အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၉ ဇန်နဝါရီ ၂၀၂၄

၂၀:၁၈:၂၀
1433557

ဆွာလေဟိုလ်မိုအ်မေနီးန် အကြောင်း တစေ့ တစောင်း

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ အကောင်းတကာအကောင်းဆုံး မိုအ်မင်များ သို့မဟုတ် ကောင်းမြတ် သည့်မွန်မြတ်သည့် အလုပ်များကိုသာလုပ်ဆောင်ကြသည့် မိုအ်မင်များဖြစ်ပါ တယ်။ စူရဟ် သဇဲဟ်ရီးမ် ၏ စတုတ္တ ‌ မြောက်အာယာသ်တော် မှ ကောက်နုတ် ထားခြင်းဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ အကောင်းတကာအကောင်းဆုံး မိုအ်မင်များ သို့မဟုတ် ကောင်းမြတ် သည့်မွန်မြတ်သည့် အလုပ်များကိုသာလုပ်ဆောင်ကြသည့် မိုအ်မင်များဖြစ်ပါ တယ်။ စူရဟ် သဇဲဟ်ရီးမ် ၏ စတုတ္တ ‌ မြောက်အာယာသ်တော် မှ ကောက်နုတ် ထားခြင်းဖြစ်ပါ တယ်။

 ဤအာယသ်တော် တွင် ဆွာလေ ဟိုလ် မိုအ်မေနီ  ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ်  ၊ ဂျီဘရာအီးလ် (အ.စ) နှင့်အခြား သော ကောင်းကင် တမန်များနှင့် အတူ အစ္စလာမ့် ၏ တမန်တော်မြတ် မြတ် (ဆွ) အား  ထောက်ခံ အား ပေးသူအား မိတ်ဆက်   ပေးထားခြင်းဖြစ် ပါ တယ်။  သဖ်စီးရ် ပညာရှင်များအနေဖြင့် အာယသ်တော် ဆွာလေ ဟိုလ်မိုအ်မေနီ ကျရောက်ရသည့် သက်သေ မှာ တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော် အချို့ မှ ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) အား နှောင့်ယှက် ၊ ဒုက္ခဖြစ် စေသည့်အတွက်ကြောင့် ကျရောက်လာခြင်းဖြစ်သည်ဟု ဆိုထား ပါ သည်။ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ်အနေဖြင့် ဤအာယသ်တော်ကိုကျပေးပြီး ပြစ်တင်ရှုတ် ချတော်မူခဲ့ပြီး၎င်းတို့၏ အပြုအမှု အတွက် သောင်ဗဟ် ပြုရန် မိန့်ဆိုထားတော်မူပါ တယ်။

အချို့ သဖ်စီးရ်ပညာရှင်များ အနေဖြင့် ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည် စကားလုံးသည် တစ်ခုကိန်း အတွက် ဖြစ်ပြီး မတ်စ်သက်(ခ) သက်ဆိုင်ပတ်သက်မှု တစ်ဦးတစ်ယောက်အတွက်ဖြစ်သည်ဟုဆိုကြပါသည်။ အခြား သဖ်စီးရ် ပညာရှင်များ အနေဖြင့် ဆွာလေဟိုလ်မိုအ်မေနီ အား အစ်မေဂျင်စ် (اسم جنس)  ဖြစ်ပြီး သီလ၊သမာဓိ (ခ)(သက္က်ဝါး) ရှိသည့် မွတ်စလင်မ် များအားလုံး ရည်ညွန်း ခြင်း ဖြစ်သည်ဟု ဆိုထားပါ တယ်။

။ရှီအဟ် သဖ်စီးရ် ပညာရှင်များ ၏ အမြင်အရ အေမာမ်အလီ (အ.စ) အား တစ်ခုကိန်း အတွက် ဖြစ်ပြီး မွတ်စလင်မ်များ အားလုံး ဆိုသည်ထက် ပိုမို၍ ကောင်း မွန်ကြောင်း ဖြစ်ပါသည်။ ပထမရှုထောင့် ဖြစ်သည့် တစ်ခုကိန်း အတွက် သက်သေ အထောက်အထား မှာ ရှီအဟ်၊စွန်နီ ကျမ်းကိုးများ တွင် လာရှိသည့် ရီဝါယသ်တော် များဖြစ်ပါ တယ်။ ဆင့်ပြန်ချက် လာရှိပါ သည်။ အေမာမ်အလီ (အ.စ)သည် အစ်ဆ်မသ် (အပြစ်မဲ့ခြင်း ) နင့် ထိုက်တန်သည့် အရည်အချင်းများ၏ ပိုင်ရှင်ဖြစ်သည့် အတွက်ကြောင့်  တစ်ဦး တည်းသော ဆွာလေ ဟိုလ်မိုအ် မေနီနှင့် သက်ဆိုင် သူတိုက်တန်သူ ကိုက်ညီသူ ဖြစ်ကြောင်း သတ်မှတ် ထားကြပါ တယ်။

