အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၂ ဇန်နဝါရီ ၂၀၂၄

၂၃:၁၈:၄၈
1428831

ရဂျဗ် ဗိုလ်မိုရဂျဗ် လမြတ် ၏ သမိုင်း ဖြစ်ရပ်များ

ရဂျဗ် ဗိုလ်မိုရဂျဗ် လမြတ် ၏ သမိုင်း ဖြစ်ရပ်များ ကို တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟာတမန်တော်မြတ်  မိုဟမ္မဒ် (ဆွ) မိန့်တော် မူ၏။

اِنَّ فِی الجَنّةِ قَصراً لایَدخُلُه اِلّا صُوّامُ رَجَب

" ဧကန် မုချ ဂျန္န်သ်သုခဘုံတွင် နန်းးတော် တစ်ဆောင် ရှိပါသည်။ ထိုနန်းဆောင် အတွင်း သို့ ရဂျဗ်လမြတ် တွင် ရိုဇဟ် ထားသူများ (ခ) ဥပုသ်စောင့်ထိန်းသူများ မှ အပ မည်သူမျှ ဝင်ရောက် နိုင်မည် မဟုတ်ချေ။ "

ကျမ်းကိုး - ရှီအဟ် စွယ်စုံ ကျမ်း / အတွဲ ၈ / စာမျက်နှာ  ၁၇၆


ရဂျဗ် ဗိုလ်မိုရဂျဗ် လမြတ် ၏ သမိုင်း ဖြစ်ရပ်များ    

 

(၁)  ရဂျဗ်လမြတ် ၁ ရက်  - အေမာမ်မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏မွေးနေ့ ရက်မြတ် မင်္ဂလာနေ့ (ဟီဂျရီ ၅၇ ခုနှစ်) 

 

(၂)  ရဂျဗ်လမြတ် ၃ ရက်  - အေမာမ် အလီ နကီ (အ.စ) ၏ ရှဟာဒသ်နေ့  (ဟီဂျရီ ၂၅၄ ခုနှစ်) 

 

(၃)  ရဂျဗ်လမြတ် ၅ ရက်  - အေမာမ် အလီ နကီ (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာနေ့  (ဟီဂျရီ ၂၁၄ ခုနှစ်)  

 

(၄)  ရဂျဗ်လမြတ် ၆ ရက်  - ဟဇရသ် မိုင်ဇန်မ် သမါရ် ၏ ရှဟာဒသ်နေ့

 

(၅)  ရဂျဗ်လမြတ် ၁၀ ရက်  - အလီအဇ်ဂဲရ်  (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာနေ့ 

 

(၆)  ရဂျဗ်လမြတ် ၅ ရက်  - အေမာမ် မိုဟမ္၎ဒ်သကီ  (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာနေ့  (ဟီဂျရီ ၁၉၅ ခုနှစ်)  

 

(၇)  ရဂျဗ်လမြတ် ၁၃ ရက်  - အေမာမ် အလီ နကီ (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာနေ့  (ဟီဂျရီ ၂၁၄ ခုနှစ်)

 

 (၈)  ရဂျဗ်လမြတ် ၁၅ ရက်  - ဘီဘီ ဇိုင်နဗ် (စ.အ) ရှဟာဒသ်နေ့  (ဟီဂျရီ ၆၃  ခုနှစ်)

 

 (၉)  ရဂျဗ်လမြတ် ၁၅ ရက်  - ကေဗ်လဟ် ပြောင်းသည့်နေ့  (ဟီဂျရီ ၂ ခုနှစ်) 

 

(၁၀)  ရဂျဗ်လမြတ် ၁၈ ရက်  - တမန်တော်မြတ် (ဆွ) သားတော် ဟဇရသ် အီဗရာဟီးမ် ဝဖါးသ် ဖြစ်တော်မူသည့်နေ့   (ဟီဂျရီ ၁၀ ခုနှစ်) 

 

(၁၁)  ရဂျဗ်လမြတ် ၂၀ ရက်  - ဟဇရသ် စကီးနဟ် ဘဘင်န် သိုလ်ဟိုစိုင်း(စ.အ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာနေ့

 

(၁၂)  ရဂျဗ်လမြတ် ၂၂ ရက်  - နဇ်ရေ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အ.စ) ကွန်ဒဟ် (အိန္ဒိယ ၊ ပါကစ္စတန် ၊ မြန်မာ တို့တွင်ပြုလုပ်ပါသည်။

 

(၁၃)  ရဂျဗ်လမြတ် ၂၄  ရက်  -ခိုင်ဘရ် စစ်ပွဲ အောင် နိုင်သည့်နေ့  (ဟီဂျရီ ၇ ခုနှစ်) 

 

(၁၄)  ရဂျဗ်လမြတ် ၂၅ ရက်  - အေမာမ် မူစာ ကာဇင်းမ်  (အ.စ) ၏ ရှဟာဒသ်နေ့   (ဟီဂျရီ ၈၃ ခုနှစ်)

 

(၁၅)  ရဂျဗ်လမြတ် ၂၆ ရက်  - ဟဇရသ် အဘူသွာလစ်ဗ် (အ.စ) ၏ ဝဖါးသ် ဖြစ်တော်မူသည့်နေ့  (ဗေအ်စသ်  ၁၀ခုနှစ် )

 

(၁၆)  ရဂျဗ်လမြတ် ၂၇ ရက်  -  မဗ်အဇ်နေ့  (ဗေအ်စသ်  ၁ခုနှစ်)  

 

(၁၇ )  ရဂျဗ်လမြတ် ၂၇ ရက်  -  တမန်တော်မြတ် (ဆွ) ၏ မေအ်ရာဂျ်နေ့   

 

(၁၈ )  ရဂျဗ်လမြတ် ၂၇ ရက်  -  အေမာမ် ဟိုစိုင်းန် (အ.စ) မဒီနာ မြို့ မှ ခရီးစထွက်တော်မူသည့် နေ့ (ဟီဂျရီ ၆၀ ခုနှစ်)  

 

****************************************************************

END / 251