိုမို၍ ကောင်း မွန်ကြောင်း ဖြစ်ပါသည်။ ပထမရှုထောင့် ဖြစ်သည့် တစ်ခုကိန်း အတွက် သက်သေ အထောက်အထား မှာ ရှီအဟ်၊စွန်နီ ကျမ်းကိုးများ တွင် လာရှိသည့် ရီဝါယသ်တော် များဖြစ်ပါသည်။ ဆင့်ပြန်ချက် လာရှိပါ သည်။ အေမာမ်အလီ (အ.စ)သည် အစ်ဆ်မသ် (အပြစ်မဲ့ခြင်း ) နင့် ထိုက်တန်သည့် အရည်အချင်းများ၏ ပိုင်ရှင်ဖြစ်သည့် အတွက်ကြောင့်  တစ်ဦးတည်းသော ဆွာလေ ဟိုလ်မိုအ် မေနီနှင့် သက်ဆိုင် သူတိုက်တန်သူ ကိုက်ညီသူ ဖြစ်ကြောင်း သတ်မှတ်ထားကြပါ တယ်။

အချို့စွန်နီ သဖ်စီးရ် ပညာရှင်များ အနေဖြင့် ပထမခလီဖွာနှစ်ပါး အား ၎င်းတို့၏သမီးတော်  နှစ်ပါး (ဟဇရသ် အာအေရှဟ် နှင့် ဟဇရသ်ဟဖ်ဆဟ် ) တို့မှ ကိုယ်တော်မြတ်(ဆွ) အား  နှောင့်ယှက် ၊ ဒုက္ခဖြစ် စေသည့် အတွက်ကြောင့် ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာပထမခလီဖွာ နှစ်ပါး (အဘူဘကဲရ်နှင့်အိုမရ် )ဖြစ်သည်  ဟုခံ ယူထား ကြပါ တယ်။  သို့သော် ပထမခလီဖွာ နှစ်ပါး အတွက် သီးသန့် မဟုတ်ကြောင်း ဆိုကြပါ တယ်။

ဆိုလိုချက် ၊ယူဆချက် ကိုလေ့လာ ကြည့်မည်ဆိုလျှင်

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ အကောင်းတကာအကောင်းဆုံး မိုအ်မင်များ သို့မဟုတ် ကောင်းမြတ် သည့် အလုပ်များကိုသာလုပ်ဆောင်ကြသည့် မိုအ်မင်များဖြစ်ပါ တယ်။ အချို့ သဖ်စီးရ် ပညာရှင်များ အနေဖြင့် ဆွာလေဟ် ဆိုသည့် စကားလုံးသည် အရဘီ သဒ္ဒါ အရ အစ်‌မေဂျင်စ် (اسم چنس) ဖြစ်ကြောင်းဆို ထားပါ တယ်။ ကောင်းမွန်သည့် အလုပ်များလုပ်ဆောင်သည့် သက္က်ဝါးအ် ရှိသူများ အီမာန် အပြည့် အဝရှိသူ များ အားလုံး နှင့်သက်ဆိုင်ကြောင်း လက်ခံထားကြပါ တယ်။

အခြားတစ်ဖက်တွင် လည်း ဆွာလေ ဟိုလ်မိုအ်မေနီ အများ နှင့်ဆိုင်သည်ဆိုသည့် သဘောကို ငြင်းပယ်ပြီး ဤစကားလုံးသည် လူတစ်ဦးတည်း အတွက်သာ အသုံးပြုနိုင်သည်ဟု ယုံကြည်ကြပါ တယ်။ အလာမဟ် သွဗာသွဗာယီ ၏ အဆိုအရ «  ဆွာလေဟိုလ်မိုအ်မေနီ » ၏ အဓိပ္ပာယ်မှာ « အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် » မဟုတ် ကြောင်း ဆိုထားပါသည်။  ဒုတိယ စကားစုဖြစ်သည့် « အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် »  တွင် ဆွာလေဟ် ဆိုသည့် စကားလုံးထိပ်တွင် အလစ်ဖ် နှင့်လာန်မ် ထိပ်တွင် လာရှိသည့် အတွက် အစ်‌မေဂျင်စ် (اسم چنس)ဖြစ်ပြီး  အားလုံး နှင့်သက်ဆိုင်သည့် သက်သေပြနေကြောင်း « အလ်ဆွာ လေဟို မင်န်နလ်မိုအ်မေနီးန် » ဆိုလျှင် ဂျင်စ်စီယသ် နှင့်အများ နှင့်သက်ဆိုင်မှု ကို မပြုဆိုကြောင်း ဆိုထားပါ တယ်။

