အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၀ ဇန်နဝါရီ ၂၀၂၄

၂၀:၃၂:၀၄
1428305

ဟေဂျာဗ် အကြောင်း တစေ့ တစောင်း လေ့လာ ကြပါစို့

ဟေဂျာဗ် ဆိုသည်မှာ မဲဟ်ရမ် မဟုတ်သည့် အမျိုးသားတစ်ဦး၏ ရှေ့တွင် အမျိုးသမီး တစ်ဦး(၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့) ကို ဖုံးအုပ်ထားခြင်းကိုခေါ်ဆိုပါတယ်။ ဖေက်(ဓမ္မသတ်)ပညာရှင်များ နှင့် အခြားသော မွတ်စလင်မ်ပညာရှင်များ၏ အဆိုအရ ဟေဂျာဗ် သည် မပြုမနေရ တာဝန်ဝတ္တရားများထဲမှ တစ်ခုဖြစ်ပြီး အစ္စလာမ့်ဘာသာတရားနှင့် မဇ်ဟဗ် အတွက် မရှိမဖြစ်လိုအပ်အရေးကြီးသည့် အရာများ မှ တစ်ခုဖြစ်ပါသည်။ထိုပြင် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယတ်တော်များ နှင့် အေမာမ် များ(အ.စ) ၏ ဟဒီးစ်တော်များ တွင် ဟေဂျာဗ် ဝါဂျစ်ဗ် (မပြုမနေဖြစ်မှု) နှင့် အရေးကြီးမှုကို အလေးပေးထားပါတယ်။ ဤအတွက် ဟေဂျာဗ် အကြောင်း အနည်းငယ် လေ့လာ ကြပါမည်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟေဂျာဗ်  ဆိုသည်မှာ မဲဟ်ရမ် မဟုတ်သည့် အမျိုးသားတစ်ဦး၏ ရှေ့တွင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့  ကို ဖုံးအုပ်ထား ခြင်းကို ခေါ်ဆိုပါတယ် ။

အစ္စလာမ့် ဓမ္မသတ် ပညာရှင်များ နှင့် အခြားသော မွတ်စလင်မ်ပညာရှင်များ၏ အဆိုအရ ဟေဂျာဗ် သည် မပြုမနေရ တာဝန်ဝတ္တရားများထဲမှ တစ်ခုဖြစ်ပြီး အစ္စလာမ့်ဘာသာတရားနှင့် မဇ်ဟဗ် အတွက် မရှိမဖြစ်လိုအပ်အရေးကြီးသည့် အရာများ မှ တစ်ခုဖြစ်ပါသည်။ထိုပြင် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယတ်တော်များ နှင့် အေမာမ် များ(အ.စ)  ၏ ဟဒီးစ်တော်များတွင် ဟေဂျာဗ် ဝါဂျစ်ဗ် (မပြုမနေဖြစ်မှု) နှင့်  အရေးကြီးမှုကို အလေးပေးထားပါတယ်။

အမျိုးသမီးများ သည် မဲဟ်ရမ် မဟုတ်သူ နာမဲဟ်ရမ် များရှေ့တွင် ဟေဂျာဗ် ၀တ်ဆင်ရန် ဝါဂျစ်ဗ် ဖြစ်ကြောင်း ဖေက်(ဓမ္မသတ်)ပညာရှင်များက တစ်ညီတစ်ညွတ် တည်းဆိုထားကြပါတယ်။သုတေသီအချို့က ဤ စီရင်ချက် (ဟေဂျာဗ် ဝတ်ရန်ဝါဂျစ်ဗ် ဖြစ်ခြင်း)  ၏ အကျိုးကျေးဇူးများကို ဖော်ပြခဲ့ပါတယ်။

။ပမာအားဖြင့် စိတ်အေး ချမ်းသာမှု၊ မိသားစုနှောင်ကြိုး၏ ခိုင်ခံ့မှု၊ ရပ်ရွာတည်ငြိမ်မှုနှင့် အမျိုးသမီးများအပေါ် တန်ဖိုး ထားမှု နှင့် လေးစားမှုတို့ ပါဝင်တယ်။

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံတွင် ဟေဂျာဗ် ကိစ္စ နှင့်ပတ်သက်၍ ပညာနည်းကျ ဆွေးနွေးမှုသည် ခေတ်သစ်ကမ္ဘာကို နိဒါန်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုတို့နှင့်အတူ တပြိုင်နက်တည်း ပေါ်ပေါက်လာသည်ဟု ဆိုပါသည်။ ဟေဂျာဗ် ကို ရှာဖွေတွေ့ရှိမှုနှင့်အတူ၊ ဟေဂျာဗ်ကိစ္စ သည် ဘာသာရေးကိစ္စ သက်သက်မှ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖြစ်စဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟေဂျာဗ် နှင့်ပတ်သက်သည့် ပညာနည်းကျ လက်ရာအများစုကို ဤခေတ်တွင်  နောက်ပိုင်းကာလများထက် ပိုမို ရေးသားခဲ့ကြပါတယ်။

အီရန်နိင်ငံ ၏ အစ္စလာမ်မစ်  တော်လှန်ရေး အပြီးတွင် မဝတ်မနေရ ဟေဂျာဗ် ကိစ္စကို ပေါ်ပေါက်လာခဲ့ပြီး အီရန်သက္ကရာဇ် ၁၃၆၀ ခုနှစ် ခရစ် သက္ကရာဇ် ၁၉၈၁ ခုနှစ်တွင် ဟေဂျာဗ် မ၀တ်ဆင်ခြင်းကို ဥပဒေကို ချိုးဖောက်မှု အဖြစ် သတ်မှတ်ပြဋ္ဌာန်း ခဲ့ပါတယ်။

အီရန်ပြက္ခဒိန်တွင် ဟေဂျာဗ် မဝတ်ရခြင်း ကို ဆန့်ကျင်သည့် မရှ်ဟဒ် ပြည်သူများ၏ ဆန္ဒပြမှု  နှစ်ပတ်လည်နေ့ ဖြစ်သည့် သီးရ်လ ၏ ၂၁ ရက် နေ့အား  သန့်ရှင်း စင်ကြယ်သော နေ့ နှင့် ဟေဂျာဗ် နေ့ဟူ၍ သတ်မှတ်ခဲ့ပါတယ်။

