အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၆ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၃:၅၁
1435836

သက်ဖီးရ်ရေ ဂိုနာဟာန် အကြောင်း သိကောင်းစရာ

သက်ဖီးရ်ရေ ဂိုနာဟာန် ဆိုသည်မှာ ကောင်းသောလုပ်ရပ်များ၏ ဆဝါးဗ် (ဆုလာဘ်) ကြောင့် ကေယမသ်နေ့ (ရှင်ပြန်ထမြောက်ခြင်းနေ့) တွင် အပြစ်များကို ချေဖျက်ခြင်း သို့မဟုတ် ၎င်းတို့၏ အကျိုးသက်ရောက်မှုဟု ဆိုလိုခြင်းဖြစ်ပါသည်။ ကုရ်အာန် နှင့် အစ္စလာမ့်ဟဒီးစ် များတွင် အီမာန် (ယုံကြည်ခြင်း) ၊ အမဲလ်လေဆွာလေဟ်(ဖြောင့်မတ်သောအကျင့်) ၊ သောင်ဗဟ်(နောင်တရပြီးဝန်ချ တောင်း ပန်းခြင်း) ၊ ဂျေဟာဒ် ၊ လျှို့ဝှက် ပေးသည့် ဆဒ်ကဟ် နှင့် အေဗါဒသ် (ခဝတ်ပြုကိုးကွယ်ခြင်း) တို့ကို အပြစ်များကို ချေဖျက်‌ပေးသည့် အကြောင်းရင်းများအဖြစ် ဖော်ပြထားပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

သက်ဖီးရ်ရေ ဂိုနာဟာန် ဆိုသည်မှာ ကောင်းသောလုပ်ရပ်များ၏ ဆဝါးဗ် (ဆုလာဘ်) ကြောင့် ကေယမသ်နေ့ (ရှင်ပြန်ထမြောက်ခြင်းနေ့) တွင် အပြစ်များကို ချေဖျက်ခြင်း သို့မဟုတ် ၎င်းတို့၏ အကျိုးသက်ရောက်မှုဟု ဆိုလိုခြင်းဖြစ်ပါသည်။ ကုရ်အာန် နှင့် အစ္စလာမ့်ဟဒီးစ် များတွင် အီမာန် (ယုံကြည်ခြင်း) ၊ အမဲလ်လေဆွာလေဟ်(ဖြောင့်မတ်သောအကျင့်)  ၊ သောင်ဗဟ်(နောင်တရပြီးဝန်ချ တောင်း ပန်းခြင်း) ၊ ဂျေဟာဒ် ၊ လျှို့ဝှက် ပေးသည့် ဆဒ်ကဟ်  နှင့် အေဗါဒသ် (ခဝတ်ပြုကိုးကွယ်ခြင်း) တို့ကို အပြစ်များကို  ချေဖျက်‌ပေးသည့် အကြောင်းရင်းများအဖြစ် ဖော်ပြထားပါ တယ်။

သက်ဖီးရ်ရေ ဂိုနာဟာန် သည် ကလာမ်မီ(ယုံကြည်ချက်စရာ) ဆိုင်ရာ ဆွေးနွေးစရာတစ်ခု ဖြစ်ပါသည်။ မွတ်စလင်မ် မိုသက လင်းမ်များ ( သက်ဝင်ယုံကြည်ချက်များကို အထောက်အထားများဖြင့်တင်ပြသည့်၊ သံသယများကို လည်း အထောက်အထားများနှင့် အဖြေပေးသည့် သာသနာ့ ပညာရှင်များ) အနေဖြင့် သက်ဖီးရ်ရေ ဂိုနာဟာန် အား အေဟ်ဘာသွ် (ဆဝါးဗ် နှင့်ကောင်းမှုကုသိုလ် များသည် ဂိုနဟ် အပြစ်ကြောင့်ပျက်စီးသွားခြင်း) ၊ အေဟ်ဘာသွ် နှင့် သက်ဖီးရ် ၊ သဟာဘိုသိုအအ်မါလ် ၊ဂျဝါဇ်ဇို  အစ်ဂျ်သေ မါအ် ဝါးဗ်  ဝအေကာဘ် ဆိုသည့် ခေါင်းစဥ်များ နှင့်ဆွေးနွေးတင်ပြထားပါသည်။

