အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၆ ဇန်နဝါရီ ၂၀၂၄

၂၀:၂၄:၄၆
1432620

ဟဇရသ်အလီ (အ.စ) သည် ဟက် နှင့် အတူ ရှိပြီး ဟက်သည် ဟဇရသ် အလီ (အ.စ) နှင့် အတူ ရှိလေ၏

အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) နှင့်ပတ်သက်ပြီး အလီယွန် မအလ်ဟက် ၊ အလ်ဟက်ကို မအအလီ (عَلِيٌّ مَعَ الْحَقِّ وَالْحَقُّ مَعَ عَلِيٍّ ) ဆိုပြီး ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ မိန့်ကြားခဲ့ပါတယ်။ ဤ အကြောင်း နှင့် ပတ်သက်ပြီး လေ့လာ နိုင်ရန် အနည်းငယ် အနှစ်ချုပ် ကို တင်ပြ လိုက်ပါတယ်။


 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလီယွန် မအလ်ဟက် ၊ အလ်ဟက်ကို မအအလီ   (عَلِيٌّ مَعَ الْحَقِّ وَالْحَقُّ مَعَ عَلِيٍّ ) ဆိုသည်မှာ တမန်တော်မြတ်  (ဆွ) မိန့်တော် မူထားသည့် ဟီးဒီးစ်တော် တစ်ပါးဖြစ်သည့်   ( عَلِیٌّ مَعَ الْحَقِّ وَالْحَقُّ مَعَ عَلِیٍّ ) ဖြစ်ပါ တယ်။ အေမာမ်အလီ (အ.စ) သည် ဟက်(အမှန်တရား) နှင့် အတူအမြဲ ရှိပြီး ဟက်(အမှန်တရား)သည် လည်း အလီ (အ.စ) နှင့် အတူအမြဲ ရှိကြောင်း မိတ်ဆက် မိန့်ကြား ထားပါတယ်။  ဤဟဒီးစ် တော်၏ အကြောင်း အရာကို တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ)  မှ စာသား  အသီးသီး ဖြင့်  မိန့်ကြားထားပါ တယ်။

 ဤကိုးကားချက်အချို့ကို ရှီအဟ် နှင့် စွန်နီရင်းမြစ်များတွင် လာရှိပြီး ဟဒီးစ် စေ မိုသဝါသေရ် ဖြစ်ကြောင်း လက်ခံ ထားကြပါ တယ်။ သို့ရာတွင် ဝဟာဘီ အတွေးအခေါ် ကို စတည်ထောင်သူ အစ်ဗ်နေသိုင်းမီယဟ် ဟရာနီ သည် ဤဟဒီးစ်တော်များကို ဆအီးဖ် အဖြစ်ပြောဆိုပြီး တမန်တော် မြတ် (ဆွ) မှ ဆင့်ပြန်ထားသည် ဆိုသည် ကို ငြင်းဆိုထားပါ တယ်။

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) သည် ဟဇရသ် အိုမရ် ဘင်န် ခသွာဗ် ပြီးနောက် ဖွဲ့စည်းထားသော ခလီဖာ ရွေးချယ်ရန်  အတွက် အဖွဲ့ဝင် ခြောက်ဦးပါ ဝင်သည့် ကောင်စီတွင် မိမိသည် ခေလာဖသ် နှင့်  ထိုက်တန်ကြောင်း သက်သေပြရန် အတွက် ဤဟဒီးစ်တော် ကို သုံး၍ ဆန္ဒပြခဲ့သည်ဟုဆိုပါ တယ်။ ထိုနည်းတူစွာ အချို့ သော သာဝကတော်များ နှင့် စွန်နီ အာလင်မ် များသည် အေမာမ် အလီ (အ.စ) ၏ လုပ်ရပ်များ မှန်ကန်ကြောင်း ကို သက်သေပြဆိုရန် အတွက် ဤဟဒီးစ်တော် အား ကိုးကား ခဲ့ကြပါ တယ်။

ဤဟဒီးစ်တော် မှ  အေမာမ် အလီ (အ.စ) သည် အခြား သာဝကတော်များထက် မြင့်မြတ် သာလွန်မှု  ဟဇရသ်အလီ (အ.စ) ၏ အစ်ဆ်မသ် (အပြစ်ကင်းမှု) ၊ ဟဇရသ် အလီ (အ.စ) ၏ အမိန့်နာခ့ရမည်မှာ ဝါဂျစ်ဗ်  ဖြစ်မှု ၊ အေမာမ်မသ် နှင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အရိုက်အရာကို  ဆက်ခံခြင်း အတွက် ပထမဆုံး ဦးစား ပေးခြင်းခံရ မှု ချက်ခြင်းခလီဖဟ်ဖြစ်မှု နှင့် ထိုနည်းတူစွာ  အေမာမ် အလီ (အ.စ) အား ဆဲဆိုခြင်း ကို တားမြစ်ထား ကြောင်း ကောက်နှုတ်၍ ရပါ တယ်။

အကြောင်းအရာ နှင့် စာသားကိုလေ့လာကြည့်မည်ဆိုလျှင်

ဟက်(အမှန်တရား) နှင့် အတူအမြဲ ရှိခြင်းသည် အမီးရိုလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ် မှုများ မှ တစ်ခု ဖြစ်ပါ တယ်။  တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) ထံ မှ ဆင့်ပြန်လာရှိသည့် ဟဒီးစ် တော်  တစ်ပါး မှ ညွှန် ပြနေပါ တယ်။  ဤရီဝါယသ်တော် တွင် လာ ရှိသည်မှာ «علی مع الحق و الحق معه؛ علی با حق است و حق با علی» အလီ (အ.စ) သည် ဟက်(အမှန်တရား) နှင့် အတူအမြဲ ရှိပြီး ဟက်(အမှန်တရား)သည် လည်း အလီ (အ.စ) နှင့် အတူအမြဲ ရှိကြောင်း ဖြစ်ပါ တယ်။