အချို့စွန်နီ သဖ်စီးရ် ပညာရှင်များ အနေဖြင့် ပထမခလီဖွာနှစ်ပါး အား ၎င်းတို့၏သမီးတော်  နှစ်ပါး (ဟဇရသ် အာအေရှဟ် နှင့် ဟဇရသ်ဟဖ်ဆဟ် ) တို့မှ ကိုယ်တော်မြတ်(ဆွ) အား  နှောင့်ယှက် ၊ ဒုက္ခဖြစ် စေသည့် အတွက်ကြောင့် ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာပထမခလီဖွာ နှစ်ပါး (အဘူဘကဲရ်နှင့်အိုမရ် )ဖြစ်သည်  ဟုခံ ယူထား ကြပါ တယ်။  သို့သော် ပထမခလီဖွာ နှစ်ပါး အတွက် သီးသန့် မဟုတ်ကြောင်း ဆိုကြပါ တယ်။

ဆိုလိုချက် ၊ယူဆချက် အား လေ့လာ ကြည့်မည်ဆိုလျှင်  

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ အကောင်းတကာအကောင်းဆုံး မိုအ်မင်များ သို့မဟုတ် ကောင်းမြတ် သည့် အလုပ်များကိုသာလုပ်ဆောင်ကြသည့် မိုအ်မင်များဖြစ်ပါ တယ်။ အချို့ သဖ်စီးရ် ပညာရှင်များ အနေဖြင့် ဆွာလေဟ် ဆိုသည့် စကားလုံးသည် အရဘီ သဒ္ဒါ အရ အစ်‌မေဂျင်စ် (اسم چنس) ဖြစ်ကြောင်းဆို ထားပါ တယ်။  ကောင်းမွန်သည့် အလုပ်များလုပ်ဆောင်သည့် သက္က်ဝါးအ် ရှိသူများ အီမာန် အပြည့် အဝရှိသူ များ အားလုံး နှင့်သက်ဆိုင်ကြောင်း လက်ခံထားကြပါ တယ်။ အခြားတစ်ဖက်တွင် လည်း ဆွာလေ ဟိုလ်မိုအ်မေနီ အများ နှင့်ဆိုင်သည်ဆိုသည့် သဘောကို ငြင်းပယ်ပြီး ဤစကားလုံးသည် လူတစ်ဦးတည်း အတွက်သာ အသုံးပြုနိုင်သည်ဟု ယုံကြည်ကြပါ တယ်။

အလာမဟ် သွဗာသွဗာယီ ၏ အဆိုအရ «  ဆွာလေဟိုလ်မိုအ်မေနီ » ၏ အဓိပ္ပာယ်မှာ « အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် » မဟုတ် ကြောင်း ဆိုထားပါသည်။  ဒုတိယ စကားစုဖြစ်သည့် « အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် »  တွင် ဆွာလေဟ် ဆိုသည့် စကားလုံးထိပ်တွင် အလစ်ဖ် နှင့်လာန်မ် ထိပ်တွင် လာရှိသည့် အတွက် အစ်‌မေဂျင်စ် (اسم چنس)ဖြစ်ပြီး  အားလုံး နှင့်သက်ဆိုင်သည့် သက်သေပြနေကြောင်း « အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် » ဆိုလျှင် ဂျင်စ်စီယသ် နှင့်အများ နှင့်သက်ဆိုင်မှု ကို မပြုဆို ကြောင်းဆိုထားပါ တယ်။

 

အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် အာယသ်တော် အကြောင်း

အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် အား ဤ အာယသ်တော်မှ ကောက်နှုတ်ထား ခြင်း ဖြစ်ပါသည်။ «إِن تَتُوبَا إِلَی اللهِ فَقَدْ صَغَتْ قُلُوبُکمَا ۖ وَإِن تَظَاهَرَ‌ا عَلَیهِ فَإِنَّ الله هُوَ مَوْلَاهُ وَجِبْرِ‌یلُ وَ صَالِحُ الْمُؤْمِنِینَ ۖ وَالْمَلَائِکةُ بَعْدَ ذَٰلِک ظَهِیرٌ‌؛ အဓိပ္ပာယ် အကယ်၍အသင်မတို့ (အမျိူးသမီး နှစ်ဦး ) အလ္လာဟ်ဟိုအရှင်မြတ်ထံ ဝယ်သောင်ဗဟ် (ဝန်ချတောင်းပန်)ပါ လေ။ (ပိုကောင်းလေ၏။)အမှန်တကယ် အသင်မတို့ နှစ်ဦး ၏ နှလုံးသားများ သည် လွဲချော် သွားခဲ့ချေပြီး။ အကယ်၍ အသင်မတို့ နှစ်ဦးသည် သူ(တမန်တော်မြတ်(ဆွ) )အားဆန့်ကျင်ဘက် ကူညီကြမည်။အမှန်တကယ် အလ္လာဟ်ဟို အရှင်မြတ်ကိုယ်တိုင် သူ(တမန်တော်မြတ်(ဆွ)) အား ဘက်စုံ အုပ်ထိန်း စောင့်‌ ရှောက် တော်မူ သည့် အရှင်ဖြစ်ပါသည်။ပြီးနောက် ဂျီဘရာအီးလ် (အ.စ) ၊ အကောင်းတကာ အကောင်းဆုံး မိုအ်မင်များ (သည်လည်း ဘဲ သူကို ကူညီသူများ ဖြစ်ကြပါသည်။ ) ပြီးနောက် ကောင်းကင်တမန်များသည်လည်းဘဲ   သူ(ကိုယ် တော်မြတ်(ဆွ) ) အား ကူညီထောက်ခံသူများ ဖြစ်ကြပေလိမ့် မည်။ (6) ဤသို့ဖြင့် ဖော်ပြပါ အာယသ် တော် အား ဆွာလေဟိုလ်မိုအ်မေနီ အဖြစ်ခေါ်ဆိုပါ တယ်။

အာယသ်တော် ကျရောက်ရသည့် အကြောင်းခံ

ဆွာလေဟိုလ်မိုအ်မေနီ အာယသ်တော် ကျရောက်ရသည့် အကြောင်းခံ နှင့်ပတ်သက်ပြီးရီဝါယသ်တော်များ ဆင့်ပြန်လာရှိပါသည်။ တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) ၏ ကြင်ယာတော် အချို့ မှ ကိုယ်တော်အား နှောင့်ယှက် ၊ ဒုက္ခဖြစ် စေသည့်အတွက်ကြောင့် ကျရောက်လာခြင်းဖြစ်သည်ဟု ဆိုထား ပါ တယ်။

ရီဝါယသ်တော်များ ၏ အဆိုအရ တမန်တော်မြတ်(ဆွ) သည် မိမိ၏ကြင်ယာတော် တစ်ပါးထံသို့ သွားခဲ့ပါ တယ်။ ပျားရည်အချို့ ကို စားသောက်တော်မူထားပြီး အချိန်အတော်ကြာအောင် နေတော်မူခဲ့ပါ တယ်။ ဟဇရသ် အာအေရှာ အနေဖြင့် အချို့ ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ နှင့်ပေါင်းပြီး အစီအစဥ်ပြု လေ၏။ ထိုအစီအစဥ် မှာ ဤပျားရည် အား အနံ့ဆိုးသည်ဟု အကြောင်း ပြပြီး တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အနီး မသွားရန် ဖြစ်ပါ တယ်။