 

အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် အာယသ်တော် လေ့လာကြည့် မည်ဆိုလျှင်

အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် အား ဤ အာယသ်တော်မှ ကောက်နှုတ်ထား ခြင်း ဖြစ်ပါသည်။ «إِن تَتُوبَا إِلَی اللهِ فَقَدْ صَغَتْ قُلُوبُکمَا ۖ وَإِن تَظَاهَرَ‌ا عَلَیهِ فَإِنَّ الله هُوَ مَوْلَاهُ وَجِبْرِ‌یلُ وَ صَالِحُ الْمُؤْمِنِینَ ۖ وَالْمَلَائِکةُ بَعْدَ ذَٰلِک ظَهِیرٌ‌؛ အဓိပ္ပာယ် အကယ်၍အသင်မတို့ (အမျိူးသမီး နှစ်ဦး ) အလ္လာဟ်ဟိုအရှင်မြတ်ထံ ဝယ်သောင်ဗဟ် (ခ)ဝန်ချတောင်းပန်)ပါ လေ။ (ပိုကောင်းလေ၏။)အမှန်တကယ် အသင်မတို့ နှစ်ဦး ၏ နှလုံးသားများ သည် လွဲချော် သွားခဲ့ချေပြီး။ အကယ်၍ အသင်မတို့ နှစ်ဦးသည် သူ(တမန်တော်မြတ်(ဆွ) )အားဆန့်ကျင်ဘက် ကူညီကြမည်။ အမှန်တကယ် အလ္လာဟ်ဟို အရှင်မြတ်ကိုယ်တိုင် သူ(တမန်တော်မြတ်(ဆွ)) အား ဘက်စုံ အုပ်ထိန်း စောင့်‌ ရှောက် တော်မူ သည့် အရှင်ဖြစ်ပါသည်။ပြီးနောက် ဂျီဘရာအီးလ် (အ.စ) ၊ အကောင်းတကာ အကောင်းဆုံး မိုအ်မင်များ သည်လည်း ဘဲ သူကို ကူညီသူများ ဖြစ်ကြပါ တယ်။ ပြီးနောက် ကောင်းကင်တမန်များ သည်လည်းဘဲ   သူ(ကိုယ် တော်မြတ်(ဆွ) အား ကူညီထောက်ခံသူများ ဖြစ်ကြ ပေလိမ့် မည်။ ဤသို့ဖြင့် ဖော်ပြပါ အာယသ်တော် အား ဆွာလေဟိုလ်မိုအ်မေနီ အဖြစ်ခေါ်ဆိုပါ တယ်။

အာယသ်တော် ကျရောက်ရသည့် အကြောင်းခံ လေ့လာကြည့်သည့်အခါ

ဆွာလေဟိုလ်မိုအ်မေနီ အာယသ်တော် ကျရောက်ရသည့် အကြောင်းခံ နှင့်ပတ်သက်ပြီးရီဝါယသ်တော်များ ဆင့်ပြန်လာရှိပါသည်။ တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော် အချို့ မှ ကိုယ်တော်အား နှောင့်ယှက် ၊ ဒုက္ခဖြစ် စေသည့်အတွက်ကြောင့် ကျရောက်လာခြင်းဖြစ်သည်ဟု ဆိုထား ပါ တယ်။ ရီဝါယသ်တော်များ ၏ အဆိုအရ တမန်တော်မြတ်(ဆွ) သည် မိမိ၏ကြင်ယာတော် တစ်ပါးထံသို့ သွားခဲ့ပါ တယ်။ ပျားရည်အချို့ ကို စားသောက်တော်မူထားပြီး အချိန်အတော်ကြာအောင် နေတော်မူခဲ့ပါသည်။ဟဇရသ်အာအေရှာ အနေဖြင့် အချို့ ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ နှင့်ပေါင်းပြီး အစီအစဥ်ပြုလေ၏။