ဤဟဒီးစ်တော်အား တမန်တော်မြတ် (ဆွ) ထံ မှ  အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုး ဖြင့် အခါသမယ အမျိုးမျိုး တွင် ဆင့်ပြန်ချက်များ လာရှိပါ တယ်။ အလာမဟ် ဟစ်လ်လီ သည် ဤနယ်ပယ်တွင် ရီဝါယသ်တော်များ (ဟဒီးစ်တော်များ)  များစွာရှိနေကြောင်း ၎င်းကို ရေတွက်၍မရဟု ယုံကြည်ထားပါ တယ်။ ဤဟဒီးစ်တော် အား ဆင့်ပြန်မှု အသီးသီး ဖြင့် ကျမ်းများတွင် ပမာအား ဖြင့် ကရှာဖိုလ်ယကီးန် ကရှာဖိုလ်ဂန်မဟ် ဘေဟာရိုလ်အန်နဝါရ် အလ်ဂဒီးရ် မီးဇန်းနိုဟ်ဟေက်မဟ် တို့တွင်လာရှိပါသည်။ ဆယက်ဒ် ဟာရှင်မ် ဘဲဟ်ရာနီ  အနေဖြင့် ဂါယသိုလ်မရာမ် စာအုပ်တွင် ဤဟဒီးစ် တော် နှင့် အလားတူ ဟဒီးစ် တော်များကို  အခန်း ၂ခန်း တွင် ပုံစံ ၂၆ ခုဖြင့် ဆွေး နွေးတင်ပြထားပါ တယ်။

အထောက်အထားများ

အချို့သောပညာရှင် များသည် ဤဟဒီစ်တော်များသည် တိကျသေချာပြီး မှန်ကန်ကြောင်း ရှီအဟ် နှင့်စွန်နီ တွင် တစ်ညီ တစ်ညွတ် တည်းလာရှိ  ပြီး] နှင့် မိုသဝါ‌သေရ်  ဖြစ်သည်ဟု ယုံကြည် ကြပါ တယ်။ ဤဟဒီးစ် တော်များ၏ အချို့ ဟဒီးစ်တော်များ ၏ စာသားများသည်  ယုံကြည်ကိုးစားမှု အမြင့် ဆုံး အဆင့် ဖြစ်ပြီး ၎င်းတို့၏ မိုသဝါသရ် နှင့် မှန်ကန်မှု ရှီအဟ် နှင့် စွန်နီ ဟဒီးစ် ပါရဂူများ မှလက်ခံထား  ပါ တယ်။ ထို့အပြင် ဤဟဒီးစ်တော် ၏ ရာဝီများ နှင့် စနဒ်(ကွင်းဆက်) သည်လည်း ကန့်ကွက် စရာမရှိ ချေ။

အစ်ဗ်နေအဘီ အလ်ဟဒီးဒ် သည် ဟဒီးစ်တော် ၏ စနဒ် အား မှန်ကန်ပြီး တိကျသေချာကြောင်း လက်ခံ ထား ပါ တယ်။ ဤသို့ဖြစ်  "علی مع الحق"  ခေါင်းစဥ် နှင့် ရီဝါယသ်တော်များ သည် ဆေဟာဟ်စသဟ်ကျမ်း အချို့ နှင့် အခြား စွန်နီ ကျမ်း များ တွင် လာရှိပါသည်။  နေရာပေါင်း ၁၃၀ခန့် တွင် လာ ရှိကြောင်း ရေတွက် နိုင်ပါ တယ်။

အစ်ဗ်နေသိုင်းမီးယဟ် ၏ ပြောကြားချက် အကြောင်း တင်ပြရမည်ဆိုလျှင်

ဝဟာဘီ အတွေးအခေါ် ကို စတင်ခဲ့သူ အစ်ဗ်နေသိုင်းမီးယဟ် သည် မိမိ၏ စာအုပ် မင်န်ဟာဂျွတ်စ်စွန္နဟ် တွင် ဤဟဒီးစ်တော် အား မည်သူကမျှ တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန်ထား ခြင်း မဟုတ်ကြောင်း ယုတ်စွ အနည်းသည့် စနဒ် များ ဖြင့်ပင် ဆင့်ပြန်ထားခြင်း မရှိဟု ရေးသားထားပါ တယ်။ ပြီးနောက်  ၎င်းအနေဖြင့် အလာမဟ် ဟစ်လ်လီ အား ဤဟဒီးစ်တော် အား ဆင့်ပြန် သည့် အတွက် ပြစ်တင် ရှုတ်ချပြီး လူလိမ် ဟု ဆိုထားပါ တယ်။ အစ်ဗ်နေသိုင်းမီးယဟ် အား တုံ့ပြန် အဖြေပေး ရာတွင် ရှီအဟ် သုတေသီ ပညာရှင်များသည် ဤ ကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ်(ဆွ)၏ သာဝကတော် ၏ ဟဒီးစ်တော်များကို ညွှန်းပြ ခဲ့ပါ တယ်။ ထို့အပြင် အလာမဟ် အမီနီ သည် မိမိ ၏ ကျမ်း  အလ်ဂဒီးရ် တွင် အစ်ဗ်နေသိုင်းမီးယဟ် ၏ ရေးသား ချက်များ ကို ကိုးကားပြီးနောက် စွန်နီအာလင်မ် အကြီးအကဲများ ထံ ရီဝါယသ် အများအပြားကို တင်ပြ ချက် များ နှင့် ၎င်းအာလင်မ်ကြီးများ ၏ စိတ်ချရသည့် တရားဝင် ကျမ်း များ မှ ဆင့်ပြန် တင်ပြထားပါ တယ်။ 