 ဤအစီအစဥ်ကြောင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် မိမိအတွက် ပျားရည် စားခြင်းအား ဟရာမ် လို့ သတ်မှတ်လိုက်လေ တယ်။ အချို့ ရီဝါယသ်တော်များ တွင် လာရှိသည်မှာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည်မိမိကြင်ယာတော် များ အနီးသို့ မသွားတော့ဘဲ နောက် ဆုံးသွာလါက်(ကွာရှင်းပြတ်စဲခြင်း) ပြုရန်အထိ ဆုံး ဖြတ်ခဲ့သည်ဟု ဖြစ်ပါ တယ်။ ။ အချိန်အတန်ကြာပြီးနောက် စူရဟ် သဇဲဟ်ရီးမ် ၏ အာယသ်တော်များ ကျရောက်ခဲ့ပါသည်။ တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) အား ဟလာလ် ဖြစ်သည့် အရာများကိုဟရာမ် ပြုခြင်း မပြုရန် တားမြစ်တော်မူခဲ့ပါ တယ်။

ဤ အာယသ်တော် တွင် တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော် အားကိုယ်တော်မြတ်  မိုဟမ္မဒ် (ဆွ) အား နှောင့်ယှက် ၊ ဒုက္ခ ဖြစ် စေသည့် အတွက်ကြောင့် သောင်ဗဟ် (ဝန်ချတောင်းပန်) ရန် ပြောကြားထားပါသည်။ ၎င်းတို့အား သတိပေး မိန့်ကြားလေ၏။ အကယ်၍ ၎င်းတို့သည် တမန်တော်မြတ်အား နှောင့် ယှက် ဒုက္ခပေးရန် တွန်းအား ပြုမည်ဆိုလျှင်  အလ္လာဟ်ဟို အရှင်မြတ် သည် တမန်တော်မြတ်  မိုဟမ္မဒ် (ဆွ) ၏ ဝလီ နှင့် ဘက်စုံ အုပ်ထိန်းသူ ဖြစ်ကြောင်း ၎င်းပြင် ကိုယ်တော်မြတ်(ဆွ) အား ခြိမ်းခြောက်သည့် မည်သည့် အန္တရာယ်မျိုး တွင်မဆို ပြုလာမည်ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ်သည် ကိုယ်တော် ဘက်  မှ ရပ်တည် ကူညီမည် ဖြစ်ကြောင်း အလ္လာဟ်ဟို အရှင်မြတ်  ၊ ဂျီဘရာအီးလ် (အ.စ) နှင့် ဆွာလေဟိုလ် မိုအ်မေနီ (အကောင်း တကာအကောင်းဆုံး မိုအ်မင်များ) နှင့် အခြား ကောင်းကင်တမန်များသည်  တမန်တော် မြတ် မြတ် (ဆွ) အား  ထောက်ခံအား ပေးသူကြမည့်သူ များ ဖြစ်ကြောင်းဖြစ်ပါ တယ်။

ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည်မှာ မည်သူဖြစ်ပါသနည်း?

ရှီအဟ်သဖ်စီးရ် ပညာရှင်အများအပြားသည်  အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) အား ဆွာလေဟိုလ်မိုအ်မေနီ အတွက်ကိုက်ညီသူ အဖြစ် လက်ခံ ထားကြပါ တယ်။ အလာမဟ် မဂျ်လေစီ ရှီအဟ်အာလင်မ်များ နှင့် အလာမဟ် ဟစ်လီ တို့၏ အဆိုအရ သဖ်စီးရ်ပညာရှင်များ တစ်ညီတစ်ညွတ် တည်း ဆွာလေဟိုလ် မိုအ်မေနီ အတွက် ကိုက်ညီသူသည် အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ဖြစ်ကြောင်း လက်ခံ ထားကြပါ တယ်။ ၎င်းအတွက် အကိုးအကား သက်သေအထောက်အထား မှာ ရှီအဟ် အရင်းအမြစ်များ နှင့် စွန်နီ အရင်းအမြစ်များမှ ရီဝါယသ်တော်များ ဖြစ်ပါ တယ်။

 ထိုရီဝါဝသ် တော်များသည် အေမာမ် အလီ (အ.စ) တစ်ဦးတည်းကို သာလျှင် ဆွာလေဟိုလ်မိုအ်မေနီ နှင့် ကိုက်ညီသူဟု ဆိုထား ကြပါ တယ်။ အကြောင်းအရင်းနှင့်ပတ်သက်၍ ဆွာလေဟိုလ်မိုအ်မေနီ သည် မလွဲမသွေ အကောင်းတကာ အကောင်းဆုံး မိုအ်မင် ဖြစ်ရမည်။ မအ်စူမ် (ခ) ပြစ်မဲ့ ဖြစ်ရမည် ဖြစ်ပါသည်။ အကြောင်း မှာ ဂျီဘရာအီးလ် (အ.စ) နှင့် အခြား ကောင်းကင်တမန်များ အတူ ရှိသည်ဆို လာရှိသည့် အတွက်ကြောင့် ဖြစ်ပါ တယ်။ အလာမဟ် သွဗါသွဗာအီ သည် အေမာမ် အလီ (အ.စ) တစ်ပါးတည်း ကို သာ ဆွာလေဟိုလ်မိုအ်မေနီ အတွက်ကိုက်ညီသူ အဖြစ်လက်ခံ ထားပါ တယ်။