အစ္စလာမ့်ယဉ်ကျေးမှုတွင် ဟေဂျာဗ် ၏အရေးကြီးမှုကိုတင်ပြရမည်ဆိုလျှင်

ဟေဂျာဗ် သည် မဲဟ်ရမ် မဟုတ်သည့် အမျိုးသားတစ်ဦး၏ ရှေ့တွင် အမျိုးသမီး တစ်ဦး ဝတ်ဆင်ရန် လိုအပ်မှုသည် အရေးကြီးသော အစ္စလာမ့် ဥပဒေများ ထဲမှ တစ်ခုဖြစ်ပြီး ဤကိစ္စကို ကုရ်အာန် ကျမ်းတော်မြတ် တွင် ရှင်းလင်းဖော်ပြထားပါတယ်။

ရှီအဟ် ဓမ္မသတ် ပညာရှင်များမှ  ဟေဂျာဗ် ကိစ္စ သည် မပြုမနေရ  တာဝန်နှင့်ဝတ္တရားများထဲမှ တစ်ခုဖြစ်ပြီး ၎င်းသည် အစ္စလာမ့်ဘာသာ၏ မရှိမဖြစ်လိုအပ်သော အရာများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုကြပါတယ်။ အာယာသွလ္လာဟ်အလ်အွဇ်မာနာစေရ်မကာရေမ် မို ရှီးရာဇီး မှ အထူးသဖြင့် လက်ရှိအချိန်တွင် မွတ်စလင်မ် များနှင့် ဆက်စပ်နေသူများ အားလုံးသည် မွတ်စလင်မ် ဂိုဏ်းများ အားလုံး၏ အစီအစဉ်တစ်ခုသည် ဟေဂျာဗ် ဖြစ်ကြောင်း နားလည်သဘောပေါက် နေကြောင်း ဟေဂျာဗ် တဖြည်းဖြည်း ဆောင်ပုဒ် ညာသံ ဖြစ်လာပြီး ယင်းကို လိုက်နာကြကြောင်း ဆိုထားပါတယ်။

အစ္စလာမ့် ဓမ္မသတ် ပညာတွင်၊ ကွာရှင်းပြတ်စဲခြင်းနှင့် နေကာဟ် (ခ) လက်ထပ်ထိမ်းမြားခြင်းစသည့် အကြောင်း အရာများတွင် ဆက်လျဉ်းပြီး နဲမဲဟ်ရမ် ကို  ကြည့်ခြင်းကိစ္စတွင် ဟေဂျာဗ် အကြောင်း ပြောဆို ထား ပါတယ်။ ဖေက် ပညာနှင့် ဟဒီးစ်ကျမ်းများတွင် ဖုံးအုပ်ခြင်း၏ အဓိပ္ပာယ်ကို ရည်ညွှန်းရန် ဟေဂျာဗ် ဟူသော စကားလုံးအစား "စေသ်ရ်" ဆိုသည့် စကားလုံး ကိုအသုံးပြုထား ပါတယ်။အမျိုးသမီး များကို ဖုံးအုပ်ရန် ဟေဂျာဗ် ဟူသော စကားလုံးကို အသုံးပြုခြင်းသည် ယနေ့ခေတ်တွင် အများ အားဖြင့် တွေ့ရှိ ရသည့် အသုံးအနှုန်းဖြစ်ပါတယ်။

ဟေဂျာဗ် ၏ အဘိဓာန် အဓိပ္ပာယ်မှာ အတားအဆီးတစ်ခု၊ အရာနှစ်ခုကြားတွင် ပိုင်းခြားကာ ဖုံးအုပ်ထားသည့် အတားအဆီးတ စ်ခု ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်း ဥပဒေများကိုလေ့လာကြည့်မည်ဆိုလျှင်

မွတ်စလင်မ် ဓမ္မသတ် ပညာရှင်များ၏ အေဂျ်မအ် (ခ) တစ်ညီတစ်ညွတ်တည်း အဆို အရ အမျိုး သမီးများ သည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဆံပင်များကို မဲဟ်ရမ်မဟုတ်သော နေရာမှ ဖုံးအုပ်ရန် မဖြစ်မနေ လိုအပ်ပါ သည်။ဝါဂျစ်ဗ် ဖြစ်ပါတယ်။ အချို့သော ဓမ္မသတ် ပညာရှင်များက ဤစီရင်ချက် (ခ) ဝါဂျစ်ဗ်ဖြစ် ကြောင်းသည် ဘာသာတရား ၏ မရှိမဖြစ်လိုအပ်ချက်များနှင့်မဇ်ဟဗ် ၏ မရှိမဖြစ်လိုအပ် ချက်များ မှ ဟုဆိုထား ပါတယ်။ အမျိုးသမီးများအတွက် မဖြစ်မနေ ဝတ်ရမည် ဆိုသည့်  နယ်ပယ် (ကိစ္စ) နှင့် ပတ်သက်၍ ယေဘုယျ သဘောထား နှစ်ခု ရှိပါတယ်။

            (က)  မျက်နှာတစ်ဝိုက်နှင့် လက်ကောက်ဝတ်မှ လက်ချောင်းထိပ်အထိ ခန္ဓာကိုယ်ကို ဖုံးအုပ်ရန်မှာ (ဝါဂျစ်ဗ်) မဖြစ်မနေရဖြစ်ခြင်း ။ ။  ဥပဒေ(ဓမ္မသတ်) ပညာရှင်အများစုသည် ဤထင်မြင်ယူဆချက်ဖြင့် အပြစ်ဖြစ်နိုင်ခြေမရှိ သည့်အခါတွင် မျက်နှာနှင့် လက်များ ကို  ဖုံးထားစရာ မလိုဟု ဆိုထားပါတယ်။