ရာဝီများ (ခ) ဟဒီးစ်တော်အားဆင့်ပြန်ထားသူများ အကြောင်း လေ့လာကြည့်မည် ဆိုလျှင်    

"علی مع الحق"  ဟဒီးစ်တော် အား အေမာမ် အလီ (အ.စ) နှင့် အခြား ဆွဟာဗဟ် ၂၃ ပါးထံ မှဆင့်ပြန် လာရှိ ထားပါ တယ်။ ၎င်းတို့အနက် ပထမခလီဖဟ် ၊ ဟဇရသ် စအ်ဒ်ဘင်န် အေဗါဒဟ် ၊ ဟဇရသ် အဘူဇဲရ်ဂဖါရီ ၊ဟဇရသ် မစ်က်ဒါဒ် ၊ ဟဇရသ် စလ်မန် ဖွာရစီ၊ ဟဇရသ် အမါရ် ယာစေရ် ၊ ဟဇရသ် အဘူမူစာ အရှ်အရီ ၊ ဟဇရသ် အဘူအိုက်ယူဘ် အန်ဆွာရီ ၊ ဟဇရသ် စအ်ဒ် ဘင်န် အဘီ ဝကါစ် ၊ ဟဇရသ် အဗ်ဒိုလ္လာဟ် ဘင်န် အဘာစ် ၊ ဟဇရသ် ဂျာဘေရ်ဘင်န် အဗ်ဒိုလ္လာဟ် အန်ဆွာရီ နှင့် ဟဇရသ် ဟိုဇိုက်ဖွဟ် ဘင်န် ယမာနီ ၊ ဟဇရသ် အာအေရှဟ် နှင့် ဟဇရသ်  အွန်မေစလ်မဟ် တို့ ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဟဒီးစ် တော်တွင် အေမာမ် ဆွာဒစ်က် (အ.စ) သည် မိမိ ၏ဘိုးဘေးများထံမှ တဆင့် ဤဟဒီးစ်တော်အား ဆင့်ပြန် မိန့်ကြားတော် မူခဲ့ပါ တယ်။

 

ဤဟဒီးစ်တော် ကို အသုံးပြုခဲ့သည့် ဆွဟာဗဟ်များ

ဟဇရသ် အလီ (အ.စ) နှင့် အခြားသော ဆွဟာဗဟ် များသည် "علی مع الحق"  ဟဒီးစ်တော် ဖြင့် နေရာများ  အခြေအနေများ အသီးသီး တွင်  ဆန္ဒပြမှု ကိုထုတ်ဖော်ခဲ့ကြပါ တယ်။

(၁)ခြောက်ဦးကောင်စီ ။ ။ ဟဇရသ် အလီ (အ.စ) သည် ခလီဖဟ်နေရာကို ကိုဆုံးဖြတ်ရန် ဒုတိယ ခလီဖဟ် ကွယ်လွန်ပြီးနောက် ဖွဲ့စည်းခဲ့သော ခြောက်ဦး ကောင်စီတွင် ဤဟဒီးသ်တော်အား ကိုးကား၍ ခလီဖဟ် ၏ ထိုက်တန်မှု နှင့် မိမိ သာလွန်မြင့်မြတ် မှုကို သက်သေပြရန် ကောင်စီအဖွဲ့ဝင်များအားတင်ပြပြီး သက်သေခံရန် ၎င်းတို့အားတောင်းဆိုခဲ့ပါသည်။ ၎င်းတို့မှလည်း ဟဇရသ် အလီ (အ.စ) ၏တောင်းဆိုမှုကိုအတည်ပြု ခဲ့ ကြပါ တယ်။

 

(၂)ဂျမလ်စစ်ပွဲ ။ ။ ဟဇရသ် မိုဟမ္မဒ် ဘင်န် အဘဇီဘကဲရ် ၊ ဟဇရသ် အဗ်ဒိုလ္လာဟ်ဘင်န် ဘဒီးလ် နှင့် ၎င်း၏ အစ်ကို ဟဇရသ် မိုဟမ္မဒ်  တို့ သည် ဂျမလ် တိုက်ပွဲအပြီးတွင် ဟဇရသ် အာယေရှဟ်ထံ သို့သွားရောက် ၍ အမှန်တရား နှင့် အေမာမ် အလီ (အ.စ) နှင့် အမြဲရှိနေသည်ဆိုသည့် ဟဒီးစ်တော် တင်ပြ၍ မေးမြန်းခဲ့ ကြပါသည်။ ဟဇရသ် အာယေရှဟ် သည် နဲဟ်ရဝန် စစ်ပွဲ အပြီး ဟဇရသ် အလီ (အ.စ) ၏ လုပ်ရပ်မှန်ကြောင်း ဤဟဒီးစ်တော်အား ကိုးကား၍ သက်သေထွက်ခဲ့ပါ တယ်။

 

(၃)ဆစ်ဖိုင်းန်စစ်ပွဲ ။ ။ ဆစ်ဖိုင်းန် တိုက်ပွဲတွင် တမန်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ်တော် အဘူ အယွတ်ဗ်  အန်ဆာရီ သည် အေမာမ် အလီ (အ.စ) ၏ ရန်သူများ ရှေ့ တွင်  ဟဇရသ် အမာရ်ယာစေရ် သည် အေမာမ် အလီ (အ.စ) နှင့် အတူ ရှိနေပြီး ဟဇရသ် အလီ (အ.စ) သည် ဟက်(ခ) အမှန်တရား နှင့် အမြဲ အတူရှိ ကြောင်း ကိုယ်တော် မြတ်(ဆွ) နှုတ်တော်မွန်လာ ဟဒီးစ် (ဤဟဒီးစ်တော်) အကိုး အကာပြု၍ သက်သေထူခဲ့ ပါ တယ်။

 

အဲဟ်မဒ် ဘင်န် ဟန်ဘဲလ်  အစ်ဗ်နေ အဘီ လ်ဟဒီးဒ် အစ်ဗ်နေ ‌ဂျောင်ဇီ နှင့် စစ်ဗ်သွေဘင်န် ဂျောင်ဇီ [ကဲ့သို့ အဲဟ်လေ့စွန္နသ် အာလင်မ်များကြားတွင် ဤ ဟဒီးစ်တော် အား ကိုးကား၍ ဟဇရသ် အလီ (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှု ၎င်း၏လုပ်ရပ် မှန်ကန် ကြောင်း သက်သေထူခဲ့ကြပါ တယ်။

