အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၁၈:၂၁
1436408

ဟီဂျရီသက္ကရာဇ် ၁ ခုနှစ် မှ ၅ခုနှစ် အထိ သမိုင်းဝင် အစ္စလာမ် ဖြစ်ရပ်များ

ဟီဂျရီသက္ကရာဇ် ၁ ခုနှစ် မှ ၅ခုနှစ် အထိ သမိုင်းဝင် အစ္စလာမ် ဖြစ်ရပ်များကို အဗ်နာ ပရိတ်သတ်များ ကို တင်ပြလိုက်ပါတယ်။


 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဟီဂျရီသက္ကရာဇ် ၁ ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၁ ခုနှစ်   ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ပထမ ဆုံးနှစ် အားခေါ်ဆိုပါသည်။ ဤနှစ်သည် တမန်တော်မြတ် (ဆွ) ဘေအ်စသ် မပြုတော် မူမည် ၁၄ နှစ်အလျှင် ဖီးလ်(ဆင်) နှစ် ၏ ၅၃ နှစ် ပြီးမှဖြစ်ပေါ်လာပါ တယ်။

တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်( ရွေ့ပြောင်းခြင်း)ပြုခဲ့ပါသည် ။ မွတ်စလင်မ်များ မှ အုပ်စု တစ်စုသည် မက္ကာဟ် မြို့တော် မှ မဒီနာ မြို့တော် သို့ ဤနှစ်၌ ပင်ရွေ့ပြောင်းခဲ့ ကြပါတယ်။ ထိုနည်းတူစွာ ဤနှစ်၌ ပင် ကိုဘာ  ဗလီ ဝတ်ကျောင်းတော် ၊ မတ်စ်ဂျစ်ဒ် ဒွန်နဘီ (ဆွ) တို့ အား အခြေအုတ်မြစ် ချခဲ့ခြင်း ဖြစ်ပါ တယ်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

ရဘီအွတ်လ်အောင်ဝဲလ် လ ၁ ရက်နေ့ တွင် တမန်တော်မြတ် (ဆွ) အား လုပ်ကြံ သတ်ဖြတ်ရန် ကိုရိုင်းရှ် ခေါင်းဆောင်များ၏ ပူပေါင်း ကြံစည်မှု ဖြစ်ပွားခဲ့ပါသည်၊ လိုင်းလသိုလ်မဘီးသ် ဖြစ်ရပ်မှန် ဖြစ်ပွား ခဲ့ပါတယ်။

(၁)မက္ကာဟ် မြို့ မှ မဒီနာ မြို့သို့ ဟစ်ဂျရာသ်( ရွေ့ပြောင်းခြင်း) ပြုခဲ့ပါ တယ်။

(၂)တမန်တော်မြတ်ကြီး (ဆွ) ၏ ကျော်ကြားသည့် ဆွဟာဗဟ် (သာဝကတော်ကြီး) ဟဇရသ် စလ်မန်နေဖွာရစီ ဂျမာဒီယွန်လ်အူလာ လ တွင်  အစ္စလာမ်ဘာသာသို့ ကူးပြောင်း ၍ မွတ်စလင်မ်ဖြစ် ခဲ့ပါ တယ်။

(၃)မဒီနာမြို့ ရဟူဒီများ (ဂျူးများ) မှ တစ်ဦး ဖြစ်သူ အဗ်ဒွလ္လာဟ် ဘင်န် စလာမ်  အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ ပါ တယ်။

(၄)ရဘီအွတ်လ်အောင်ဝဲလ် လ ၁၅ ရက်နေ့ တွင် ကိုဘာ  ဗလီ ဝတ်ကျောင်းတော် ၏ အခြေအုတ်မြစ်ချ ခဲ့ပါ တယ်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ ဤ ဗလီဝတ်ကျောင်းတော်တွင်  ပထမဆုံးသောကြာနမာဇ် ကို ရှေ့ဆောင် ဝတ်ပြုပေးတော်မူခဲ့ပါသည်။ ပထမဆုံး သောကြာနမဇ် ခွသ်ဗဟ် ကိုပေးတော်မူခဲ့ပါ တယ်။

