အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဇန်နဝါရီ ၂၀၂၄

၂၀:၂၉:၄၉
1431574

မဇ်လူးမ် နှင့် ဇွာလင်မ် နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ တာဝန် ဝတ္တရား

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မဇ်လူးမ် နှင့် ဇွာလင်မ် နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ တာဝန် ဝတ္တရား နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

နဲဟ်ဂျိုလ်ဗလာဂဟ်  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامیرالمؤمنين عليه السلام:

وَ كُونَا لِلظَّالِمِ خَصْماً وَ لِلْمَظْلُومِ عَوْناً  .

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

“ ဇွာလင်မ်၏ ရန်သူ နှင့် မဇ်လူးမ်  အား ကူညီသူ အဖြစ် နေပါ။“

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း  ၊ စာချွန် တော် အမှတ် ၄၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး မဇ်လူးမ် နှင့် ဇွာလင်မ် နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ တာဝန် ဝတ္တရား ကို အထင်အရှား တွေ့မြင်ရမည် ဖြစ်ပါတယ်။ ပြီးနောက် အမီးရိုလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) အမိန့်အရ မဇ်လူးမ် သည် မည်သည့် လူမျိုး၊ မည်သည့် ဖေရ်ကာ  ဖြစ်နေပါစေ  ၎င်းဘက်မှ ရပ်တည် ပေးရမည် ဖြစ်ပါတယ်။ ဤအတွက် ကြောင့် အီရန် နိုင်ငံ သည် မဇ်လူးမ် ပါလက်စတိုင်း ၊မဇ်လူးမ် ယီမင် ၊ မဇ်လူးမ် ဆီးရီးယား စသည် ဖြင့် ဘက် မှ ရပ်တည် ပေးနေခြင်း ဖြစ်ပါတယ်။ ထိုနည်း တူစွာ ဇွာလင်မ်သည်လည်း မည်သည့် လူမျိုး၊ မည်သည့် ဖေရ်ကာ  ဖြစ်နေပါစေ  ၎င်း ကို ဆန့်ကျင် ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251