ကုရ်အာန် နှင့် ဟဒီးစ်များတွင် ဖော်ပြထားသော အပြစ်များအတွက်သာ အေမာမ် မီယဟ် နှင့် အာရှ အေရဟ် တို့ ကလက်ခံပါသည်။ သို့သော် မုအ်သေဇလဟ် သည် သက်ဖီးရ် သည် အပြစ်အားလုံးကို ဖယ်ရှားပေး သည်ဟု ယုံကြည်ကြပါသည်။ အေမာမ်မီယဟ် မိုသက လင်းမ်များ (အေမာမ်မီယဟ်ယုံ ကြည်ချက်များ ဆိုင်ရာပညာရှင်များ )အနေဖြင့် မုအ်သေဇလဟ် ၏ အမြင်ကို အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့်ပေးသည့် ဆုလာဘ်များ နှင့် ပြစ်ဒဏ်များကို သီးခြားစီ တွက်ချက် သတ်မှတ် ပေး သည့် ကုရ်အာန်၏ အချို့အာယသ် တော် များနှင့် ဆန့်ကျင်သည်ဟု ယူဆကြပါ တယ်။

ဆိုလိုချက်ကို သိနားလည်အောင်လေ့လာဆိုလျှင်

သက်ဖီးရ် ၏ အဓိပ္ပာယ် မှာ ဖုံးကွယ်ရန်၊ ဖုံးအုပ် ခြင်း ဖြစ်ပါ တယ်။  ထို့ကြောင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ကောင်းချီးများကို ငြင်းပယ်သောသူအား ကာဖေရ် (ငြယ်ပယ်သူ) ဟုခေါ်ပါ တယ်။ အေလ်မေ ကလာမ် တွင် သက်ဖီးရ်ရေ ဂိုနာဟာန် အဓိပ္ပာယ် မှာ ကောင်းမှု ကုသိုလ်များ၏ ဆဝါးဗ်  ကြောင့် အပြစ်များ ၏ ပြစ်ဒဏ် ပယ်ပျက် ပေးခြင်း ဖြစ်ပါ သည်။ ဤစကားအရ သက်ဖီးရ် သည် အေဟ်ဘာသွ် နှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ သက်ဖီးရ် ဆိုသည်မှာ အပြစ်များ ကြောင့် ကုသိုလ်ကောင်းမှုများပျက်စီးခြင်း ကို ရည်ညွှန်း ပါ တယ်။

သက်ဖီးရ် ဆိုသည့် စကားလုံးအား  မွတ်စလင်မ်များ အတွက်  ဆန့်ကျင်သည်အခါတွင် ကုဖ်ရ် လုပ်သည် ဟု အဓိပ္ပာယ်ဖြင့်ဖွင့်ဆိုလေ့ရှိပါသည်။ ၎င်းအား    အဲဟ်လေ့ကေဗ်လဟ် ၏ သက်ဖီးရ် ဟု ခေါ် ဆို ပါ တယ်။

 

အကြောင်းခံများ လေ့လာ မည်ဆိုလျင်

ကုရ်အာန် နှင့် ဟဒီးစ် များတွင် အပြစ်များ ပြေပျောက်စေရန် အကြောင်းခံ အချက်များကို ဖော်ပြထားပါ သည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် အီမာန် (ယုံကြည်ခြင်း) ၊ အမဲလ်လေဆွာလေဟ် (ဖြောင့်မတ် သောအကျင့်)  ၊သောင်ဗဟ်(နောင်တရပြီးဝန်ချ တောင်းပန်းခြင်း)  ၊ အပြစ်ကြီးများ ကိုရှောင်ကြဥ် ခြင်း၊ လျှို့ဝှက် ပေးသည့် ဆဒ်ကဟ်၊ ဂျေဟာဒ် နှင့် အေဗါဒသ် (ခဝတ်ပြုကိုးကွယ်ခြင်း) တို့ကို အပြစ်များ ပပျောက်စေသော အချက်များအဖြစ် ဖော်ပြထားပါ တယ်။ ဟဒီးဆ်တော်တွင် ရှဖာအသ် (အသနား ခံလျှောက်ထားပေးခြင်း) ၊ အေမာမ်ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ်ပြုခြင်း၊ ကုရ်အာန် သေလာဝသ်ပြု ခြင်း  နှင့် နမာဇ် ဇေရှက်ဗ် ဝတ်ပြုခြင်း တို့သည် အပြစ်များကို လွတ်မြောက်စေသော အကြောင်းရင်း များ ဟု မှတ်ယူထားကြပါ တယ်။

