အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၇ ဇန်နဝါရီ ၂၀၂၄

၂၀:၂၉:၂၅
1432950

နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အမေရိကန်၏ စိတ်ဝင်စားဖွယ်တုံ့ပြန်မှု

အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုသည် ဇီယွန်ဝါဒီ အစိုးရနှင့် အတူ မိမိ ၏ ရပ်တည်ချက်ကို တစ်ဖန် ထုတ်ဖော်ခဲ့ပါတယ် ။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က နိုင်ငံတကာ တရားမျှတမှု တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ထူးခြားပြီး စိတ်ဝင်စားဖွယ် တုံ့ပြန်မှု တစ်ရပ်ကို ပြရ ပြောသည်မှာ - ဝါရှင်တန် အနေဖြင့်  အစ္စရေးအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဟု စွဲချက် သည် အခြေအမြစ် မရှိကြောင်း  ပြောကြားခဲ့ပါတယ်။

အခု အချိန် ဟာ ဂါဇာမှာ အစ္စရေးက ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်မှု မရပ်တန့်သည့် အတွက်  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သူ့ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကယ်လီဖိုးနီးယားတရားရုံးမှာ လူ့အခွင့် အရေးအဖွဲ့အ စည်းများ အပါအဝင် ပါလက်စတိုင်းအဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းတွေက အယူခံဝင်ခဲ့တဲ့ အချိန် ဖြစ်ပါတယ်။

နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရ၏ ဝန်ကြီးချုပ် နေတန်ယာဟုက တောင်အာဖရိကက စွဲချက်တင်သည့် အမှုနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံအပေါ် ဟိဂ်အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်ခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်မှာ ကြောက်မက်ဖွယ်ကောင်းပြီး တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ကြောင်း ဖော်ပြကာ ဂါဇာတွင် စစ်ပွဲ ဆက်လက်ဖြစ် နေမည် ဖြစ်ကြောင်း အရှက် သိက္ခာကင်းမဲ့ပြီး လူမဆန် စွာ ပြောကြားခဲ့ပါတယ်။

နယ်ချဲ့ အစ္စရေး၏ ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့ မနေ့က ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ တရားမျှတမှု တရားရုံးက ပြောကြားခဲ့ပြီး ဒီအမှုကို အစ္စရေးက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးက တရားစွဲဆိုခြင်းမပြုရန် အစ္စရေး၏ လျှောက်လဲချက်ကို ပယ်ချခဲ့ပါတယ်။ အစ္စရေးနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုကို စီရင်ဆုံးဖြတ်ရန် တရားရုံး၏ စီရင်ပိုင်ခွင့်အတွင်း၌ ရှိကြောင်းနှင့် အစ္စရေးအပေါ် စွဲဆိုထားသည့် စွဲချက်များသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များအတွင်း အကျုံးဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံးက ၎င်း၏ ကြားဖြတ် စီရင်ချက်တွင် ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251