(၅)မတ်စ်ဂျစ်ဒ် ဒွန်နဘီ (ဆွ)အားတည်ဆောက်ခဲ့ပါ တယ်။

(၆)ပထမဆုံးနမာဇ်ဇေမိုင်ယသ်ဝတ်ပြုမှု ဖြစ်ခဲ့ပါ တယ်။

(၇)အန်ဆွာ နှင့် မိုဟာဂျေရ် တို့ အကြား ညီရင်းအစ်ကိုရင်းမြစ် စာချုပ်ကို ချုပ်ဆိုခဲ့ပါ တယ်။

(၈)တမန်တော်မြတ် (ဆွ) နှင့် ဂျူးလူမျိုးများကြားတွင် ငြိမ်းချမ်းရေးစာချုပ် နှင့် ရန်လိုခြင်းရပ်စဲမှု စာချုပ် ချုပ်ဆိုခဲ့ပါသည်။(11)

(၉)ကိုယ်တော်မြတ် (ဆွ)ဘက်မှ မဒီနာညွန်ကြားချက် များကိုရေးဆွဲခဲ့ပါ တယ်။

(၁၀)ဟဇရသ်အာအေရှဟ် နှင့် ကိုယ်တော်မြတ်(ဆွ) ထိမ်းမြားလက်ထပ် ခဲ့ပါ တယ်။

(၁၁)ရှောင်ဝဲလ်လတွင် အိုဘိုင်းဒဟ်ဘင်န် ဟာရေစ် ဦးဆောင်ပြီး မဒီနာ မြို့ကို ကျုးကျော်လာသည့် မိုရှရစ်က်များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါ တယ်။အစ်ဘ်နေဟရှာမ် အနေဖြင့် ဤ တိုက်ပွဲ အား ဟီဂျရီသက္ကရာဇ် ၂ ခုနှစ်  တွင် ဖြစ်သည်ဟုဆိုထားလေ၏။

သေဆုံးခြင်း များ နှင့် မွေးဖွားခြင်းများ                                                                 

(၁)အက်စ်အက်ဒ်ဘင်န် ဇိုရာဇဟ်ကွယ်လွန် ခဲ့ပါသည်။ ၎င်းသည်အားအက်စ်အက်ဒိုလ်ခိုင်းရ် ၏ ဟုလူသိများ ပါသည်။သာဝကတော် တစ်ပါး ဖြစ်ပြီး  ယဇရဘ်မြို့၏  ပထမဆုံး မွတ်စလင်မ်များ မှတစ်ဦး ဖြစ်ပါ တယ်။

(၂)အေမာမ်ဟိုစိုင်းန်(အ.စ) ဘက်မှသွေးကြွေးဆပ်တော်လှန်ရေး ပြုခဲ့သူ သာဘေအီးန်များမှ တစ်ပါးဖြစ်သူ ဟဇရသ် မွတ်ခ်သာရ် စကဖီ မွေးဖွားခဲ့ပါ တယ်။

(၃)မိုအာဝေယ်သေဆုံးပြီးနောက် ခလီဖဟ် အဖြစ် ကြေညာခဲ့သူ အဗ်ဒိုလ္လာဟ် ဘင်န် ဇိုဘိုင်းရ်  မွေးဖွားခဲ့ ပါ တယ်။

(၄)အလဝီအစိုးရနှင့် အမဝီ အစိုးရ တို့ ၏ ဝန်ထမ်းဖြစ်သူ ဇယာဒ် ဘင်န် အဘီယဟ် မွေးဖွားခဲ့ပါ တယ်။

 

ဟီဂျရီသက္ကရာဇ် ၂ ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၂ ခုနှစ်  (အရဘီ: سنة 2 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ဒုတိယ မြောက်နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။အီရန်သက္က်ရာဇ် အားဖြင့် အင်္ဂါနေ့ သီးရ်လ ၁၆ ရက်နေ့ အီရန်သက္ကရာဇ် ၂ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇူလိုင်လ ၈ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၃ခုနှစ် ဖြစ်ပါ တယ်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၃၀ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် စနေနေ့ သီးရ်လ ၅ ရက်နေ့ အီရန်သက္ကရာဇ် ၃ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇူလိုင်လ ၂၆ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၄ ခုနှစ် ဖြစ်ပါ တယ်။

