အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဇန်နဝါရီ ၂၀၂၄

၂၀:၂၃:၂၄
1431570

ကောင်းကင်တံခါးသည် ဘယ်အချိန်မှာ ဖွင့်ပါသလဲ ?

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကောင်းကင်တံခါးသည် ဘယ်အချိန်မှာ ဖွင့်ပါသလဲ ? ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ် အန်နဝါရ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

يُفْتَحُ اَبْوابُ السَّماءِ بِالرَّحْمَةِ فى اَرْبَعِ مَواضِعَ: عِنْدَ نُزُولِ الْمَطَرِ، وَ عِنْدَ نَظَرِ الْوَلَدِ فى وَجْهِ الْوالِدَيْنِ، وَ عِنْدَ فَتْحِ بابِ الْكَعْـبَةِ، وَ عِـنْدَ النِّـكاحِ۔۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

“  ရဲဟ်မသ်တော် နှင့် အတူ ကောင်းကင်များ ၏ တံခါးများ သည် အချိန် လေး ချိန် တွင် ဖွင့်ပါသည်။

(၁) မိုးရွာသည့် အချိန်

(၂) သားသမီးများ အနေဖြင့် မိမိ ၏ မိဘ နှစ် ပါး ၏ မျက်နှာ တော်များ ကို ကြည့် သည့်အချိန်

(၃) ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ တံခါးဝ ဖွင့်သည့်အခါ

(၄) နေကာဟ်ဖတ်သည့်အချိန် အိမ်ထောင်ပြု၍ ပျော်ရွှင်ချိန် တို့ ဖြစ်ပါသည်။ “

ကျမ်းကိုး ။ ။ ဘေဟာရိုလ် အန်နဝါရ် ကျမ်း ၊ အတွဲ၁၀၃ ၊ စာမျက်နှာ ၂၂၁

သတိပြုရန်  -  ကျနော်တို့ သိနိုင်သည်မှာ အလ္လာဟ်အရှင်မြတ်သည် နမာဇ် ငါးကြိမ်ကဲ့သို့ အရာခပ်သိမ်းအတွက် အချိန်တစ်ခုသတ်မှတ်ထားတော်မူပါတယ်။ ဒိုအာ (ဆုတောင်း) ရန် နှင့် နောင်တရ သောင်ဗဟ် ပြုရန် အတွက်လည်း  အကောင်းဆုံးအချိန်များဖြစ်သည့် ကရုဏာ တံခါးများ (ရဲဟ်မသ်တော် တံခါးများ ) ဖွင့်ရန်အတွက် အထူးအချိန်အချို့လည်း ရှိပါတယ်။ အထက်ပါ ဟဒီးစ်တော် တွင် ဖော်ပြထားသည့် အချိန် လေး ခု  သို့မဟုတ် မအ်စူမ် (အ.စ) ၏ ရီဝါယသ်တော်များ ဟဒီးစ်တော်များတွင် ဖော်ပြ ထားသည့် အခြားအချိန်များ တို့  အား လည်း အထူး အသုံးချသင့်ပါတယ်။ ထိုအချိန် များတွင် အေမာမ် ဇမာန်း (အ.ဂျ) ဇဟိုရ် ဖြစ်ရန် ကျန်းမာ ရန် နှင့် မိမိ နှင့် မိမိ မိသားစု ဝင်များ ဆွေမျိုးသားချင်းများ မိုအ်မေနီ မိုအ်မေနသ်များ အတွက် အထူးဒိုအာ များ တောင်းခဲသင့်ပါတယ်။

****************************************************************

END / 251