ဤထင်မြင်ချက်နှင့် ဆန့်ကျင်ဘက် အနေဖြင့် အခြားသော ဆွန်နီသဖ်စီးရ် ပညာရှင်များ ရှီအဟ် ပညာရှင်များ သည် ဆွာလေဟိုလ်မိုအ်မေနီ ဆိုသည် မှာ ကောင်းမွန်ကောင်းမြတ်သည့် အလုပ်ကို လုပ်ကြသည့် မိုအ်မင်များ အားလုံး ၊ သက္က်ဝါးရှိသူမိုအ်မင်များ အားလုံး ၊ အီမာန် အပြည့် ရှိသညာ့် မိုအ်မင်များ အားလုံး နှင့် ကိုက်ညီကြောင်းပြောကြားထားပါ တယ်။ ဤအချက်ကို အခြေခံပြီး ရှီအဟ် သဖ်စီးရ် ပညာရှင်ကြီးများ မှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး ၊ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ အဗ်ဒိုလ္လာဟ် ဂျဝါဒီ အာမိုလီ တို့ မှ အေမာမ် အလီ (အ.စ) အား အပြီးပြည့် စုံသော အကိုက်ညီဆုံးသောသူ သာဖြစ်ကြောင်း မိတ်ဆက် ထားပေးပါ တယ်။

စွန်နီ သဖ်စီးရ် ပညာရှင်များ မှ အာလူစီ (ကွယ်လွန် ၁၂၇၀ ဟီဂျရီ ) ဆွာလေဟိုလ်မိုအ်မေနီ နှင့် ကိုက်ညီသူများ မှာ ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် ဖြစ်ကြောင်း လက်ခံ သတ်မှတ်ထားပါ တယ်။ သို့သော် ဤကိုက်ညီမှုသည်  ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် အတွက်သာ သီးသန့် လာရှိခြင်း မျိုး မဟုတ် ကြောင်း ဆိုထားပါ တယ်။  ခြောက်ရာစု ၏ စွန်နီ သဖ်စိးရ် ပညာရှင် အစ်ဘ်နေအစာကေရ် အနေဖြင့် ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် ဖြစ်ကြောင်း အမြင်ကို တင်ပြသူ ဖြစ်ကြောင်း  သက်သ အထောက် အထားမှာ ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် တို့ သည် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ကြင်ယာ တော် များ ဖြစ်ကြသည့်  မိမိတို့ သမီး နှစ်ဦး ဟဇရသ် အာအေရှဟ် နှင့် ဟဇရသ် ဟဖ်ဆဟ် တို့အား ကိုယ်  တော် မြတ်(ဆွ)အား ‌နှောင့်ယှက် ဒုက္ခ ပေး ခြင်း မှာ တားမြစ် ခဲ့ကြသည့် အတွက်ကြောင့် ဖြစ်သည်ဟု ဆိုထား ပါ တယ်။