ထိုအစီအစဥ် မှာ ဤပျားရည် အား အနံ့ဆိုးသည်ဟု အကြောင်း ပြပြီး တမန်တော်မြတ်(ဆွ) ၏ အနီး မသွားရန် ဖြစ်ပါသည်။ ဤအစီအစဥ်ကြောင့် တမန်တော်မြတ် (ဆွ) သည် မိမိအတွက် ပျားရည် စားခြင်းအား ဟရာမ် လို့ သတ်မှတ်လိုက်လေသည်။ အချို့ ရီဝါယသ်တော်များ တွင် လာရှိသည်မှာ တမန်တော်မြတ် (ဆွ) သည်မိမိကြင်ယာတော် များ အနီးသို့ မသွားတော့ဘဲ နောက် ဆုံးသွာလါက်(ကွာရှင်းပြတ်စဲခြင်း) ပြုရန်အထိ ဆုံး ဖြတ်ခဲ့သည်ဟု ဖြစ်ပါသည်။ အချိန်အတန်ကြာပြီးနောက် စူရဟ် သဇဲဟ်ရီးမ် ၏ အာယသ်တော်များ ကျရောက်ခဲ့ပါသည်။ တမန်တော်မြတ် (ဆွ) အား ဟလာလ် ဖြစ်သည့် အရာများကိုဟရာမ် ပြုခြင်း မပြုရန် တားမြစ်တော်မူခဲ့ပါ တယ်။

ဤ အာယသ်တော် တွင် တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော် အားကိုယ်တော်မြတ် (ဆွ) အား နှောင့်ယှက် ၊ ဒုက္ခ ဖြစ် စေသည့် အတွက်ကြောင့် သောင်ဗဟ် (ဝန်ချတောင်းပန်) ရန် ပြောကြားထားပါသည်။ ၎င်းတို့အား သတိပေး မိန့်ကြားလေ၏။

အကယ်၍ ၎င်းတို့သည် တမန်တော်မြတ်အား နှောင့် ယှက် ဒုက္ခပေးရန် တွန်းအား ပြုမည်ဆိုလျှင်  အလ္လာဟ်ဟို အရှင်မြတ် သည် တမန်တော်မြတ်(ဆွ) ၏ ဝလီ နှင့် ဘက်စုံ အုပ်ထိန်းသူ ဖြစ်ကြောင်း ၎င်းပြင် ကိုယ်တော်မြတ်(ဆွ) အား ခြိမ်းခြောက်သည့် မည်သည့် အန္တရာယ်မျိုး တွင်မဆို ပြုလာမည်ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ်သည် ကိုယ်တော် ဘက်  မှ ရပ်တည် ကူညီမည် ဖြစ်ကြောင်း အလ္လာဟ်ဟို အရှင်မြတ်  ၊ ဂျီဘရာအီးလ် (အ.စ) နှင့် ဆွာလေဟိုလ် မိုအ်မေနီ (အကောင်း တကာအကောင်းဆုံး မိုအ်မင်များ) နှင့် အခြား ကောင်းကင်တမန်များသည်  တမန်တော် မြတ် မြတ် (ဆွ) အား  ထောက်ခံအား ပေးသူကြမည့်သူ များ ဖြစ်ကြောင်းဖြစ်ပါ တယ်။

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ မည်သူဖြစ်ပါသနည်း?