အေလ်မေကလာမ်တွင် သက်ဖီးရ် ဆိုသည်မှာ

သက်ဖီးရ်ရေ ဂိုနာဟာန် (ခ) အပြစ်များ ပြေပျောက်ခြင်းသည် ကလာမ်မီ  ဆွေးနွေးမှုတစ်ခု ဖြစ်ပြီး များသောအားဖြင့် အေဟ်ဘာသွ် (ဆဝါးဗ် နှင့်ကောင်းမှုကုသိုလ် များသည် ဂိုနဟ်အပြစ် ကြောင့်ပျက်စီး သွားခြင်း) နှင့် အတူ ဆွေးနွေးလေ့ ရှိ တယ်။ မွတ်စလင်မ် မိုသက လင်းမ်များ ( သက်ဝင်ယုံကြည်ချက်များ အထောက်အထားများဖြင့်တင်ပြသည့်၊ သံသယများကို လည်း အထောက် အထားများနှင့် အဖြေပေးသည့် သာသနာ့ ပညာရှင်များ) အနေဖြင့် သက်ဖီးရ်ရေ ဂိုနာဟာန် အား အေဟ်ဘာသွ် (ခ) ဆဝါးဗ် နှင့်ကောင်းမှုကုသိုလ် များသည် ဂိုနဟ်အပြစ်ကြောင့်ပျက်စီးသွားခြင်း၊ အေဟ်ဘာသွ် နှင့် သက်ဖီးရ် ၊ သဟာ ဘိုသို အအ်မါလ် ၊ဂျဝါဇ်ဇို  အစ်ဂျ်သေမါအ် ဝါးဗ်  ဝအေကာဘ်  ဆိုသည့် ခေါင်းစဥ်များ နှင့်ဆွေးနွေး တင်ပြထားပါ တယ်။  ရှီအဟ် နှင့် စွန်နီအို လမာ အချို့က ကေယမသ် (ခ) ရှင်ပြန်ထမြောက်ရ မည့်နေ့၊ ကမ္ဘာ့တရား စီရင် မည့်နေ့  နှင့် မုအ်သေဇလဟ် တို့သည်ဝအ်ဒ် ဝါ ဝအီးဒ် (ကတိတော်နှင့် ကတိများ) အကြောင်း ဆွေးနွေးခြင်း တွင်လည်း ၎င်းအကြောင်းကို ဆွေးနွေးထားပါ တယ်။

မွတ်စလင်မ် မိုသက လင်းမ်များ တစ်ညီတစ်ညွတ်တည်း လက်ခံထားသည်မှာ အကယ် ကာဖေရ် တစ်ဦး တစ်ယောက် သည်  မွတ်စလင်မ်  ဖြစ်လာပါက၊ ကာဖေရ် ၏ ပြစ်ဒဏ် နှင့် ကာဖေရ် ဘဝတွင်  ကျူးလွန် ခဲ့သည့်  အပြစ်များအတွက် ပြစ်ဒဏ်ပေးခြင်းတို့ကို ဖယ်ရှားပစ်မည်ဟု ဖြစ်ပါ တယ်။ သို့ရာတွင်၊ လူတစ်ဦး သည် မွတ်စ်လင်မ်ဖြစ်လာစဉ် ကျူးလွန်ခဲ့သော အပြစ်များနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု ရှိပါ တယ်။

(၁)မုအ်သေဇလဟ် သည် အပြစ်အားလုံးအတွက် သက်ဖီးရ်  ကိုလက်ခံပြီး ကောင်းသည့် လုပ်ရပသည် မည်သည့်အပြစ်မဆို ဖျောက်ဖျက်နိုင်သည်ဟု ယုံကြည် တယ်။ ဤသီအိုရီကို ယုံကြည်ရခြင်း၏ အကြောင်း ရင်းမှာ မုအ်သေဇလဟ် ကလာမ် ပညာရှင်များ သည် ကုသိုလ်ကောင်းမှု နှင့် အပြစ်များအတွက် ပြစ်ဒဏ်ပေးခြင်းတို့ကို အဆိုပြုပြီးနောက် လုပ်ရပ်တစ်ခုသည် အကျိုးနှင့် ပေါင်းစပ်ပါက ပြဿနာကို ရင်ဆိုင်ခဲ့ရသည်ဟု ဆိုပါသည်။ ပြစ်ဒဏ်ပေးခြင်းသည် လိုအပ်လာ သည်နှင့်အမျှ မိုကလက်ဖ် (အလ္လာဟ့် အမိန့်များကို နားခံ သူ) တစ်ချိန်တည်းတွင် ထိုက်တန်သော ဆုလာဘ်နှင့် ထိုက်တန်သူဖြစ်ရန် မဖြစ်နိုင်ဟုယူဆ ကြပါ သည်။ (23) ထို့ကြောင့်၎င်းတို့သည်  အေဟ်ဘာသွ် နှင့် သက်ဖီးရ် သီအိုရီကို တင်ပြခဲ့ကြပါ တယ်။