            (ခ)  တစ်ကိုယ်လုံးကို ဖုံးအုပ်ရန် တာဝန် ။ ။ ဖေက်(ဓမ္မသတ်) ပညာရှင်များ’ပမာအား ဖြင့် ဖါဇေလ် မစ်က်ဒါဒ် နှင့်  နှင့် ဆယက်ဒ်အဗ်ဒိုလ်အအ်လာ စဗ်ဇဝါရီ တို့ အနေဖြင့် အမျိုးသမီးများ၏ မျက်နှာနှင့် လက်များကိုပင် တစ်ကိုယ်လုံးကို ဖုံးအုပ်ရန် ဝါဂျစ်ဗ် ဖြစ်သကဲ့သို့ ဝါဂျစ်ဗ် ဖြစ်သည်ဟု ယူဆထားကြပါ တယ်။အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မရ်အရှီးနဂျဖီး အနေဖြင့် အမျိုးသမီးများအတွက် မျက်နှာနှင့်လက်များကို ဖုံးအုပ်ခြင်း အဲဟ်သေယာသ်ွ ဝါဂျစ်ဗ် ဟုဆိုထား ပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် ကာဇင်းမ်  သွဗာသွဗာယီ ယဇ်ဒီ ( အူရ်ဝဟ်ကျမ်းရှင်) အနေဖြင့် အဲဟ် သေယာသ်ွ မွတ်စ်သဟဗ် ဟုဆိုထား ပါတယ်။

ဟေဂျာဗ် ဝါဂျစ်ဗ် ဖြစ်ကြောင်း ရှရီအီသက်သေ အထောက်အထားများကို လေ့လာမည်ဆိုလျှင်

 

ဟေ‌ဟေဂျာဗ် ဝါဂျစ်ဗ် ဖြစ်ကြောင်း သက်သေပြရန် ဖေက်(ဓမ္မသတ်) ပညာရှင်များမှ ကိုးကားထား သက်သေ ထူထား ချက်များ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

(၁) ကျမ်းတော်မြတ် ကုရ်အာန်

စူရဟ် နူးရ် ၏ အာယသ်တော် အမှတ် ၃၁ နှင့် စူရဟ် အဲဟ်ဇာဗ် ၏ အာယသ်တော် အမှတ် ၅၉ တို့သည်  အမျိုးသမီးများအတွက် ဟေဂျာဗ် နှင့် ဖုံးအုပ်ရန် ဝါဂျစ်ဗ် ဖြစ်ကြောင်းကို သက်သေထူ ရန်  အရေးအကြီးဆုံး အထောက်အထားအာယသ်တော်များဖြစ်ကြောင်း မွတ်စလင်မ် ဓမ္မသတ်ပညာရှင်များကဆိုထားကြပါ တယ်။ တယ်။ အာယာသွလ္လာဟ်အလ်အွဇ်မာနာစေရ်မကာရေမ် မို ရှီးရာဇီး ၏ အဆိုအရ ကုရ်အာန်၏ အနည်းဆုံး အာယသ်တော် ခြောက်ပါး သည်  နာမဲဟ်ရမ် များ၏ ရှေ့တွင် အမျိုးသမီးများအတွက် ဟေဂျာဗ် ဝတ်ရန်  ညွှန်ပြနေကြောင်းဖြစ်ပါ တယ်။

 

(၂)ဟဒီးစ်တော်များ

 နာမဲဟ်ရမ် များ၏ ရှေ့တွင် အမျိုးသမီးများအတွက် ဟေဂျာဗ် ဝတ်ရန် လိုအပ်ကြောင်းကို ပြညွှန်းနေ သည့် သဝါသိုလ်ဟဒီးစ်များ လာရှိကြောင်းဆိုထားပါ တယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမ် မို ရှီးရာဇီး မှ သည် ဤဟဒီးစ် တော်များအားလုံးကို အုပ်စုခုနစ်စု ခွဲခြားထားပြီး၊ အချို့မှာ အောက်ပါ အတိုင်း ဖြစ်ပါ တယ်။

            (က)စူရဟ်နူးရ် အာယသ်တော် အမှတ် ၃၁ တစ်စိတ်တစ်ပိုင်း  ဖြစ်သည့်   «وَلَا یُبْدِینَ زِینَتَهُنَّ إِلَّا مَا ظَهَرَ مِنْهَا  » (အဓိပ္ပာယ် -ယုံကြည်သူအမျိုးသမီးတို့အား ပြောပါ။ မိမိတို့၏ ထင်ရှားစွာဖော်နေသည် လှပမှုများ မှအပ အခြားအလှအပများကို မပြသပါလေနှင့်    အား ကိုရှင်းပြသည့် ဟီးဒီးစ်တော်များ ဖြစ်ပါ တယ်။ ဤဟဒီးစ်တော်များ(ရေဝါယသ်တော်များ) အရ၊ အာယသ်တော်တွင် သိသာထင်ရှားသော အလှဆင်ခြင်း၏ အဓိပ္ပါယ်မှာ မျက်နှာနှင့် လက်များ ၊ လက်ချောင်းထိပ်များမှ လက်ကောက်ဝတ်အထိ ဖြစ်ပြီး မျက်နှာ နှင့် လက် မှလွဲ၍ အခြားနေရာများကို ဟေဂျာှဗ် ဖြင့် ဖုံးထားရန် လိုအပ်သည်ဟု ယူဆထားပါ တယ်။

            (ခ) စူရဟ်နူးရ်၏ အာယသ်တော် အမှတ်  ၆၀ ကို ရှင်းပြရန်လာရှိချက် ဖြစ်ပါသည်။ ထိုရှင်းလင်းချက် တွင် ၎င်းတို့နှင့် လက်မထပ်လိုသော သက်ကြီးရွယ်အိုအမျိုးသမီးများ (القواعد من النساء) အတွက် ဦးခေါင်းပဝါ (ပဝါ) ကို ဖယ်ရှားခြင်းအား ခွင့်ပြုထားပါသည်။(25) ထို့ကြောင့် ဤအမျိုးသမီးများမှလွဲ၍ အခြား အမျိုးသမီးများ သည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဆံပင်များကို ဖုံးအုပ်ရန် ဝါဂျစ်ဗ် ဖြစ်ပါ တယ်။

