အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၈ ဖေဖော်ဝါရီ ၂၀၂၄

၁၈:၄၉:၂၀
1436263

ရဂျဗ်လမြတ်၏ သောကြာနေ့ တွင် စူရဟ် သောင်ဟီးဒ် သေလာဝသ်ပြုခြင်း အကျိုးဆဝါးဗ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် မှ ရီဝါယသ် တော် တစ်ခု တွင် ရဂျဗ်လမြတ်၏ သောကြာနေ့ တွင် စူရဟ် သောင်ဟီးဒ် သေလာဝသ်ပြုခြင်း အကျိုးဆဝါးဗ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

မွတ်စ်သဒရာက်ကိုလ်ဝစာအေလ်ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مَنْ قَرَأَ فِي كُلِّ جُمُعَةٍ مِنْ رَجَبٍ مِائَةَ مَرَّةٍ «قُلْ هُوَ اللَّهُ أَحَدٌ»، كَانَ لَهُ نُوراً يَوْمَ الْقِيَامَةِ يَسْعَى بِهِ إِلَى الْجَنَّةِ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

 

« အကြင်မည်သူ မဆို ရဂျဗ် လမြတ် ၏ သောကြာနေ့ တိုင်း တွင် စူရဟ် စူရဟ် သောင်ဟီးဒ် «ကွတ်လ်ဟိုဝလ်လ္လာဟ်ဟို အဟဒ် » အား အကြိမ် ၁၀၀ သေလာဝသ် ပြုမည် ဆိုလျှင် ကေယာမသ်နေ့ တွင်  သူ (ဤသေလာဝသ်ပြုမှုအတွက်) နူးရ် တစ်ခု ဖြစ်မည် ဖြစ်ပါသည်။ ထိုနူးရ်သည် ထို (သေလာဝသ်ပြုသူ) အား ဂျန္နသ်သုခဘုံ သို့ ခေါ်ဆောင် သွားမည် ဖြစ်ပါသည်။    »

ကျမ်းကိုး ။ ။ မွတ်စ်သဒရာက်ကိုလ်ဝစာအေလ်ကျမ်း ၊ အတွဲ၇ ၊ စာမျက်နှာ ၅၃၅

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ရဂျဗ်လမြတ် ၏ သောကြာနေ့တိုင်း ကို အသေအချာ ထိထိမိမိ အသုံးချသင့် ပါတယ်။ အကောင်းဆုံးကတော့ နမာဇ် ဂျူမ်အဟ် မဖတ်ခင် နာရီဝက် အလိုခန့် သို့မဟုတ် နမာဇ် ဇေအစ်ရ် အပြီး ဖတ်သင့် (သေလာဝသ် ပြုသင့်) ပါတယ်။ အင်န်ရှာအလ္လာဟ် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) အား အချစ်ထားသူတိုင်းသေလာဝသ် ပြုနိုင်ကြပါစေ ဟု ဒိုအာ ပြုလိုက်ပါတယ်။

****************************************************************

END / 251