ရှီအဟ်သဖ်စီးရ် ပညာရှင်အများအပြားသည် အေမာမ် အလီ (အ.စ) အား ဆွာလေဟိုလ်မိုအ်မေနီ အတွက်ကိုက်ညီသူ အဖြစ် လက်ခံ ထားကြပါသည်။ အလာမဟ် မဂျ်လေစီ ရှီအဟ်အာလင်မ်များ နှင့် အလာမဟ် ဟစ်လီ(12) တို့၏ အဆိုအရ သဖ်စီးရ်ပညာရှင်များ တစ်ညီတစ်ညွတ် တည်း ဆွာလေဟိုလ် မိုအ်မေနီ အတွက် ကိုက်ညီသူသည် အေမာမ် အလီ (အ.စ) ဖြစ်ကြောင်း လက်ခံ ထားကြပါ သည်။ ၎င်းအတွက် အကိုးအကား သက်သေအထောက်အထား မှာ ရှီအဟ် အရင်းအမြစ်များ နှင့် စွန်နီ အရင်းအမြစ်များမှ ရီဝါယသ်တော်များ ဖြစ်ပါသည်။ ထိုရီဝါဝသ် တော်များသည် အေမာမ် အလီ (အ.စ) တစ်ဦးတည်းကို သာလျှင် ဆွာလေဟိုလ်မိုအ်မေနီ နှင့် ကိုက်ညီသူဟု ဆိုထားကြပါသည်။ အကြောင်းအရင်းနှင့်ပတ်သက်၍ ဆွာလေဟိုလ်မိုအ်မေနီ သည် မလွဲမသွေ အကောင်းတကာ အကောင်းဆုံး မိုအ်မင် (15) ဖြစ်ရမည်။ မအ်စူမ် (ပြစ်မဲ့ ) ဖြစ်ရမည် ဖြစ်ပါသည်။ အကြောင်း မှာ ဂျီဘရာအီးလ် (အ.စ) နှင့် အခြား ကောင်းကင်တမန်များ အတူ ရှိသည်ဆို လာရှိသည့် အတွက်ကြောင့် ဖြစ်ပါ တယ်။ အလာမဟ် သွဗါသွဗာအီ သည် အေမာမ် အလီ (အ.စ) တစ်ပါးတည်း ကို သာ ဆွာလေဟိုလ်မိုအ်မေနီ အတွက်ကိုက်ညီသူ အဖြစ်လက်ခံ ထားပါ တယ်။ ဤထင်မြင်ချက်နှင့် ဆန့်ကျင်ဘက် အနေဖြင့် အခြားသော ဆွန်နီသဖ်စီးရ် ပညာရှင်များ ရှီအဟ် ပညာရှင်များ သည် ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည် မှာ ကောင်းမွန်ကောင်းမြတ်သည့် အလုပ်ကို လုပ်ကြသည့် မိုအ်မင်များ အားလုံး ၊ သက္က်ဝါးရှိသူမိုအ်မင်များ အားလုံး ၊ အီမာန် အပြည့် ရှိသညာ့် မိုအ်မင်များ အားလုံး နှင့် ကိုက်ညီကြောင်းပြောကြားထားပါသည်။ (18) ဤအချက်ကို အခြေခံပြီး ရှီအဟ် သဖ်စီးရ် ပညာရှင်ကြီးများ မှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး ၊ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ အဗ်ဒိုလ္လာဟ် ဂျဝါဒီ အာမိုလီ တို့ မှ အေမာမ် အလီ (အ.စ) အား အပြီးပြည့် စုံသော အကိုက်ညီဆုံးသောသူ သာဖြစ်ကြောင်း မိတ်ဆက် ထားပေးပါ တယ်။

စွန်နီ သဖ်စီးရ် ပညာရှင်များ မှ အာလူစီ (ကွယ်လွန် ၁၂၇၀ ဟီဂျရီ ) ဆွာလေဟိုလ်မိုအ်မေနီ နှင့် ကိုက်ညီသူများ မှာ ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် ဖြစ်ကြောင်း လက်ခံ သတ်မှတ်ထားပါသည်။ သို့သော် ဤကိုက်ညီမှုသည်  ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် အတွက်သာ သီးသန့် လာရှိခြင်း မျိုး မဟုတ် ကြောင်း ဆိုထားပါသည်။ (20) ခြောက်ရာစု ၏ စွန်နီ သဖ်စိးရ် ပညာရှင် အစ်ဘ်နေအစာကေရ် အနေဖြင့် ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် ဖြစ်ကြောင်း အမြင်ကို တင်ပြသူ ဖြစ်ကြောင်း (21) သက်သ အထောက် အထားမှာ ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် တို့ သည် ကိုယ်တော်မြတ်(ဆွ) ၏ ကြင်ယာ တော် များ ဖြစ်ကြသည့်  မိမိတို့ သမီး နှစ်ဦး ဟဇရသ် အာအေရှဟ် နှင့် ဟဇရသ် ဟဖ်ဆဟ် တို့အား ကိုယ်  တော် မြတ်(ဆွ)အား ‌နှောင့်ယှက် ဒုက္ခ ပေး ခြင်း မှာ တားမြစ် ခဲ့ကြသည့် အတွက်ကြောင့် ဖြစ်သည်ဟု ဆိုထား ပါ တယ်။