            (ဂ) ကျွန်မိန်းကလေးများ၏ ဟေဂျာဗ် နှင့်ပတ်သက်ပြီး မေးမြန်းထားသည့် ဟဒီးစ်တော်များဖြစ်ပြီး အဖြေမှာ၎င်းတို့၏ ဟေဂျာဗ် အား အတိုင်း အတာ အနည်းငယ် လွတ်လပ်ခွင့် ကိုပေးထားကြောင်း ဖြစ်ပါသည်။(27) ဤဟဒီးစ်တော် များတွင် ခြွင်းချက် မောင်းမမိဿံများ၏ ဟေဂျာဗ်  အား မေးခွန်းထုတ်ထား ခြင်းဖြစ်ပါသည်။ ဤသို့ဖြစ် ဟေဂျာဗ် သည် အမှန်တကယ် ဝတ်ရမည်မှာ ဝါဂျစ်ဗ် မပြု မနေရ ဖြစ်ကြောင်း ဖြစ်ပါ တယ်။

            (ဃ)မိန်းကလေးများသည် အပျိုဖော်ဝင်စမှစ၍ ၎င်းတို့၏ ဟေဂျာဗ်  ၀တ်ဆင်ရမည့် ဖြစါကြောင်း နှင့် မိမိကိုယ်ကို နာမဲဟ်ရမ်များ မှ ဖုံးကွယ်ရမည့် အကြောင်းလာရှိသည့် ဟဒီးစ်တော်များ ဖြစ်ပါ တယ်။ ဤဟဒီးစ်တော် များတွင် အမျိုးသမီးများ နှင့် မိန်းကလေးများအတွက် ဟေဂျာဗ် ဝတ်ဆင်ရန် လိုအပ်ကြောင်း ကို ထိုအချိန်ကတည်းက ဆွေးနွေးခဲ့ကြပြီးဖြစ်ပါသည်။ဤသည်  ဟေဂျာဗ် ကိစ္စသည်  မူလအစကတည်းက ဝါဂျစ်ဗ် ဖြစ်ကြောင်း ပြသနေပါ တယ်။

အစ္စလာမ် ဘာသာတွင်ဟေဂျာဗ် ၏ ဒဿနလေ့လာကြည့်မည်လျှင်

အာယာသွလ္လာဟ် ရှဟီးဒ် မိုရ်သဇွာ မိုသွဟေရီ နှင့် အခြားသူအချို့သည် ရှရီအီ ဟေဂျာဗ် ကို လိုက်နာရန် လိုအပ်သည့် အတွက် ဟေက်မသ် (ဆင်ခြင်တုံတရားများ)ကိုဖော်ပြခဲ့ကြပါ တယ်။  အချို့မှာ အောက်ပါ အတိုင်း ဖြစ်ပါ တယ်။

(၁) စိတ်၏ငြိမ်သက်ခြင်း ။ ။ အမျိုးသားများနှင့် အမျိုးသမီးများကြား လျှို့ဝှက်ရေး ကင်းမဲ့မှုနှင့် အထိန်းအကွပ်မဲ့ ပေါင်းသင်းဆက်ဆံခြင်း၏ လွတ်လပ်မှု၊ လိင်စိတ်ခံစားမှုများနှင့် ကာမများ  နိုးကြားလာစေပြီး လိင်မှုဆိုင်ရာ တောင်းဆိုမှုအား ဝိညာဉ်ရေး အရ ငတ်ခြင်း နှင့် ပြင်းပြသော ဆန္ဒ အဖြစ်ပြောင်း လဲစေပါ တယ်။ အခြား တစ်ဖက်တွင်၊ ဤအကန့်အသတ်မရှိ လုံ့လမရှိသောဆန္ဒများသည် ဆုံးရှုံးခြင်းသဘောအရ တတ်နိုင်၍ မရနိုင် ဘဲ၊ ၎င်းကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်များနှင့် စိတ်ရောဂါများဆီသို့ ဦးတည် စေပါ တယ်။ တစ်နည်းအားဟေဂျာဗ် ဝတ်စေခြင်းဖြင့် စိတ်၏ ငြိမ်သက်မှူကို ဖြစ်စေပါ တယ်။

)၂)မိသားစုနှောင်ကြိုးကို ခိုင်ခံ့စေခြင်း ။ ။ အမျိုးသမီးများ၏ ဟေဂျာဗ် ဝတ်ဆင်ခြင်းသည် မိသား စုနှောင်ကြိုးကို ခိုင်ခံ့စေပြီး မိသားစုဗဟိုချက်ရှိ ခင်ပွန်းနှင့်ဇနီးကြားဆက်ဆံရေးကို ရင်းနှီးစေပါ တယ်။ ဖုံးအုပ်ခြင်း နှင့် ဟေဂျာဗ် ကြောင့် အိမ်ထောင်ဖက်မဟုတ်သူ နှင့် လိင်မှုဆိုင်ရာအောင်မြင်မှု မှ တားမြစ်ပေးပြီး (ဇနီးသည်နှင့်ခင်ပွန်းတို့၏) လိင်ပိုင်းဆိုင်ရာ အရသာ မိသားစုပတ်ဝန်းကျင်တွင် ခွဲဝေပေးကာ ခင်ပွန်းသည် နှင့် ဇနီးကြား နှောင်ကြိုးကို ခိုင်ခံ့စေပါ တယ်။

(၃) ရပ်ရွာ၏တည်ငြိမ်မှု ။ ။ ရပ်ရွာရှိ အမျိုးသား နှင့် အမျိုးသမီးများကြား ဆက်ဆံရေးတွင် သင့်လျော်သော ဝတ်စားဆင်ယင် မှုနှင့် လွတ်လပ်မှုကို လိုက်နာရန် ပျက်ကွက်ခြင်းသည် အိမ်တွင်း ပတ်ဝန်းကျင်မှ လိင်ပိုင်းဆိုင်ရာ သာယာမှုကို စုပေါင်းအဆင့်သို့ ယူဆောင်လာပြီး ရလဒ်အနေဖြင့် ရပ်ရွာအတွင်း ရှိ လှုပ်ရှားမှု အားများကို အားနည်းစေပါ တယ်။