ဤနှစ်တွင်  ဘဒဲရ် စစ်ပွဲ ဖြစ်ပွားပြီး မွတ်စလင်မ်များ အောင်ပွဲခံခြင်း ၊ ကေဘ်လဟ် (မျက်နှာမှုရာ) သည်  မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ဘက်မှ ကအ်ဗဟ် ဝတ်ကျောင်းတော် ဘက်သို့ ပြောင်းလှည့်မိန့်ကျခြင်း ၊ ဟဇရသ် အေမာမ် အလီ (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ)  တို့ အိမ်ထောင်ပြု ကြခြင်း စသည်တို့ ဖြစ်ပါသည်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁)ရဂျဘ်လ မြတ် ၁၅ရက် (2) သို့မဟုတ် ရှအ်ဘန် လမြတ် ၁၅ ရက်နေ့ (3) တွင် ကေဘ်လဟ် (မျက်နှာမှုရာ) သည်  မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ဘက်မှ ကအ်ဗဟ် ဝတ်ကျောင်းတော် ဘက်သို့ ပြောင်းလှည့် မိန့်ကျခဲ့ ပါ တယ်။

(၂)ရိုဇဟ်ဝါဂျစ်ဗ် အဖြစ်စတင်ခဲ့ပါ တယ်။

(၃)လမြတ်ရမ်တွာန် ၁၇ ရက်တွင် ခွမ်းစ်  ဝါဂျစ်ဗ် အဖြစ်စတင်ခဲ့ပါသည်။ (၄)ဇကားသ် လည်း ဝါဂျစ်ဗ် စဖြစ်ခဲ့ပါ တယ်။

(၄)ဇေလ်ဟဂျ်ဂျဟ်လမြတ် ၁ရက်နေ့ တွင် အေမာမ် အလီ (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) တို့ လက်ထပ် ထိမ်းမြားခဲ့ကြပါ တယ်။

(၅)တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ အေမာမ် အလီ (အ.စ) အား အဘူသိုရာဘ် ဆိုသည့် ဘွဲ့တော် ချီးမြှင့် ခဲ့ပါ တယ်။

(၆)တမန်တော်မြတ် (ဆွ) နှင့် အေမာမ် အလီ (အ.စ) တို့၏ သာဝကတော်တစ်ပါး ဖြစ်သည့် ခိုဇိုင်းမဟ်ဘင်န် စာဗစ်သ်  အစ္စာလာမ် ဘာသာဝင် ခြင်း ဖြစ်ပါ တယ်။

 

စစ်ပွဲဖြစ်ရပ်များ

(၁)ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် အဘ်ဝါအ် စစ်ပွဲဖြစ်ပွားခဲ့ပါ တယ်။ ဇမ်ရာ မျိုးနွယ် နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ဖြင့် တိုက်ပွဲ မဖြစ်တော့ဘဲ  အဆုံးသတ်ခဲ့သည့် တမန်တော်မြတ် (ဆွ) ၏ ပထမဆုံး တိုက်ပွဲ ဖြစ်ပါ တယ်။

(၂)အဗ်ဒိုလ္လာဟ်ဘင်န် ဂျဟ်ရှ် ၏ တိုက်ပွဲ ဖြစ်ပါသည်။ မွတ်စလင်မ်များ အနေဖြင့် တမန်တော်မြတ်(ဆွ) ၏ ခွင့်ပြုချက်မယူဘဲ မက္ကာဟ်မြို့သားမိုရှ်ရေက် ကုန်သည် ခရီးတန်း ကို တိုက်ခိုက်ခဲ့ကြပါ တယ်။

(၃)ဟမ်ဇဟ်ဘင်န် အဗ်ဒိုလ်မိုသွလစ်ဘ် တိုက်ပွဲဖြစ်ပါသည်။မိုရှ်ရေက်များ နှင့် ဖြစ်သည့်တိုက်ပွဲ ဖြစ်ပါသည်။ ဤစစ်ပွဲသည် တိုက်ခိုက်မှု မပြုရဘဲ အဆုံးသတ်ခဲ့ပါ တယ်။

(၄)လမြတ်ရမ်တွာန် ၁၇ရက်နေ့တွင် မက္ကာ မြို့နေ မိုရှ်ရေင်များ နှင့် ဘဒဲရ် စစ်ပွဲ ဖြစ်ပွားပြီး မွတ်စလင်မ်များ အောင်ပွဲခံခဲ့ပါ တယ်။

