အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၀ ဇန်နဝါရီ ၂၀၂၄

၂၁:၂၈:၁၁
1433869

အဲဟ်ကာမ်မေ အကီးကဟ် နှင့်ပတ်သက်ပြီး မှတ်ထားရမည့် ပွိုင့်များ ကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

1️  မိမိ၏ သား နှင့် သမီး အတွက် အကီကဟ်ပြုပေးခြင်းသည်  မွတ်စ်သဟဗ်ဘေ မိုအကဒ ဖြစ်ပါတယ်။

2️ အကီးကဟ် အတွက်  ကုရ်အာနီ ပြုလုပ်မည့် သားကောင် သည်  သိုး သို့မဟုတ် နွား သို့မဟုတ် ကုလားအုတ် ဖြစ်ကို ဖြစ်ရပါ မည်။

3️ သားယောက်ျားလေး အတွက် ကုရ်ဘာနီပြုမည့် သားကောင် သည် အထီး  ဖြစ်ခြင်း နှင့် သမီး မိန်းကလေး အတွက် ကုရ်ဘာနီပြုမည့် သားကောင်  သည် အမ ဖြစ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။

 4️ကလေးမွေး ပြီး သတ္တမမြောက်မွေးနေ့တွင်အကီးကဟ် ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။

5️အကီးကဟ် မပြုဘဲ ၎င်း ၏ တန်ဖိုးငွေ ကို ဆဒ်ကဟ် အဖြစ် ပေးခြင်းသည် မလုံလောက်ချေ။ (မပြုနိုင်ပေ။)  

6️အကီးကဟ် ပြုထားသည့် ကုရ်ဘာနီ အသားကို အစိမ်း ဖြစ်စေ ချက်ပြုတ်ပြီးဖြစ်စေ  ‌ဝေငှ နိုင်ပါတယ် ။

7️အကီးကဟ် ပြုထားသည့် ကုရ်ဘာနီ  အသားကို ချက်ပြုတ်ပါက မိုအ်မင် သက်ဝင်ယုံကြည်သူ  အုပ်စု မှ  (အနည်းဆုံးဆယ်ယောက်၊ပိုများလျှင် ပိုကောင်း ပေသည်။) ကိုဖိတ်ကြားပြီး  ကျွေးမွေးဧည့်ခံ ပြီး အစားအစာပြီး နောက်ကလေး အတွက် ဒိုအာ တောင်းသင့်ပါသည်။

8️အကီးကဟ် ပြုထားသည့် ကုရ်ဘာနီ  အသား အား ( ဘေနာဘရ်အဲဟ်သေယာသွ် )  လူတစ်ချို့ အတွက်  စားသုံးခြင်းသည် မကရူးဟ် ဖြစ်ပါတယ်။ ၎င်းလူအချို့ မှာ အကီးကဟ်ပြုပေးသူ ၊  သူအမည်ဖြင့် အကီးကဟ် ပြုပေးခြင်းခံရသူ ၊ အကီးကဟ် ပြုပေးသူထံတွင်စားသောက်ရန် မှီခိုနေရသူများ  ဖြစ်ပါတယ်။

ကျမ်းကိုးများ နှင့် ရည်ညွှန်းများ

(၁) သဲဟ်ရီးရိုလ်ဝစီးလဟ်ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၃၃၁

(၂) အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမိုရှီးရာဇီး ၏ ဝဘ်ဆိုက်ဒ် မှ

(၃) မတ်စ်ဂျစ်ဒ်ဒေ ဂျာမေအ် ကမရ်ရေဘနီ ဟာရှင်းမ် (အ.စ) ၊ ရိုင်းမြို့ ၏ တင်ပြချက် မှ

 

****************************************************************

END / 251