ရှိုရှ်သရီ အနေဖြင့် ဤအမြင် နှင့်ပတ်သက်ပြီး သဖ်စီးရ် ပညာရှင်များ တစ်ဉီတစ်ညွတ်တည်း မရှိဘဲ အကွဲအလွဲများ ရှိကြောင်း   « ဆွာလေ ဟိုလ်မိုအ်မေနီ » နှင့် အကိုက်ညီဆုံး ဆိုလိုသည်မှာ   « အလ်ဆွာလေဟို မင်န်နလ်မိုအ်မေနီးန် » (အကောင်းတကာ အကောင်းဆုံး မိုအ်မင်များ ) ဖြစ်ကြောင်း အကြောင်း မှာ လူများစွာကို တစ်ခုကိန်း တစ်လုံးတည်းသုံးခြင်းမှာ စာပေသဒ္ဒါ စည်းမျဉ်းများကို ဆန့်ကျင်သောကြောင့် ဖြစ်ပါ သည်။ယင်းကိုအခြေခံ၍ လူတစ်ဦးတည်းသာ ဤအယူအဆ၏ အကိုက်ညီးဆုံး ဖြစ်ပါသည်။(23) ထို့အပြင်၊ ဆွန်နီရင်းမြစ်များရှိ ဟဒီးစ်တော် အချို့ကိုအခြေခံ၍ ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အုမရ် သို့မဟုတ် ဟဇရသ် အုမရ် တစ်ဦးတည်း သည် ဆွာလေ ဟိုလ်မိုအ်မေနီ နှင့် အကိုက်ညီဆုံး ဖြစ်ကြောင်း ဆိုထားကြပါ တယ်။ သို့သော် ဤ ဟဒီးစ်တော်များသည် ဇွအီးဖ် (အားနည်းသည့် ၊ မမှန်ကန်သည့်) ဟဒီးစ်တော် များ ဖြစ်ကြပါ တယ်။

ကျမ်းကိုးများ  (ပါရှန်း ဘာသာစကားဖြင့်)

  • ابوحیان اندلسی، محمد بن یوسف، البحر المحیط فی التفسیر، تحقیق صدقی محمد جمیل، بیروت،‌ دارالفکر، ۱۴۲۰ق.
  • آلوسی، محمود بن عبدالله، روح المعانی فی تفسیر القرآن العظیم و السبع المثانی، بیروت،‌ دار الکتب العلمیة، ۱۴۱۵ق.
  • حسکانی، عبیدالله بن احمد، شواهد التنزیل لقواعد التفضیل، تحقیق محمدباقر محمودی، تهران، وزارت ارشاد، ۱۴۱۱ق.
  • سید بن طاووس، سیدعلی، سعد السعود للنفوس منضود، قم، محمدکاظم الکتبی.
  • حویزی، عبدالعلی، تفسیر نور الثقلین، تحقیق هاشم رسولی محلاتی، قم، اسماعیلیان، ۱۴۱۵ق.
  • خداپرست، اعظم و دژآباد، حامد، «بررسی تطبیقی دیدگاه مفسران فریقین درباره مصداق صالح‌المؤمنین» در مجله مطالعات تفسیری، شماره ۲۲، ۱۳۹۴ش.
  • سیوطی، جلال‌الدین، الدر المنثور، قم، کتابخانه مرعشی نجفی، ۱۴۰۴ق.
  • شوشتری، قاضی نورالله، احقاق الحق و ازهاق الباطل، قم، کتابخانه مرعشی نجفی، ۱۴۰۹ق.
  • صادقی تهرانی، محمد، الفرقان فی تفسیر القرآن، قم، فرهنگ اسلامی، ۱۴۰۶ق.
  • طباطبایی، سید محمدحسین، المیزان فی تفسیر القرآن، بیروت، دار احیا التراث العربی، ۱۳۹۰ق.
  • طبرسی، فضل بن حسن، مجمع‌البیان، تهران، ناصرخسرو، ۱۳۷۲ش.
  • طبری، محمد بن جریر، جامع البیان فی تفسیر القرآن، بیروت،‌ دارالمعرفة، ۱۴۱۲ق.
  • علامه حلی، حسن بن یوسف، نهج الحق و کشف الصدق، به‌کوشش عین‌الله الحسنی ارموی، قم،‌ دارالهجرة، ۱۴۰۷ق.
  • علامه حلی، حسن بن یوسف، منهاج الکرامه فی معرفة الامامه، مشهد، مؤسسه عاشورا، ۱۳۷۹ش.
  • علامه مجلسی، محمدباقر، بحارالانوار، بیروت، داراحیاء التراث العربی، ۱۴۰۳ق.
  • قرشی، علی‌اکبر، قاموس قرآن، تهران،‌ دار الکتب الاسلامیة، ۱۴۱۲ق.
  • مکارم شیرازی، ناصر، تفسیر نمونه، تهران،‌ دار الکتب العلمیة، ۱۳۷۱ش.
  • واحدی، علی بن احمد، اسباب نزول القرآن، تحقیق کمال بسیونی زغلول، بیروت،‌ دار الکتب العلمیة، ۱۴۱۱ق.

**************************************************************

END / 251