(၅) ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ဘနီကိုင်နိုကာအ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ရှောင်ဝဲလ ၁၅ရက်နေ့တွင် မဒီနာမြို့  ရဟူဒီများ (ဂျူးများ ) နှင့် ကိုယ်တော်မြတ် (ဆွ) ၏ ပထမဦးဆုံး တိုက်ပွဲ ဖြစ်ပါ တယ်။

(၆)အိုဘိုင်းဒဟ်ဘင်န် ဟာရေစ် ဦးဆောင်ပြီး မဒီနာ မြို့ကို ကျုးကျော်လာသည့် မိုရှရစ်က်များ နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။(13)သွဘရီ အနေဖြင့် ဤတိုက်ပွဲ အား ဟီဂျရီ ပထမဆုံး နှစ်တွင် ဖြစ်ပွားခဲ့သည်ဟုဆိုထားပါ တယ်။

(၇)ဇေလ်ဟဂျ်ဂျဟ် လ ၄ရက်နေ တွင် ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် စဝီးက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဤစစ်ပွဲသည် ဘဒဲရ် စစ်ပွဲအပြီး မဒီနာ တစ်ဝိုက်တွင် ကလဲ့စားချေရန် တိုက်ခိုက်ခဲ့သည့် မိုရှ်ရေက်များ ကို တိုက်သည့် စစ်ပွဲ ဖြစ်ပါ တယ်။

သေဆုံးခြင်း များ နှင့် မွေးဖွားခြင်းများ                                                                 

(၁)ကူဖာမြို့ အမဝီ ခလီဖဟ်များ မှ တစ်ဦးဖြစ်သည့် အမဲရ်ဘင်န် ဟိုရိုင်းစ်မခ်ဇူမီ မွေးဖွားခဲ့ပါ တယ်။

(၂)ရမ်တွာန်လမြတ် ၁၇ရက်နေ့ တွင် တမန်တော်မြတ်ကြီး (ဆွ) သမီးတော် ရိုကိုင်ယဟ် ကွယ်လွန်ခဲ့ ပါ တယ်။

(၃)တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ သာဝကတော်များ မှ တစ်ပါး ဖြစ်သည့် အွတ်စ်မန် ဘင်န် မဇ်အူန် ကွယ်လွန်ခဲ့ ပါ တယ်။

(၄)ရမ်တွာန် ၂၄ ရက်နေ့တွင် တမန်တော်မြတ်(ဆွ)၏ ရန်သူအကြီးစားများ မှ တစ်ဦးဖြစ်သည့် အဘူလဟဗ် သေဆုံးခဲ့ပါ တယ်။

(၅)အေမာမ် အလီ (အ.စ) အစ်ကို သွာလစ်ဘ် ဘင်န် အဘီ သွာလစ်ဘ်  ကွယ်လွန်ခဲ့ပါသည်။ (20)

 

ဟီဂျရီသက္ကရာဇ် ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၃ ခုနှစ်  (အရဘီ: سنة 3  للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် တတိယ မြောက် နှစ် အားခေါ်ဆိုပါ တယ်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါ တယ်။

အီရန်သက္က်ရာဇ် အားဖြင့် တနင်္ဂနွေနေ့ သီးရ်လ ၆ ရက်နေ့ အီရန်သက္ကရာဇ် ၃ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၂၇ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၄ ခုနှစ် ဖြစ်ပါ တယ်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် ဗုဒ္ဓဟူးနေ့ ခိုရ်ဒါဒ် ၂၅ ရက်နေ့ အီရန်သက္ကရာဇ် ၃ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၁၆ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၅ ခုနှစ် ဖြစ်ပါ တယ်။