 

သုံးသပ်တင်ပြချက်များ ကို လေ့လာကြည့်မည်ဆိုလျှင်

မွတ်စ်လင်မ် ပညာရှင် များသည် "علی مع الحق"  ဟဒီးစ်တော် နှင့် ပတ်သက်ပြီး သုံးသပ် တင်ပြချက်များ ကိုတင်ပြ ထားပါ တယ်။

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အ.စ) သည် အမှန် နှင့်အမှား အတွက် စံမှတ်ကျောက် ဖြစ်ပါသည်။

အေမာမ် အလီ (အ.စ) ကို အမှန်တရား ၏မရှိမဖြစ် တွဲဖက်၊ အမှန်တရားကို မြင်သူ၊ အမှန်တရားပြောသူနှင့် အမှန်တရားနှင့် အမှားကို ပိုင်းခြားရန် စံမှတ်ကျောက် သတ်မှတ်ချက်အဖြစ် မိတ်ဆက်ပေးထားပါ တယ်။

ဤဟဒီးစ်များတော် အရ အချို့ပညာရှင်များက အေမာမ်အလီ (အ.စ) အား ဆန့်ကျင်သူများကို လမ်းလွဲမှားပြီး အမှန်တရားမှ ထွက်သွားသူများ ဟု ခေါ်ဝေါ်ကြပါ တယ်။

အချို့သောပညာရှင်များသည် ဤဟဒီးစ်တော် များ ကို ကိုးကား၍ နာဂျီယဟ် ဂိုဏ်း (ဂျန္နသ်သီ ဂုဏ်း ) သည် အေမာမ် အလီ (အ.စ) ၏ နောက်လိုက်များ ဟုသာ  မှတ်ယူကြပါ တယ်။

စွန်နီ သဖ်စီးရ်ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဖခ်ရ်ရေ ရာဇီ အနေဖြင့် ဤဟဒီးစ်တော် အား ကိုးကားပြီး မည်သူမဆို မိမိ၏ သာသနာ့ ၌ ဟဇရသ် အေမာမ် အလီ (အ.စ) နောက် လိုက်မည် ဆိုလျှင် လမ်းမှန်ကို ရရှိသူ လျှောက်နေသူဖြစ်ကြောင်းခံယူထားပါ တယ်။

ဤ ဟဒီးစ်တော် (ခ)ရီဝါယသ်တော် ၏ အဆက်အစပ်အရ တမန်တော်မြတ်(ဆွ)သည် ဟဇရသ် အမာရ်ယာစေရ် အား မိန့်ကြား တော်မူ သည်။ အကယ်၍ လူသားအားလုံးတို့သည် လမ်းကြောင်း တစ်ခုသို့သွား၍ အေမာမ် အလီ (အ.စ) သည် အခြားလမ်းကြောင်းသို့လျှောက်မည်ဆိုလျှင် သင်တို့သည် အလီ (အ.စ) ၏ လမ်းကြောင်းသို့ သွားကြပါလေ။ (အကြောင်းမှာ) အလီ(အ.စ) ၏ လမ်းကြောင်းသည်  မှန်ကန် သည့် လမ်းကြောင်းဖြစ်ပါလိမ့်မည် ဖြစ်ပါ တယ်။

 

အေမာမ်မသ် နှင့်  အေမာမ်အလီ (အ.စ) ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ)ပြီးလျှင် ချက်ခြင်းကိုယ်တော်၏ အရိုက်အရာ ကိုဆက်ခံသူ ဖြစ်ကြောင်း လေ့လာကြည့်မည်ဆိုလျှင်

ရှီအဟ်ပညာရှင်များသည်  အေမာမ် အလီ (အ.စ) သည် အမှန်တရား နှင့် အတူအမြဲရှိနေသည်ဆိုသည့် ဟဒီးစ် တော်များမှ ရလာဒ်များ မှာ အေမာမ် အလီ(အ.စ) အခြားဆွဟာဗဟ် များ ထက် ဘက်စုံ သာလွန် မြင့်မြတ်ကြောင်း ပမာအားဖြင့် အေမာမ်မသ်တွင် ဘက်စုံမှ တိုက်တန်သူဖြစ်ကြောင်းခေါင်းဆောင်မှု နှင့် ကိုယ်တော်မြတ်(ဆွ) ပြီးလျှင် ချက်ခြင်း ကိုယ်တော် ၏ အရိုက်အရာ ကိုဆက်ခံထိုက်သူဖြစ်ကြောင်း ဖြစ်သည် ဟု ယုံကြည်ကြပါ တယ်။

အကယ်၍ ဟဇရသ် အလီ (အ.စ) သည် ပညာ ၊ စာရိတ္တ ကိုယ်ကျင့်တရား နှင့် နိုင်ငံရေးဆိုင်ရာတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အမြင့်ဆုံးအဆင့် မရှိခဲ့ပါက တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဤဟဒီးစ် တော် တွင် အေမာမ် အလီ (အ.စ) အမည်နှင့် မိန့်ဆိုထားမည် မဟုတ်ကြောင်းသိရှိရပါ တယ်။

အလာမဟ် မဂျ်လေစီ ၏ အဆိုအရ မိုအ်သဇေလဟ် မဇ်ဟဗ် သည် လည်း ဤရီဝါယသ်တော်များ ကို ကိုးကား ၍ အခြားသော ဆွဟာဗဟ် များထက် အေမာမ် အလီ (အ.စ)  သာလွန် မြင့်မြတ် ကြောင်း ကိုလည်း လက်ခံ ယုံကြည်ကြပါ တယ်။

 

