အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၀ ဇန်နဝါရီ ၂၀၂၄

၂၀:၁၃:၀၃
1433856

အေမာမ် အလီနကီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လူများ၏ အဆင့်အတန်းနှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام علي النقي (عليه السلام):

النّاسُ فِي الدُّنْيا بِالاْمْوالِ وَ فِى الاْخِرَةِ بِالاْعْمالِ.

အေမာမ် အလီနကီ   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

“လူတို့၏ အဆင့်အတန်းသည် ဤလောက၌ ၎င်းတို့၏ စည်းစိမ်ဥစ္စာနှင့် နောင်တမလွန်၌ ၎င်းတို့၏ လုပ်ဆောင်ချက်များအပေါ် အခြေခံပါသည်။“

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၃၆၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ပစ္စည်း ဥစ္စာနှင့် စည်းစိမ်ဥစ္စာဟူသည် လောက၌  လူသားတစ်ဦး အတွက် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ လူတစ်ဦးသည် ချမ်းသာမှုနှင့် လိုအပ်ချက် အားလုံးကို လွယ်ကူစွာ ဖြည့်ဆည်းပေးနိုင်ပါတယ်။ လောကမှာ လူများ၏ အဆင့်အတန်းက စည်းစိမ်ဥစ္စာဖြစ် သည့် အတွက်ကြောင့် ပိုချမ်းသာလေ ပိုပြီး လေးစားစရာ ကောင်းလေဘဲ ဖြစ်ပါတယ်။ သို့သော် နောင်တမလွန်ဘဝ (အာခေရသ် ) တွင် လူသား ၏ အဆင့်အတန်းသည် ၎င်း ၏ ကုသိုလ်ကောင်းမှု ဖြစ်သောကြောင့် ကုသိုလ်ကောင်းမှု များလေလေ ဂျန္နသ် သူခဘုံ၌ နေရာ မြင့်မြင့်  ဖြစ်ပေလိမ့်မည်။

 

****************************************************************

END / 251