အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၀ ဇန်နဝါရီ ၂၀၂၄

၂၀:၃၁:၁၈
1428304

အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကပ်စည်း နည်းသူ ၏ လက္ခဏာနှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

မွန်သခဗ် သိုဟ်ဖိုအူကူလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الحسین علیه السلام:

اَلبَخيلُ مَن بَخِلَ بِالسَّلامِ .

အေမာမ် ဟိုစိုင်းန်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

“ ကပ်စည်း နည်းသူ ဆိုသည်မှာ  စလာမ်ပေး ဖို့ တွန့်တို နေသူ အား ခေါ်ဆိုပါသည်။“


ကျမ်းကိုး ။ ။ မွန်သခဗ် သိုဟ်ဖိုအူကူလ် ကျမ်း ၊ စာမျက်နှာ ၃၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိမိကိုယ်ကို စိစစ် ပြုပြုင်သင့်ပါတယ်။ စာလမ် အား ဦးအောင်ပေးနိုင်ဖို့ ကြိုးစားရမည် ဖြစ်ပါတယ်။ တစ်ချို့ က သူဌေး တွေ့လျှင် အရင် စလာမ် ပေးပြီး ဆင်းရဲသားဆိုလျှင် စလာမ် စမပေးဘဲ တစ်ချို့ ဆိုလျှင် ဆင်းရဲသား က စလာမ် ပေးလာလျှင်လည်း ယူချင်သလို မယူချင်သလို လုပ်ကြပါတယ်။ တစ်ချို့ က ငါက အကြီး ၊ ငါက မောင်လာနာ  ၊ ငါက ဇာကေရဟ် ၊ငါက ဥက္ကဋ္ဌ ငါက ဘာညာ ဒါကြောင့် အရင် ဘာကြောင့် စလာမ်ပေး ရမှာလို့ဟု ဆိုပြီး စလာမ် အပေး ကို  စောင့်နေတတ်ကြပါတယ်။ စလာမ် ပေးခြင်း မွတ်စ်သဟဗ် ဖြစ်ပြီး စလာမ် ယူသည်ထက် ဆဝါးဗ် ပိုများကြောင်း  စလာမ် ယူရန် မှာ ဝါဂျစ်ဗ် ဖြစ်ပြီး ပေးသူထက် ဆဝါးဗ် နည်း ကြောင်း ကို သိထားရပါမည်။ ပြီး နောက် တရားတော် အရ စလာမ် ဆိုင်ရာ  စည်းမျဉ်း စည်းကမ်း များ ကိုလည်း လေ့လာ မှတ်သားထားသင့်ပါတယ်။

****************************************************************

END / 251