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ အပြစ်ကင်းမှု ဖြစ်ကြောင်း

ရှိက်ခ် မိုဖီးဒ် သက်ဝင်ယုံကြည် သည် မှာ တမန်တော်မြတ် (ဆွ)  ဘက်မှ အေမာမ်အလီ  (အ.စ) အား ပြီးပြည့်စုံသည့် အရည်အသွး အရည်အချင်းများ ၏ ပိုင်ရှင် အဖြစ် သတ်မှတ် မိန့်ကြားတော်မူခြင်းသည် ဟဇရသ် အလီ (အ.စ) အလ္လာဟ်၏ အဲဟ်ကာမ်များတွင် မှားယွင်းမှု လွဲချော်မှု ကို ပြုလုပ်မည်သူ မဟုတ် ကြောင်း  အာမခံထား ခြင်းဖြစ်သည်ဟု ဖြစ်ပါသည်။အချို့သော အာလင်မ်ပညာရှင်များ အနေဖြင့် ဤဟဒီးစ်တော် တွင် မည်သည့် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်မှမရှိသည့် အတွက်ကြောင့် အလီ(အ.စ) နှင့် အမှန်တရား သည် တစ်ခုနှင့် တစ်ခု မရှိမဖြစ်ဟု သတ်မှတ် ကြပါ တယ်။

အေမာမ် အလီ (အ.စ) ၏အပြစ်ကင်းကြောင်း အတွက်သက်သေ အထောက်အထားများ မှ တစ်ခုမှာ အေမာမ် အလီ (အ.စ) ၏ ဘဝ ၊ စာရိတ္တ ကိုယ်ကျင့်တရား ပညာရေး၊ လက်တွေ့၊ ရှရီအသ် ဆိုင်ရာ ၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ကျင့်ဝတ်ဆိုင်ရာ နယ်ပယ်အားလုံးသည်  တစ်ခုဖြစ်ပါသည်။ ဤအတွက်ကြောင့်  ပညာရှင်များ အနေဖြင့် အေမာမ် အလီ (အ.စ) ဘက်မှ မည်သည့်အမှားနှင့် အပြစ်ကျူးလွန်မှု မျှ ပြုရန် မဖြစ်နိုင်ဟု ယူဆကြပါ တယ်။

အဘယ်ကြောင့်ဆိုသော် အပြစ်တစ်ခု သို့မဟုတ် အမှားတစ်ခုကိုပင် ကျူးလွန်ခြင်းဖြင့် ဟက်(အမှန်တရား) နှင့် အေမာမ် အလီ (အ.စ) ၏ အမြဲတမ်းအတူရှိနေမှု သည် ဖျက်စီး သွားပြီး တမန်တော်မြတ်(ဆွ) ၏ ဟဒီးစ် တော်များ ၏ ဆိုလိုချက် အဓိပ္ပါယ်တွင် အပြစ်အနာအဆာ ရှိလာမည် ဖြစ်ပါ တယ်။

 

အေမာမ် အလီ (အ.စ) ၏ အမိန့် ကို နာခံရန် တာဝန် နှင့် အေမာမ် (အ.စ) အားရန်ငြိုးဖွဲ့ခြင်းကို တားမြစ်ခြင်းအကြောင်း

ဤဟဒီးစ်တော် ၏ သက်သေ အထောက်အထားများ အရ မွတ်စလင်မ်များ အားလုံး အတွက် မည်သည့် အငြင်းအခုံ ဆင်ခြေဆင်လက် ပေးစရာမလိုဘဲ အေမာမ် အလီ (အ.စ) ၏ အမိန့်တော်ကို နာခံရန် ဝါဂျစ်ဗ် မပြုမနေရ ဖြစ်ပါ တယ်။တာဝန်ရှိပါ တယ်။

အချို့ ပညာရှင်များ က ဤဟဒီးစ်တော်များသည် အေမာမ် အလီ (အ.စ) ၏ အသာလွန်ဆုံး သီလသမာဓိ ၊ ဂုဏ်သိက္ခာ နှင့် ကြီးမြတ် မှုတို့ကို သက်သေပြနေကြောင်း ယင်းဟဒီးစ်တော် များမှ နားလည်နိုင်မှု အနည်းဆုံးမှာ မောင်လာအလီ (အ.စ) နှင့် စစ်ဖြစ်ခြင်း  မောင်လာအလီ (အ.စ) အပေါ် လအ်နသ်ပို့ခြင်း ကျိန်ဆဲခြင်း  နှင့် ရန်ငြိုးဖွဲ့ကြောင်း ကြေညာခြင်းဖြစ်တို့အား တားမြစ် ထား သည်ဟု ဖြစ်ကြောင်း ယုံကြည် ကြပါ တယ်။

 

ဒုတိယခလီဖဟ် အတွက် ဤကဲ့သို့ ဟဒီးစ် တော်များ ပြုလုပ်ခြင်း အကြောင်း

စွန်နီပညာရှင် အချို့ မှ  တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် ဤဟဒီးစ်တော် နှင့် ဆင်သည့် ဟဒီးစ်တော် တစ်ခု သည် ဟဒီးစ်တော် တစ်ခုသည်အိုမရ်ဘင်န်ခသွာဗ် (ဒုတိယခလီဖဟ်) အတွက် လာရှိကြောင်း ဟဒီးစ်အတုကို ပြုလုပ် ကြိုပမ်းထားကြပါသည်။ထိုဟဒီးစ် အတု အရ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည်  ဒုတိယခလီဖဟ် အတွက် ရဟ်မသ် တော်ရရှိရန် ဒိုအာတောင်းပေးကြောင်း ပြီးနောက် ယုတ်စွအမှန်တရား မှ အိုမရ်ကို ရှောင် သွားသည် ဖြစ်နေပါစေ အိုမရ် သည် အမှန်တရားပြောသူဖြစ်ကြောင်း တမန်တော် မြတ် (ဆွ) မှမိန့်တော်မူ ထားကြောင်းဖြစ်ပါ တယ်။