(၂)ရှီအဟ်များ  နှင့် အာရှ အေရဟ် တို့သည် ယေဘူယျအားဖြင့် အေဟ်ဘာသွ် ကို လက်မခံကြဘဲ ကုရ်အာန် သို့မဟုတ် ဟဒီးစ်များတွင် ဖော်ပြထားသော ထိုအပြစ်မျိုးများကိုသာ ကုသိုလ်ကောင်းမှုပြုမှသာ ပျက်ပယ် ပေးသည်ဟု ဆိုကြပါ တယ်။ ယင်းနှင့်စပ်လျဉ်း၍ ရှီအဟ်များ သည် စူရဟ် ဇဲလ်ဇါလ် အာယသ် တော် အမှတ် ၇ နှင့် ၈ အပါအဝင် ကုရ်အာန် ၏ အာယတ်တော် အချို့ကို ကိုးကားဖော်ပြထား ပါ သည်။ “သို့ဖြစ် ရာ အကြင် မည်သူမဆို အဏုမြူမှုန်မျှ ကောင်းမှုတစ်စုံတစ်ခု ပြုလုပ်ခဲ့လျှင်လည်း ထိုသူသည် ထိုကောင်းမှုကို တွေ့မြင်ရမည်။ ထို့ပြင် အကြင် မည်သူမဆို အဏုမြူမှုန်မျှ မကောင်းမှုတစ်စုံတစ်ခု ပြုလုပ်ခဲ့လျှင်လည်း သူသည် ထိုမကောင်းမှုကို တွေ့ မြင်ရမည်ဖြစ်သည်။” အလ္လာဟ် ဟို အရှင်မြတ်သည် ကောင်းမှု ကုသိုလ်  နှင့် မကောင်းဒုစရိုက် ကို သီးခြားဆုလာဘ်ပေး ပြစ်ဒဏ် ပေးခြင်းပြုတော်မူမည်ဟု ယုံကြည်ကြပါ တယ်။

အပြစ်ကို ဖျက်ခြင်း သို့မဟုတ် ၎င်း၏ ပြစ်ဒဏ်ပေးခြင်း

သက်ဖီးရ် ဆိုသည်မှာ အပြစ်ကို ဖျက်ခြင်း သို့မဟုတ် ၎င်း၏ ပြစ်ဒဏ်ဖယ်ခြင်း ဟုတ်၊ မဟုတ်နှင့်ပတ်သက်ပြီး သဘောထား အကွဲအလွဲများ ရှိပါသည်။ မုအ်သေဇလဟ် ၏ အကျော်အမော် အာလင်မ် ကြီး တစ်ဦးဖြစ်သည့် အဘူလ်အလီ ဂျွတ်ဗ်ဗါအီ အနေဖြင့် သက်ဖီးရ် သည်အပြစ်ကိုဖျက်သည်ဟုယုံကြည်သော်လည်းသူ၏သား အဘူ ဟာရှင်မ် ဂျဝတ်ဗ်ဗါအီ က၎င်းသည် ၎င်းတို့၏ ပြစ်ဒဏ်ကိုဖယ်ရှားသည်ဟုဆိုပါသည်။(28) ထိုနည်းတူစွာ တည်ရှိမှုသည် မည်သည့်အခါမျှ မတည်မြဲကြောင်း ယုံကြည်သောကြောင့် သက်ဖီးရ် ဟု ယူဆသော အချို့သော မွတ်စ်လင်မ် ဒဿနပညာရှင်အချို့သည် အပြစ်၏ ချေမှုန်းခြင်းကို အောက်ပါ နည်းလမ်းနှစ်ခုအနက်မှ ရှင်းပြကြပါ တယ်။