(၄)အမျိုးသမီးများ၏တန်ဖိုးနှင့် လေးစားမှု ။ ။ မိုရ်သဇွာ မိုသွဟေရီ ၏အဆို အရ၊ အမျိုးသမီးတစ်ဦးသည် အစ္စလာမ်ဘာသာတွင် ပို၍ဂုဏ်သိက္ခာရှိပြီး ဖြူစင်လေဖြစ်ပြီး သူမကိုယ်သူမ ယောက်ျားများကို မဖော်ပြလေ၊သူမ၏တန်ဖိုးနှင့် လေးစားမှုလည်း တိုးလာလေဖြစ်ပါ တယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ်မကာရေမ် မို ရှီးရာဇီး၏အဆိုအရ အမျိုးသမီးတစ်ဦး၏ စရိုက်လက္ခဏာ ကျဆင်းရခြင်းမှာ ‌ဟေဂျာဗ် မဝတ်ဆင်သည့်အတွက်ကြောင်း ဖြစ်ပြီး လူ့အဖွဲ့အစည်းသည် အမျိုးသမီးတစ်ဦးကို အဝတ်ဗလာဖြင့် ၀တ်ဆင်လိုသည့်အခါတွင် သူမသည် အလှပြင်ရန် ပိုမိုတောင်းဆိုပြီး နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြသရန် လုပ်လာမည်မှာ  သဘာဝဖြစ်ကြောင်း ဤကဲ့သို့သော် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးတစ်ဦး၏ စရိုက်လက္ခဏာ သည် တန်ဖိုးမရှိသော ကုန်ပစ္စည်းတစ်ခုအဖြစ်သို့ ကျရောက်သွားပြီး သူမ၏ လူ့တန်ဖိုး များကို မေ့လျော့သွားလိမ့်မည်ဖြစ်ပါ တယ်။

 

လက်ရှိ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  တွင် ဟေဂျာဗ်ကိစ္စကို လေ့လာကြည့်မည်ဆိုလျှင်

ရစူလ် ဂျအ်ဖရ်ရီယန်း ၏ အဆိုအရ အီရန် နိုင်ငံ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုနှင့် ကမ္ဘာသစ်ကို ရင်ဆိုင်နေရသည့် တစ်ချိန်တည်းတွင် ဟေဂျာဗ် သည် စိန်ခေါ်မှု ကိစ္စ တစ်ရပ် ဖြစ်လာခဲ့ပါ တယ်။ ယင်းမတိုင်မီက၊ ၎င်းအား တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စ နှင့် ရှရီအီဆိုင်ရာ တာဝန်ဝတ္တရား တစ်ခု၏ ရှုထောင့်မှသာ ကြည့်ရှုခဲ့ကြပါ တယ်။  အထူးသဖြင့် အီရန်သက္ကရာဇ် ၁၃၂၉ ခုနှစ်မှ ၁၃၄၇ ခုနှစ်အထိ နှစ်ပေါင်း ၆၀ နီးပါးအတွင်း အီရန်တွင် ဟေဂျာဗ် နှင့်ပတ်သက်သည့် ကျယ်ပြန့်သော ပညာဆိုင်ရာ လှုပ်ရှားမှုတစ်ခု ရှိခဲ့ပါ တယ်။  ယခင်က ရှီအဟ် ပညာရှင်များကြားတွင် ဟေဂျာဗ် နှင့် တိုက်ရိုက် ပတ်သက်သော တရားစီရင်ရေးဆိုင်ရာ ဓမ္မသတ်ကျမ်းများ မရှိခဲ့ပေ။ သို့ပေမဲ့ ဤ ကာလမှာ ဟေဂျာဗ် ကာကွယ်ရေးဆိုင်ရာ ကျမ်းများ ကို အများဆုံးရေးခဲ့ကြပါတယ်။

အနောက်နိုင်ငံများ၏ လွမ်းမိုးမှုနှင့် တူရကီ နိုင်ငံ တွင် ဖြစ်ပျက်ခဲ့ ပြောင်းလဲ မှုများ ကြောင့် ရေဇာ ရှား သည်  အီရန်သက္ကရာဇ်  ၁၃၁၄ ခုနှစ် ဒေလ ၁၇ ရက်နေ့  ခရစ်သက္ကရာဇ် အားဖြင့် ၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ တွင် ဥပဒေအဖြစ် ဟေဂျာဗ် ကို ဖယ်ရှားရန် တရားဝင် အမိန့်ထုတ်ပြန်ခဲ့ပါ တယ်။ သို့သော် ရေဇာရှားဟ် ပြီးနောက် အီရန်နှင့် အီရတ်ရှိ မရ်ဂျာတော်များ နှင့် ပညာရှင်များ၏ အလေးအနက် ကြိုးပမ်းမှုကြောင့် ဟီဂျဘ်ကို ထုတ်ဖော်ပြသခြင်းဆိုင်ရာ ဥပဒေသည် ခရစ်သက္ကရာဇ် ၁၉၄၄  ခုနှစ်တွင် မဖြစ်မနေ ဟေဂျာဗ် မဝတ်ရ ဥပဒေ ကို ဖယ်ရှားခဲ့ပါ တယ်။

အီရန် ၏ အစ္စလာမ်မစ် တော်လှန်ရေး အပြီးတွင် ရုံးများတွင် အလုပ်လုပ်သော အမျိုးသမီးများ၏ ၀တ်စား ဆင်ယင်မှုဆိုင်ရာ ဆွေးနွေးမှုနှင့်အတူ ဟေဂျာဗ်အား မဝတ်မနေရ အဖြစ် ပြဋ္ဌာန်းခဲ့ပါ တယ်။  အီရန် သက္ကရာဇ် ၁၃၆၀ ပြည့်နှစ်၊ ခရစ်သက္ကရာဇ် အား ဖြင့် ၁၉၈၁ခုနှစ် တွင် အစိုးရအဖွဲ့အစည်းများ နှင့် အစိုးရ ဆက်စပ်ဝန်ကြီး ဌာနများ၏ လူအင်အား ကန့်သတ်ချက်များ ဆိုင်ရာဥပဒေ ပုဒ်မ ၁၈၀ ၏ အပိုဒ်ငါးတွင် ဟေဂျာဗ် မ၀တ်ဆင်ခြင်းကို ဥပဒေ ချိုးဖောက်မှုအဖြစ် အသိအမှတ် ပြုခဲ့ပါ တယ်။ အီရန်ပြက္ခဒိန်တွင် ဟေဂျာဗ် မဝတ်ရခြင်း ကို ဆန့်ကျင်သည့် မရှ်ဟဒ် ပြည်သူများ၏ ဆန္ဒပြမှု  နှစ်ပတ်လည်နေ့ ဖြစ်သည့် သီးရ်လ ၏ ၂၁ ရက် နေ့အား  သန့်ရှင်း စင်ကြယ်သော နေ့ နှင့် ဟေဂျာဗ် နေ့ဟူ၍ သတ်မှတ်ခဲ့ပါ တယ်။