ဤကိစ္စနှင့်စပ်လျဉ်း၍ အချို့သော သုတေသီများသည် "علی مع الحق"  ဟဒီးစ်တော်  သည် စနဒ် နှင့် အကြောင်း အရာ အရ ငြင်းမရ သို့မဟုတ် အားနည်းကြောင်း မပြုလုပ် နိုင်ကြသည့် အတွက် အေမာမ် အလီ (အ.စ) ၏ ရန်သူ များ အနေဖြင့် အေမာမ် (အ.စ) နှင့် တန်းတူ အေမာမ် (အ.စ)၏ကြီးကျယ်မြင့်မြတ် မှုများ ကိုတိုက်ခိုက်ရန်  အခြားဆွဟာဗဟ် များ ၏  ကြီးကျယ်မြင့်မြတ်မှုများကို အတု ပြုလုပ်ကြသည် ဖြစ်ကြောင်း ယုံကြည်ထား ကြပါ တယ်။

 ဤသို့ဖြစ် အေမာမ် အလီ (အ.စ) တစ်ပါးတည်း အတွက်သီးသန့် မဟုတ်ဘဲ အေမာမ် (အ.စ) ထက်အရင်ခလီဖဟ်များလည်း အေမာမ် အလီ (အ.စ)  ကဲ့သို့ ဖြစ်ကြောင်း သက်သေထူ နိုင်ရန် အတွက်ဖြစ်ပါ တယ်။

 

 

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေး လိုက်ခြင်း ဖြစ်ပါတယ်။

 

·         Āmadī, Sayf al-Dīn. Ghāyat al-marām fī ʿilm al-kalām. Beirut: Dār al-Kutub al-ʿIlmiyya, 1413 AH.

·         Armawī, Mīr Jalāl al-Dīn. ''Taʿlīqāt naqḍ. Tehran: Intishārāt-i Anjuman-i Āthār-i Mellī, 1358 AH.

·         Amīnī, ʿAbd al-Ḥusayn. Nazrat fī kitāb minhāj al-sunnat al-nabawīyya. Edited by Ahmad Kinani. Tehran: Nashr-i Mashʿar, [n.d].

·         Amīnī, ʿAbd al-Ḥusayn. Al-Ghadīr fī al-kitāb wa al-sunna wa al-ʾadab. Qom: Markaz al-Ghadīr li-l-Dirāsāt al-Islāmiyya, 1416 AH.

·         Abū Yaʿlā al-Mawṣilī, Aḥmad b. ʿAlī. Musnad Abī Yaʿlā. Edited by Ḥusayn Sulaym Asad. Damascus: Dār al-Maʾmūn li-Turāth, 1404 AH.

·         ʿĀmilī, Muḥammad b. Ḥasan. Ithbāt al-hudāt bi l-nuṣūṣ wa al-muʿjizāt. Beirut: Muʾassisat al-Aʿlamī, 1422 AH.

·         Bazār, Aḥmad b. ʿAmr al-. Musnad al-Bazār. Edited by Maḥfūz al-Raḥmān Zayn Allāh. Beirut: Muʾassisat ʿUlum al-Qurʾān, 1409 AH.

·         Dhahabī, Muḥammad b. al-Aḥmad al-. Mīzān al-iʿtidāl. Edited by ʿAlī Muḥammad al-Bajāwī. Beirut: Dār al-Maʿrifa li-ṭibaʿat wa al-Nashr, 1382 AH.

·         Fakhr al-Rāzī, Muḥammad b. al-ʿUmar al-. Mafātīḥ al-ghayb (al-Tafsīr al-Kabīr). Third edition. Beirut: Dār Iḥyāʾ al-Turāth al-ʿArabī, 1420 AH.

·         Faqīhīmanī, Mahdī. Ḥaq bā ʿAlī ast. Qom: Daftar-i Tablīghāt-i Islāmī, 1377 Sh.

·         Ganjī al-Shāfiʿī, Muḥammad b. Yūsuf al-. Kifāyat al-ṭālib fī manāqib ʿAlī b. Abī Ṭālib. 2nd edition. Tehran: Dār Iḥyāʾ al-Turāth Ahl al-Bayt, 1404 AH.

·         Ḥākim al-Nayshābūrī. Muḥammad b. ʿAbd Allāh al-. Al-Mustadrak ʿala l-ṣaḥīḥayn. Edited by Musṭafā ʿAbd al-Qādir ʿAṭā. Beirut: Dār al-Kutub al-ʿIlmīyya, 1411 AH.

·         Ḥaskānī, ʿUbayd Allāh b. ʿAbd Allāh al-.Shawāhid al-tanzīl li-qawāʿid al-tafḍīl. Tehran: Majmaʿ Iḥyāʾ al-Thiqāfat al-Islāmīyya, 1411 AH.

·         Ḥakīm, Sayyid Muḥammad Bāqir. Al-imāma wa Ahl al-Bayt; al-nazariyya wa al-istidlāl. Qom: Markaz Islāmī al-Muʿāṣir, 1424 AH.

·         Ḥillī, al-Ḥasan b. Yūsuf al-. Kashf al-yaqīn fī faḍaʾīl Amīr al-Muʾminīn. Tehran: Wizārat-i Farhang wa Irshād-i Islāmī, 1411 AH.

·         Ḥillī, al-Ḥasan b. Yūsuf al-. Minhāj al-kirāma fī maʿrifat al-imāma. Mashhad: Muʾassisa Āshūrā, 1379 Sh.

·         Ḥillī, al-Ḥasan b. Yūsuf al-. Nahj al-ḥaq wa Kashf al-ṣidq. Beirut: Dār al-Kitāb al-Lubnānī, 1982.

·         Hilālī, Sulaym b. Qays. Kitāb Sulaym b. Qays al-Hilālī. Qom: Al-Ḥadī, 1405 AH.

·         Haythamī, ʿAlī b. Abūbakr. Majmaʿ al-zawāʾid wa manbaʿ al-fawāʾid. Edited by Ḥisām al-Dīn al-Qudsī. Cairo: Maktabat al-Qudsī, 1414 AH.

·         Ibn Abī l-Ḥadīd, ʿAbd al-Ḥamīd b. Hibat Allāh. Sharḥ Nahj al-balagha. Qom: Maktabat Ayatullāh al-Marʿashī al-Najafī, 1404 AH.

