အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၈ ဇန်နဝါရီ ၂၀၂၄

၂၀:၁၃:၁၆
1430429

ကောင်းမှု ကုသိုလ် ဆို မြန်မြန်လုပ်ပါ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကောင်းမှု ကုသိုလ် ဆို မြန်မြန်လုပ်ပါ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကာဖီ ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

اِنّ اللهَ یُحِبُّ مِنَ الْخَيْرِ ما يُعَجَّلُ .

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

အလ္လာဟ် ဟို အရှင်မြတ် သည် အမြန် ပြုလုပ်သည် ကောင်းမူ  ကုသိုလ် အား နှစ်သက် တော်မူ၏။

ကျမ်းကိုး ။ ။ ကာဖီ ကျမ်း ၊ အတွဲ ၂   ၊ စာမျက်နှာ၁၄၂ ၊   ဟဒီးစ်တော် အမှတ် ၄  

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  အလ္လာဟ် ဟိုအရှင်မြတ် ၏ အမြင် တွင် ကောင်းမှု ကုသိုဘ် များသည် မည်သည့် အရာများ ဖြစ်သည် ကို အသေအချာ သင်ယူဖို့ လေ့လာ ဖို့ လိုအပ် ပါတယ်။ သိပြီး လျှင် အမြန် လုပ်ဆောင် ဖို့ လည်း အရေးကြီး ပါတယ်။ အခြားဟဒီးစ်တော် တစ်ခု တွင် လည်း ၃ ခုသော် အရာ ကို အချိန်မဆွဲ ရန် လာရှိပါတယ်။ ( နမာဇ်အချိန် ရောက်လာရင်၊ မိုင်ယသ် ကို ဒဖ်နာ ပြုရန် နှင့် အရွယ်ရောက်သမီး ပျိုအား အိမ်ထောင်ချ ပေးရန် တို့ ဖြစ်ပါတယ်၊ ပထမကျနော်တို့ နေ့စဥ် ကြုံတွေ့ နေရသည့် နမာဇ် ကိုတော့ အတတ် နိုင် စွမ်း  နမာဇ် ငါးကြိမ် ကို အချိန် ရောက်လာသည်နှင့် ချက်ချင်း ဝတ်ပြု နိုင် အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ နမာဇ် အား သူ့ အချိန် နှင့် သူ  ဝတ်ပြု နိုင် ရန် မြတ်အလ္လာဟ် ထံ လည်း  အထူး ဒိုအာ တောင်း သင့်ပါတယ်။

****************************************************************

END / 251