အစ္စလာမ့်နိုင်ငံများတွင် ဟေဂျာဗ် ကိစ္စ အကြောင်း လေ့လာ ကြည့်မည်ဆိုလျှင်

ဟေဂျာဗ် သည် အစ္စလာမ်နိုင်ငံများ အသီးသီး တွင် ပုံစံအမျိုးမျိုးရှိကြပါသည်။ [44] ဥပမာအားဖြင့်၊ ရိုးရှင်း သောအနက်ရောင် ကျာဒဲရ် ကို အီရန်တွင် တရားဝင် ဟေဂျာဗ် အဖြစ် အသိအမှတ်ပြုထားပါ တယ်။ အီရန်ရှိ အမျိုးသမီး အချို့သည် အာရပ် ကျာဒဲရ်  သို့မဟုတ် အဗါကို  ၀တ်ဆင်ကြသည်။ အာရပ် ဒေသများရှိ မွတ်စ်လင်မ် အမျိုးသမီးများကြားတွင် ဤပုံစံ ဝတ်ဆင်မှုသည် ပိုမို ၍ များပြားပါ တယ်။ အိန္ဒိယ နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံများ တွင် အချို့သော မွတ်စလင်မ် အမျိုးသမီးများသည် ဟေဂျာဗ်အဖြစ်  ိုပတ္တ (အူရဒူ :  دوپَٹَّہ) ဟုခေါ်သော ရိုးရာအဝတ်အစားကို ၀တ်ဆင်ကြပါ တယ်။

ဒါပူသာ (داپوتا) သည် ရှည်လျားပြီး ခြေကျင်းဝတ်များအထိ ကြီးမားပြီး ရှည်လျားသော ဘက်စုံသုံး ပဝါတစ်ခုပါရှိသည်။ ဤ ဝတ်စုံကို ဘောင်းဘီနှင့် တွဲဝတ်လေ့ရှိပါ တယ်။ အင်ဒိုနီးရှားရှိ မွတ်စလင်မ် အမျိုးသမီးများအကြား ရိုးရာဝတ်စား ဆင်ယင်မှုမှာ အင်္ကျီတစ်ထည် သို့မဟုတ် ဂျယ်လ်ဘာဗ် ဟုခေါ်သော ချောင်လည်သည့် အဝတ် အစားဖြစ် ပါ သည်။ယနေ့ခေတ် အင်ဒိုနီးရှားရှိ ဂျယ်လ်ဘာဗ် များသည် အများအားဖြင့် ဦးခေါင်းနှင့် မျက်နှာနှင့် လက်များ မှလွဲ၍ ကျန်ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး ဦးခေါင်းနှင့်လည်ပင်းကိုလည်း ပဝါနှင့် ပဝါများဖြင့် ဖုံးအုပ်ထား တယ်။

ဘိုရ်ကအ် သည် အာဖဂန်နစ္စတန် တွင် အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသော အဝတ်အစားများထဲမှ တစ်ခုဖြစ်ပါသည်။ ဘိုရ်ကအ် ဆိုသည်မှာ ဦးခေါင်းထိပ်မှ မျက်နှာအောက်ခြေအထိ၊ မျက်လုံးများ၏ မြင်ကွင်းကို မထိခိုက်စေရန် ပိုက်ကွန် အစ ကို အသုံးပြုထားသည့် အရာ ကို ခေါ်ဆိုပါ တယ်။  ဘိုရ်ကအ် သည် တာလီဘန်အစိုးရလက်အောက်ရှိ အာဖဂန်အမျိုးသမီးများကြားတွင် အဓိကအကျဆုံးအဖြစ် သတ်မှတ် ထား တယ်။

လက်ဘနွန်ရှိ မွတ်စလင်မ် အမျိုးသမီးအချို့သည် အနက်ရောင် ကျာဒဲရ် ကို ပဝါဖြင့် ၀တ်ဆင်ကြပြီး အချို့မှာ ကျာဒဲရ် အစား ပဝါ သို့မဟုတ် မျက်နှာဖုံးပါသော အင်္ကျီရှည်ကို ၀တ်ဆင်ကြပါ တယ်။

ဟေဂျာဗ် နှင့် ပတ်သက်ပြီး ရေးသားထားသည့် စာအုပ်များကိုလေ့လာ ကြည့်မည်ဆိုလျှင်

ဟေဂျာဗ် နှင့် ပတ်သက်သော လက်ရာအချို့ ကို ရေးသားသီးကုံး ထားပြီး အချို့မှာ အောက်ပါ အတိုင်းဖြစ် တယ်။

(၁)အလ်ဟေဂျာဗ် ဗို ဖီးလ်အစ္စလာမ် ၊ အရဘီဘာသာဖြင့်   الحجاب فی الاسلام   ။ ။ မိုဟမ္မဒ် ကဝါမ် နှင့် ဝရှ်နဝီကွမ်းမီ တို့ရေးသားထားပါ တယ်။ ဤစာအုပ်အား  အီရန်သက္ကရာဇ် ၁၃၃၈ ခုနှစ် တွင် အလ်ဟေက်မဟ် ပုံနှိပ်တိုက်။ ကွမ်း မှ ပုံနှိပ် ထုတ်ဝေခဲ့ပါ တယ်။