·         Ibn Taymīyya, Aḥmad b. ʿAbd al-Ḥalīm. Minhāj al-sunna al-nabawīyya fī naqd kalām al-shīʿa al-qadarīyya. Edited by Muḥammad Rashād Sālim. [n.p]: Jāmiʿat al-Imām Muḥammad b. Saʿūd al-Islāmīyya, 1406 AH/1986.

·         Ibn Ḥajar al-ʿAsqalānī, Aḥmad b. ʿAlī. Lisān al-mīzān. Edited by Dāʾirat al-Maʿārif-i Nizāmīyya. 2nd edition. Beirut: Muʾassisat al-Aʿlamī li-l-Maṭbūʿāt, 1390 AH.

·         Ibn Ḥayyūn, Nuʿmān b. Muḥammad. Sharḥ al-akhbār fī faḍāʾil al-aʾimmat al-aṭhār (a). Qom: Muʾassisat al-Nashr al-Islāmī, 1409 AH.

·         Ibn Shahrāshūb, Muḥammad b. ʿAlī. Manāqib Āl Abī Ṭālib. Qom: ʿAllāma, 1379 AH.

·         Ibn Ṭāwūs, ʿAlī b. Mūsā. Al-Taraʾif fī maʿrifat madhāhib al-ṭawāʾif. Qom: Nashr-i Khayyām, 1400 AH.

·         Ibn ʿAsākir, ʿAlī b. al-Ḥasan. Tārīkh madīnat Dimashq. Edited by ʿAlī Shīrī. Beirut: Dār al-Fikr, 1415 AH.

·         Ibn Qutayba al-Dīnawarī, ʿAbd Allāh b. Muslim . Al-Imāma wa l-sīyāsa al-mʿrūf bi-tārīkh al-khulafāʾ. Edited by ʿAlī Shīrī. Beirut: Dār al-Awḍāʾ, 1410 AH.

·         Ibn ʿAṭiyya, Jamīl Ḥammūd. Abha l-murād fī sharḥ muʾtamir ʿulamāʾ Baghdad. Beirut: Muʾassisat al-Aʿlamī li-l-Maṭbūʿāt, 1423 AH.

·         Ibn Jawzī, Abu l-Faraj ʿAbd al-Raḥmān b. ʿAlī. Ṣayd al-khāṭir. Damascus: Dār al-Qalam, 1425 AH.

·         Ibn Kathīr al-Dimashqī, Ismāʿīl b. ʿUmar. Al-Bidāya wa l-nihāya. Beirut: Dār al-Fikr, 1407 AH-1986.

·         Ibn Mardawayh, Ahmad b. Mūsā. Manāqib ʿAlī b. Abī Ṭālib. 2nd edition. Qom: Dār al-Ḥadīth, 1424 AH.

·         Ibn Maghāzīlī, Abū l-Hasan ʿAlī b. Muḥammad. Manāqib ʿAlī b. Abī Ṭālib. Tehran: Majmaʿ al-ʿĀlamī li-Taqrīb Madhāhib al-Islamiyya, 1427 AH.

·         Ibn ʿAdīm, ʿUmar b. Aḥmad. Bughyat al-ṭalab fī tārīkh al-Ḥalab. Edited by Suhayl Zakār. Beirut: Dār al-Fikr, [n.d].

·         Irbilī, ʿAlī b. ʿĪsā al-. Kashf al-ghumma fī maʿrifat al-aʾimma. Tabriz: Maktabat Banī Hāshimī, 1381 AH.

·         Iskāfī, Muḥammad b. ʿAbd Allāh. Al-Miʿyār wa al-muwāzina fī faḍāʾīl al-Imām Amīr al-Muʾminīn ʿAlī b. Abī Ṭālib. Beirut: 1402 AH.

·         Iskāfī, Muḥammad b. ʿAbd Allāh. Naqḍ al-ʿUthmāniyya. Qom: Maktabat Ayatullāh Marʿashī Najafī, 1378, 1383 SH.

·         Juwaynī, Ibrāhīm b. Muḥammad al-. Farāʾid al-samṭayn fī fadāʾil al-murtaḍā wa al-batūl wa al-sibṭayn wa al-aʾimma min dhurrīyatihim (a). Edited by Muḥammad Bāqir Maḥmūdī. Beirut: Muʾassisa al-Maḥmūdī, 1400 AH.

·         Khazzāz al-Qummī, ʿAlī b. Muḥammad b. ʿAlī al-. Kifāyat al-athar fī l-naṣṣ ʿalā l-aʾimmat al-ithnā ʿashar. Qom: Intishārāt-i Bīdār, 1401 AH.

·         Khaṭīb Baghdādī, Aḥmad b. ʿAlī. Tārīkh-i Baghdād. Edited by Musṭafā ʿAbd al-Qādir ʿAṭā. Beirut: Dār al-Kutub al-ʿIlmīyya, 1417 AH.

·         Khwārizmī, Muwaffaq b. Aḥmad al-. Al-Manāqib. 2nd edition. Qom: Jāmiʿat al-Mudarrisīn, 1414 AH.

·         Kāshif al-Ghitāʾ, Shaykh Jaʿfar. Al-ʿAqāʾid al-Jaʿfariyya. 3rd edition. Qom: Muʾassisat Anṣārīyān, 1425 AH.

·         Kulaynī, Muḥammad b. Yaʿqūb al-. Al-Kāfī. 4th edition. Tehran: Dār al-Kutub al-Islāmīyya, 1407 AH.

·         Muttaqī Hindī, ʿAlī b. Ḥisām al-Dīn. Kanz al-ʿummāl fī al-sunan wa al-afʿāl. Edited by Bakrī Ḥayānī and Ṣafwa Saqā. 7th edition. Beirut: Muʾassisa al-Rasāla, 1401 AH.

·         Majlisī, Muḥammad Bāqir al-. Biḥār al-anwār. Beirut: Muʾassisat al-Wafāʾ, 1404 AH.

·         Majlisī, Muḥammad Bāqir al-. Ḥaq al-yaqīn. Tehran: Islamīyā, [n.d].