(က)အပြစ်တိုင်းသည် အပြစ်တစ်ခုဖြစ်သောကြောင့်၊ ၎င်းသည် နတ္ထိနှင့် မဖန်တီးရသေးသည့် အရာ ဖြစ်ပါ တယ်။

(ခ)အပြစ်သား၏တည်ရှိမှုသည် သောင်ဗဟ် (နောင်တရပြီးအလ္လာဟ်ထံ ဝန်ချတောင်းပန်းခြင်း)  နှင့်အတူ အခြားဖြစ်တည်မှုအဖြစ်သို့ ပြောင်းလဲသွား သကဲ့သို့ပင် ပြောင်းလဲ သွားမည်။  မကောင်းသော လုပ်ရပ် ဒုစရိုက် သည်လည်း ကုသိုလ်ကောင်းမှု ဖြစ်လာပေ တယ်။

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေး လိုက်ခြင်း ဖြစ်ပါတယ်။

  • ʿAyyāshī, Muḥammad b. Masʿūd al-. Tafsīr al-ʿAyyāshī. Edited by Rasūlī Maḥallātī. Tehran: al-Maktaba al-ʿIlmiyya al-Islāmiyya, 1380 SH.
  • Baḥrānī, Ibn Maytham al-. Qawāʿid al-marām fī ʿilm al-kalām. Edited by Aḥmad Ḥusaynī. Qom: Maktabat Ayatullāh Marʿashī Najafī, 1406 AH.
  • Ḥumṣī Rāzī, Sadīd al-Dīn. Al-Munqadhu min al-taqlīd. Qom: Muʾassisa al-Nashr al-Islāmī, 1417 AH.
  • Ibn Qūlawayh, Jaʿfar b. Muḥammad. Kāmil al-zīyārāt. Edited by ʿAbd al-Ḥusayn Amīnī. Najaf: Dār al-Murtaḍawīyya, 1356 Sh.
  • ʿĪjī, Mīr Sayyid Sharīf. Sharḥ al-mawāqif. Edited by Badr al-Dīn Naʿsānī. Qom: al-Sharīf al-Raḍī, 1325 AH.
  • Muʿtazilī, Qāḍī ʿAbd al-Jabbār. Sharḥ uṣūl al-khamsa. Edited by Aḥmad b. Ḥusayn Abī Hāshim. Beirut: Dār Iḥyāʾ al-ʿArabī, 1422 AH.
  • Majlisī, Muḥammad Bāqir al-. Biḥār al-anwār. Beirut: Dār Iḥyāʾ al-Turāth al-ʿArabī, 1403 AH.
  • Muḥammadī Gīlānī, Muḥammad. Takmila shawāriq al-ilhām. Qom: Maktab al-Aʿlām al-Islāmī, 1421 AH.
  • Muḥammadī, ʿAlī. Sharḥ kashf al-murād. Qom: Dār al-Fiqh, 1378 SH.
  • Muḥmūd ʿAbd al-Raḥmān ʿAbd al-Munʿim. Muʿjam al-muṣṭalaḥāt wa al-fāz al-fiqhiyya. Cairo: 1999 CE.
  • Rāghib al-Iṣfahānī, Ḥusayn b. Muḥammad al-. Mufradāt alfāẓ al-Qurʾān. Edited by Ṣafwān ʿAdnān Dāwūdī. Damascus: Dār al-ʿIlm, 1412 AH.
  • Shubbar, Sayyid ʿAbd Allāh. Ḥaq al-yaqīn fī maʿrifat uṣūl al-dīn. Qom: Anwār al-Hudā, 1424 AH.
  • Shaʿīrī, Muḥammad b. Muḥammad. Jāmiʿ al-akhbār. Najaf: Maṭbaʿat al-Ḥaydarīyya, [n.d].
  • Ṭabāṭabāʾī, Sayyid Muḥammad Ḥusayn al-. Al-Mīzān fī tafsīr al-Qurʾān. Qom: Maktabat al-Nashr al-Islāmī, 1417 AH.
  • Daʾirat al-maʿārif-i Qurʾān-i karīm. Iḥbāṭ wa takfīr (Persian).
  • Dānishnāma-yi Kalām-i Islāmī. Iḥbāṭ wa takfīr in the Journal of Kalām-i Islāmī. No 39, Fall 1380 SH.
  • Jaʿfarī, Yaʿqūb. Āshnāʾī bā chand iṣṭilāḥ-i Qurʾānī. Maktab-i Islam Journal, No 100, Year 33.

**************************************************************

END / 251