(၂) မတ်စ်အလေဟ် ဟေ ဟေဂျာဗ် ၊ပါရှန်း ဘာသာဖြင့်  مسئله حجاب  ။ ။ အာယာသွလ္လာဟ်  ရှဟီးဒ် မိုရ်သဇွာ မိုသွာဟေရီ မှ ရေးသားထားပါသည်။ ဤစာအုပ်၏ အကြောင်းအရာတွင် အစ္စလာမ့်ဆရာဝန်များအသင်း အစည်း အဝေး များတွင် ဆွေးနွေးချက်များနှင့် သင်ခန်းစာများ ပါဝင်ပြီး စကားစုများကို ပြုပြင်ပြင်ဆင်ကာ အကြောင်း အရာ အချို့ ကို ထည့်သွင်းပြီးနောက် စာအုပ်တစ်အုပ် အဖြစ်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပါ တယ်။

(၃) ‌ရေစာအေလ်လေ ဟေဂျာဗ်ဗီယဟ် ၊အရဘီ ဘာသာဖြင့်  رسائل حجابیه  ။ ။ ရစူလ် ဂျအ်ဖရီရမ်းန် မှရေးသား သီးကုံးထားပါသည်။ဤစာအုပ်တွင် အတွဲနှစ်တွဲဖြင့် ဟေဂျာဗ် ဆိုင်ရာ ခေါင်းစဥ် ၃၃ခု ပါရှိပါ တယ်။  စာအုပ်၏ အစတွင် နိဒါန်းတစ်ခုကို စာရေးသူက "ဟေဂျာဗ် အားချွတ်စေခဲ့သည် အတိတ် က ဗေဒအသ် " ခေါင်းစဉ် ဖြင့် ရေးသားထားသည်။ စာအုပ်၏ အဆုံးတွင် နောက်ဆက်တွဲ ခြောက်ခု ပါရှိပါ တယ်။  အဆိုပါ နောက်ဆက်တွဲ ခြောက်ခုအနက် ပထမဆုံးသည် ၁၉၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် "ရေစာလေ မဒနွယေဟ်" ဖြစ်ပြီး မယား အများယူခြင်း၊ဟေဂျာဗ် နှင့် ကွာရှင်းခြင်းဆိုင်ရာ ပြဿနာသုံးရပ်နှင့် ပတ်သက်ပါသည်။ ဒုတိယ နှင့် တတိယနောက်ဆက်တွဲတွင် ဟေဂျာဗ် ရုပ်သိမ်းမှုကို ကာကွယ် သည့် မွတ်ဂျသဗဟ် မီနဝီ နှင့် အလီ ဒတ်ရှ်သီ တို့၏ ဆောင်းပါးနှစ်ပုဒ်ပါရှိပါသည်။စတုတ္ထနောက်ဆက်တွဲသည် ပါရှန်ကဗျာတွင် ဟီဂျပ်နှင့် ဆန့်ကျင် သော ဟီဂျပ်အကြောင်းဖြစ်ပြီး ပဉ္စမနောက်ဆက်တွဲမှာ ဟေဂျာဗ် အကြောင်းရေး သားထား သော စာအုပ်များ၏ ကျမ်းကိုးစာရင်းဖြစ်ပါ တယ်။

(၃) ဟေဂျာဗ် ဗေ ရှရ်ရီ ဒဲရ် အဆ်ရ်ရေ ဘိုင်ယန်းဘရ် ၊ပါရှန်း ဘာသာဖြင့် حجاب شرعی در عصر پیامبر)  ။ ။ အမီးရ် ဟိုစိုင်းန် သရ်ကရှာဝန်ဒ် မှ ရေးသားထားပြီး စာမျက်နှာ ၁၀၁၇ ပါရှိပါသည်။ဤစာအုပ် အား အီရန် သက္ကရာဇ်  ၁၃၈၉ ခုနှစ်တွင် အစ္စလာမ့်လမ်းညွှန်ဌာန သို့ တင်ပြခဲ့ပါ တယ်။  ဒါပေမယ့် အစ္စလာမ့်လမ်းညွှန်ဌာန မှ ထုတ်ခွင့်မရခဲ့သည့် အတွက်  စာရေးသူက မိမိ၏ အီးမေးလ်နှင့်  ကိုယ်ပိုင်ဘလော့ဂ်ကနေတဆင့် ထုတ်ဝေခဲ့ ပါတယ်။

စာအုပ်၏ အကြောင်းအရာကို အဓိက အပိုင်းသုံးပိုင်းဖြင့် ဖော်ပြထားပြီး ပထမအပိုင်းတွင်  အစ္စလာမ်မတိုင်မီ ဟေဂျာဗ် နှင့် မွတ်စလင်များ၏ တုံ့ပြန်မှု ဟဒီးစ်တော် များနှင့် သမိုင်းမှတ်တမ်းများအရ ဒုတိယအပိုင်းတွင်  ကုရ်အာန်၏ အရိပ်တွင် ဟေဂျာဗ်  (ကုရ်အာန် ကျမ်းမြတ် ၏ အာယသ် တော်များကို အခြေခံအရ ) နှင့် တတိယအပိုင်းတွင်ဖေက်ဟီ (ဓမ္မသတ်) ဆိုင်ရာဆွေးနွေးမှုများ (တမန်တော်မြတ်  (ဆွ) ၏ ခေတ်ကာလ၏ ရှရီအီ ဟေဂျာဗ် နှင့် ဖေကဟ် ပညာရှင်များ ၏ အမြင်များ သဟဇာတဖြစ်မှုကိုစစ်ဆေးခြင်း) ဖြစ်ပါတယ်။ ဤသုတေသနကို ရေးသားသူ၏ ရည်ရွယ်ချက်မှာ တမန်တော်မြတ်(ဆွ) ၏ ခေတ်တွင် အစ္စလာမ့် ဟေဂျာဗ် ၏ အတိုင်းအတာကို ထုတ်ယူရန် ဖြစ်သည်၊ ထို့ကြောင့် ယနေ့တင်ပြလာသော အမြင်များကို အခြေခံ၍ အစ္စလာမ့်ဟေဂျာဗ် ၏ အတိုင်းအတာနှင့် ရှရီအီဟေဂျာဗ် အတိုင်းအတာကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ် ထားခြင်း ဖြစ်ပါ တယ်။