ရှိုရှ်သရီ အနေဖြင့် ဤအမြင် နှင့်ပတ်သက်ပြီး သဖ်စီးရ် ပညာရှင်များ တစ်ဉီတစ်ညွတ်တည်း မရှိဘဲ အကွဲအလွဲများ ရှိကြောင်း   « ဆွာလေ ဟိုလ်မိုအ်မေနီ » နှင့် အကိုက်ညီဆုံး ဆိုလိုသည်မှာ   « အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် » (အကောင်းတကာ အကောင်းဆုံး မိုအ်မင်များ ) ဖြစ်ကြောင်း အကြောင်း မှာ လူများစွာကို တစ်ခုကိန်း တစ်လုံးတည်းသုံးခြင်းမှာ စာပေသဒ္ဒါ စည်းမျဉ်းများကို ဆန့်ကျင်သောကြောင့် ဖြစ်ပါ သည်။ယင်းကိုအခြေခံ၍ လူတစ်ဦးတည်းသာ ဤအယူအဆ၏ အကိုက်ညီးဆုံး ဖြစ်ပါသည်။(23) ထို့အပြင်၊ ဆွန်နီရင်းမြစ်များရှိ ဟဒီးစ်တော် အချို့ကိုအခြေခံ၍ ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် သို့မဟုတ် ဟဇရသ် အုမရ် တစ်ဦးတည်း သည် ဆွာလေ ဟိုလ်မိုအ်မေနီ နှင့် အကိုက်ညီဆုံး ဖြစ်ကြောင်း ဆိုထားကြပါသည်။ (24) သို့သော် ဤ ဟဒီးစ်တော်များသည် ဇွအီးဖ် (အားနည်းသည့် ၊ မမှန်ကန်သည့်) ဟဒီးစ်တော် များ ဖြစ်ကြပါ တယ်။

 

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       Abuhian Andalsi, Muhammad bin Yusuf, Al-Bahr al-Muhait fi al-Tafsir, researched by Sedqi Muhammad Jamil, Beirut, Dar al-Fikr, 1420 AH.

2.       Alousi, Mahmoud bin Abdullah, Ruh al-Ma'ani fi Tafsir al-Qur'an al-Azeem and Al-Saba al-Mathani, Beirut, Dar al-Katb al-Alamiya, 1415 AH.

3.       Haskani, Obaidullah bin Ahmad, Evidences of Al-Tanzil for Qawam al-Tfadil, Research by Mohammad Baqer Mahmoudi, Tehran, Ministry of Guidance, 1411 AH.

4.       Seyyed Bin Tavus, Seyed Ali, Saad Al-Saud Lalnafus Manzoud, Qom, Mohammad Kazem Al-Katbi. Hawizi, Abdul Ali, Tafsir Noor al-Saghalin, researched by Hashim Rasouli Mahalati, Qom, Ismailian, 1415 AH.

5.       Khodaparast, Azam and Dezhabad, Hamed, "Comparative study of the views of foreign commentators on the example of Saleh al-Mu'minin" in the Journal of Exegetical Studies, No. 22, 2014.

6.       Siyuti, Jalaluddin, Elder al-Manthor, Qom, Marashi Najafi Library, 1404 AH.

7.       Shushtri, Qazi Nurullah, Ahqaq al-Haq and Izhaq al-Batil, Qom, Marashi Najafi Library, 1409 AH.

8.       Sadeghi Tehrani, Mohammad, Al-Furqan fi Tafsir al-Qur'an, Qom, Islamic Culture, 1406 AH.

9.       Tabarsi, Fazl bin Hassan, Majmaal Bayan, Tehran, Naser Khosro, 1372.

10.   Tabari, Muhammad bin Jarir, Jame al-Bayan fi Tafsir al-Qur'an, Beirut, Daral al-Marefa, 1412 AH.

11.   Allameh Hali, Hasan bin Yusuf, Nahj al-Haq and Kashf al-Saddeq, by the efforts of Ainullah al-Hasani Ermoi, Qom, Dar al-Hijra, 1407 AH.

12.   Allameh Hali, Hassan bin Yusuf, Menhaj al-Karamah fi Marafah al-Imamah, Mashhad, Ashura Institute, 1379.

13.   Allameh Majlisi, Muhammad Baqir, Bihar al-Anwar, Beirut, Darahia al-Trath al-Arabi, 1403 AH.

14.   Qorshi, Ali Akbar, Quran Dictionary, Tehran, Dar al-Kitab al-Islamiya, 1412 AH.

15.   Makarem Shirazi, Nasser, Tafsir al-Nashon, Tehran, Dar al-Katb al-Alamiya, 1371.

16.   Vahedi, Ali Ibn Ahmad, The Sources of the Qur'an, researched by Kamal Basiuni Zaghloul, Beirut, Dar Al-Katb Al-Alamiya, 1411 AH.

 

**************************************************************

END / 251