·         Mufīd, Muḥammad b. Muḥammad al-. Al-Irshād fī maʿrifat ḥujaj Allāh ʿalā l-ʿibād. Qom: Kungira-yi Shaykh al-Mufīd, 1413 AH.

·         Mufīd, Muḥammad b. Muḥammad al-. Al-Jumal wa al-nuṣra li sayyid al-ʿitra fī ḥarb al-Baṣra. Qom: al-Muʾtamar al-ʿĀlamīyya li-Shaykh al-Mufīd, 1413 AH.

·         Mufīd, Muḥammad b. Muḥammad al-. Al-Fuṣūl al-mukhtarat. Qom: al-Muʾtamar al-ʿĀlamīyya li-Shaykh al-Mufīd, 1413 AH.

·         Muḥammadī Rayshahrī, Muḥammad. Mizān al-ḥikma. Qom: Dār al-Ḥadīth, 1422 AH.

·         Mughnīya, Muḥammad Jawād al-. Al-Jawāmiʿ wa al-fawāriq bayn al-Sunnat wa al-Shīʿa. Beirut: Muʾassisa ʿIzz al-Dīn, 1414 AH.

·         Muqaddas al-Ardabīlī, Aḥmad b. Muḥammad al-. Ḥadīqat al-shīʿa. Third edition. Qom: Intishārāt-i Anṣārīyān, 1383 sh.

·         Mīr Ḥāmid Ḥusayn. ʿAbaqāt al-anwār fī imāmat al-aʾimmat al-aṭhār. 2nd edition. Isfahan: Kitabkhāna-yi Amīr al-Muʾminīn, 1366 Sh.

·         Mīlānī, Sayyid ʿAlī al-. Sharḥ minhāj al-karāma fī maʿrifat al-imāmīya. Qom: Markaz al-ḥaqāʾiq al-Islāmiyya, 1386 Sh.

·         Qundūzī, Sulaymān b. Ibrāhīm. Yanābīʿ al-mawadat li-dhi l-qurbā. 2nd edition. Qom: Nashr-i Uswa, 1422 AH.

·         Riḍwānī, ʿAlī Aṣghar. Shīʿashināsī wa pāsukh bi Shubahāt. 2nd editon. Tehran: Nashr-i Mashʿar, 1384 Sh.

·         Sibṭ b. al-Jawzī, Yūsuf b. Qazāwughlī. Tadhkirat al-khawāṣ. Qom: al-Sharīf al-Raḍī, 1418 AH.

·         Subḥānī, Jaʿfar. Buḥūth fī l-milal wa al-niḥal. Qom: Muʾassisa al-Nashr al-Islamī, [n.d].

·         Subḥānī, Jaʿfar. Aḍwāʾ ʿala ʿaqāʾid al-Shiʿa al-imāmiyya. Qom: Muʾassisat Imām al-Ṣādiq, [n.d].

·         Subḥānī, Jaʿfar. Rasāʾil wa maqālāt. 2nd edition. Qom: Muʾassisat Imām al-Ṣādiq, 1425 AH.

·         Sind, Shaykh Muḥammad. Al-Ṣaḥāba bayn al-ʿadāla wa al-ʿiṣmah. 1st edition. Qom: Lisān al-Ṣidq, 1426 AH.

·         Shajarī Jurjāni, Yaḥya b. Ḥusayn. Tartīb al-amālī al-khamīsīya. Edited by Muḥammad Ḥasan Muḥammad Ḥasan Ismāʿīl. Beirut: Dar al-Kutub al-ʿIlmiyya, 1422 AH.

·         Shūshtarī, Nūr Allāh al-Ḥusaynī al-. Iḥqāq al-ḥaqq wa izhāq al-bāṭil. Qom: Maktabat Ayatullāh al-Marʿashī al-Najafī, 1409 AH.

·         Tirmidhī, Muḥammad ibn ʿĪsā al-. Sunan al-tirmidhī. Edited by Aḥmad Muḥammad Shākir. Beirut: Dār Iḥyāʾ al-Turāth al-ʿArabī, 1998.

·         Tunikābunī, Muḥammad b. ʿAbd al-Fattāḥ. Ḍiyāʾ al-qulūb. Qom: Majmaʿ Dhakhāʾir Islāmī, 1382 Sh.

·         Tījānī Samāwī, Muḥammad. Al-Shīʿa hum ahl al-Sunna. Tenth edition. Qom: Muʾassisat Anṣārīyān, 1428 AH.

·         Ṭaliqānī, Muḥammad Naʿīm. Manhaj al-rashād fī maʿrifat al-maʿād. Mashhad: Āstān-i Quds-i Raḍawī, 1411 AH.

·         Ṭabāṭabāʾī, Sayyid Muḥammad Ḥusayn al-. Al-Mīzān fī tafsīr al-Qurʾān. 5th edition. Qom: Daftar-i Intishārāt-i Islāmī Jāmiʿa-yi Mudarrisīn-i Ḥawza-yi ʿIlmīyya-yi Qom, 1417 AH.

·         Ṭabrisī, Faḍl b. al-Ḥasan al-. Iʿlām al-warā bi-aʿlām al-hudā. 3rd edition. Tehran: Islāmiyya, 1390 AH.

·         Ṭabrisī, Aḥmad b. ʿAlī al-. Al-Iḥtijāj. Mashhad: Nashr al-Murtaḍā, 1403 AH.

·         Ṭabarī, ʿImād al-Dīn Ḥasan b. ʿAlī. Kāmil al-Bahāʾī. Translated to Arabic by Muḥammad Shuʿāʿ Fākhir. Qom: Maktabat al-Ḥaydariyya, 1426 AH.

·         Ṭūsī, Muḥammad b. al-Ḥaasn al-. Talkhīṣ al-Shāfī. Qom: Intishārāt-i al-Muḥibbīn. 1382 Sh.

·         Zamakhsharī, Maḥmūd b. ʿUmar al-. Rabīʿ al-abrār wa nuṣūṣ al-khyār. Beirut: Muʾassisat al-Aʿlamī, 1412 AH.

**************************************************************

END / 251