(၄) ဟေဂျာဗ် ရှနာစီ ဂျ,လစ်ရှ် ဟာ ဝ ကာဝစ်ရှ် ဟာယေ ဂျဒီးဒ်  ၊ ပါရှန်း ဘာသာြဖင့်   حجاب‌ شناسی چالش‌ها و کاوش‌های جدید )  ။ ။ ဟိုစိုင်းန် မဲဟ်ဒဝီ ဇာဒေဟ် မှ ရေးသားထားပါသည်။ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် တွင် ပုံနှိပ် ထုတ်ဝေခဲ့ ပါ တယ်။

ဤစာအုပ် ၏ ခေါင်းစဥ် အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။ သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဟေဂျာဗ် ယဉ်ကျေးမှုကို မြှင့်တင်ခြင်း နှင့် သာသနာပြု ခြင်း၊ ဟေဂျာဗ်  ၏ လူမှုရေး အကျိုးသက်ရောက်မှုများ၊ ဟေဂျာဗ် အားနားလည် သဘောပေါက်ခြင်း။  ဟေဂျာဗ်ဆိုင်ရာ  စီရင်ထုံးများ၊ ဟေဂျာဗ် ကို သက်ဝင် ယုံကြည်ခြင်း နှင့် လိုက်နာခြင်း၊ ဟေဂျာဗ် နှင့် ဝတ်ဆင် မှုသမိုင်း၊ ဘာသာတရားနှင့် လူမျိုးအတွက် ဟေဂျာဗ်ဟေဂျာဗ် နှင့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် ဆက်ဆံရေး၊ မိမိကိုယ်ကိုတင်ပြခြင်း နှင့် ပြောင်မြောက်ခြင်း ၊ ဟေဂျာဗ် ၏ လိုအပ်ချက်နှင့် အတွေးအခေါ်၊ ဝတ်ဆင်မှု ဆိုင်ရာ အရည်အသွေး၊  ကြည့်ခြင်း ဆိုင်ရာ အဲဟ်ကာမ် တို့ ဖြစ်ပါ တယ်။

 

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       Ibn Manzoor, Jamal al-Din, Lasan al-Arab, Beirut, Dar Sadir, 1414 AH.

2.       "Types of hijab in Muslim countries", Mashreq News website, article entry date: 21 July 1395, access date: 2 Shahrivar 1402.

3.       "Burqa", the traditional clothing of Afghan women with a durability of 10 years", Fars News Agency website, date of entry: 13 Shahrivar 1392, access date: 3 Shahrivar 1402.

4.       Tarkashund, Amir Hossein, Islamic Hijab in the Age of the Prophet, Tehran, Bina, 2009.

5.       "Production of "Hijabology, New Challenges and Explorations" software", Iqna news agency, article entry date: 26 October 13990, access date: 4 October 1402.

6.       Johari, Abu Nasr, Sahaha: Taj al-Lagha and Sahaha al-Arabiya, researched by Ahmad Abd al-Ghafoor Attar, Beirut, Dar al-Alam Lamlayin, 4th edition, 1407 AH.

7.       "Lebanese hijab (all about hijab in Lebanon)", Moqneh Khursheed website, date of entry: 21 Aban 1400, visit date: 4 Shahrivar 1402.

8.       Khoei, Sidabul al-Qasim, Al-Imam Khoei Encyclopedia, Najaf, Al-Khoei Al-Imamiya Foundation, B.T.A.

9.       Chader in Islamic Culture", website of Mashaar Cultural and Art Institute, date of entry: October 9, 1399, visited: September 3, 1402.

10.   Rajaee, Seyyed Mohammad, Al-Masail al-Fiqhiyyah, Qom, Mehr Publications, 1421 AH.

11.   Sobhani, Jafar, Nizam al-Nikah fi al-Shari'a al-Islamiya al-Ghara, Qom, Institute of Imam Sadiq (A.S.), 1416 AH.

12.   Sabzevari, Seyyed Abdul Ali, Mahezab Al-Ahkam, Qom, Dar al-Tafseer, Bita.

13.   Saeedzadeh, Mohsen, Hijab bibliography, Payam Zan, No. 8, November 1371.

14.   Tabatabaei Yazdi, Seyyed Mohammad Kazem, Al-Arwa Al-Wathaghi, Qom, Al-Nashar al-Islami Foundation, first edition, 1419 AH.

15.   Allameh Hali, Hasan bin Yusuf, Al-Shi'a, Qom, Al-Nashar al-Islami Foundation, 1413 AH.

16.   Fazil Moqdad, Moqdad bin Abdullah, Kanz al-Irfan Fi Fiqh al-Qur'an, Tehran, Mortazavi Publications, 1373.

17.   "The book "Hijab Shaari in the Age of the Prophet" by Amir Hossein Tarkashund", Sadant site, visit date: 10 Shahrivar 1402 AH.

18.   Islamic Fiqh Encyclopaedia Institute, Persian Jurisprudence Institute, Qom, Islamic Fiqh Encyclopaedia Institute, 1387.

19.   Murashi Najafi, Seyed Shahabuddin, Minhaj al-Momenin, Qom, Ayatollah Murashi Najafi Public Library, 1406 AH.

20.   Motahari, Morteza, Hijab Problem, Qom, Sadra Publications, 73rd edition, 1386.

21.   Makarem Shirazi, Nasser, Tafsir al-Nashon, Qom, Dar al-Katb al-Islamiya, 1374.

22.   Makarem Shirazi, Nasser, Kitab al-Nikah, Qom, School of Imam Ali bin Abi Talib (a.s.), first edition, 1424 AH.

23.   Najafi, Mohammad Hassan, Javaher Al-Kalam, Beirut, Dar Ihya Al-Trath Al-Arabi, 7th edition, 1362.

24.   Vishnavi Qomi, Mohammad Qawam, Al-Hijab Fi-Islam, Qom, Al-Hikma Press, 1379 AH.

25.  For Pakistani women, dupattas are more than a fashion statement.

**************************************************************

END / 251