ဤနှစ်တွင်  အေမာမ်ဟိုစိုင်းန် (အ.စ) ၏မွေးနေ့ ရက်မြတ် ၊ အိုဟွဒ် စစ်ပွဲ  တွင် မွတ်စ်လင်မ်များ ရှုံးနိမ့်ရခြင်း ၊ တမန်တော်မြတ် (ဆွ) ၏ ဦးရီးတော် ဟမ်ဇဟ် ဘင်န် မုတ္တလစ်ဗ် ၏ ရှဟာဒသ် နေ့ ၊ ဟန်သွလဟ် ဘင်န် အဘီ အာမေရ် ၏ ရှဟာဒသ် နေ့ စသည်တို့ ဖြစ်ပါ တယ်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁)အိုဟွဒ်စစ်ပွဲ  တွင် မွတ်စ်လင်မ်များ ရှုံးနိမ့်ခဲ့ရပါသည်။ဤအဖြစ်အပျက်ဖြစ်ခဲ့သည့်ရက်မှာ ရှောင်ဝါလ် လ ၇ ရက်နေ့ (2)  အခြားအဆိုတစ်ခုအရရှောင်ဝါလ် လ ၁၅ ရက်နေ့ ဖြစ်ပါ တယ်။

(၂)ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင်ပါဝင်သသည့် ဟမရာအိုလ်အစဒ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဤတိုက်ပွဲ ဟာ အိုဟွဒ်စစ်ပွဲ ပြီးနောက် မွတ်ရှ်ရေက်များကို ထပ်တိုက်ခြင်း မှာ တားဆီးနိုင်အောင် ဖြစ်ခဲ့သည့် တိုက်ပွဲ ဖြစ်ပါသည်။ ရှောင်ဝါလ် လ ၈ ရက် ဖြစ်ပါ တယ်။

(၃)ဇာသ်သေ ‌အေရ်က် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ မငြိမ်မသက်မှုများ ပျံ့နှံ့စေရန်နှင့် ကိုရိုင်းရှ် ကုန်သည် ခရီး သွား အုပ်စုများ တားဆီးသည့် အတွက် ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ဂျမာဒီယွန်စ်စာနီ လတွင် ဖြစ်ပွား ခဲ့တာ ဖြစ်ပါ တယ်။

(၄)ဘနီ စလီးမ်  ၏ ကြံစည် ၊ တွေခေါ်မှု များကို တားဆီးရန် ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်ခဲ့သည့် ဘိုဟ်ရာန် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါ တယ်။

(၅)မိုရှ်ရေက်များ ဖြစ်ကြသည့် ဘနီ အစဒ် ၏ အန္တရာယ်များ ကိုတားဆီးနိုင်ရန် အဘူစလ်မဟ် ဘင်န် အဗ်ဒုလ် အစဒ် ဦးဆောင်သည့် တိုက်ပွဲ ဖြစ်ပါ တယ်။

(၆)ရှအ်ဘန် လမြတ် တွင် အုမရ်ဘင်န် ခသွာဘ် ၏ သမီးတော် ဟဇရသ် ဟဖ်ဆဟ် နှင့် ကိုယ်တော်မြတ် (ဆွ) လက်ထပ်ထိမ်းမြားခဲ့ပါ တယ်။

(၇)ခိုဇိုင်းမဟ်၏သမီးတော်           ဇိုင်နပ် နှင့် ကိုယ်တော်မြတ် (ဆွ) လက်ထပ်ထိမ်းမြားခဲ့ပါသည်။ (9)သွဗရီ အနေဖြင့် ဤလက်ထပ်ထိမ်းမြား ခြင်းအား ဟီဂျရီ သက္ကရာဇ် ၄ ခုနှစ် ဟု ဆိုထားပါ တယ်။                                                                                                                    

မွေးဖွားခြင်းများ

(၁)လမြတ်ရမ်တွာန် ၁၅ ရက်နေ့ တွင် အေမာမ် ဟစန် မိုဂျ်သဗာ (အ.စ) ဖွားမြင်တော်မူခဲ့ပါသည်။ (11)ရှိက်ခ် ကိုလှိုင်နီ (ရ.ဟ) အနေဖြင့် အလ်ကာဖီးကျမ်း တွင် ရီဝါယသ်တော် တစ်ခု အရ အေမာမ် ဟစန် (အ.စ) ၏ မွေးနေ့ အား ဟီဂျရီ ၂ခုနှစ် ဟု တင်ပြထားပါ တယ်။

(၂)အေမာမ်အလီ (အ.စ) ၏ သာဝကတော် နှင့်ဟဒီးစ်တော် များ ကို ဆင့်ပန် သည့် ရာဝီ တစ်ပါး ဖြစ်သည့် ဟိုဆိုင်းရ်ဘင်န် မွန်ဇေရ် မွေးဖွားခဲ့ပါ တယ်။

(၃)တမန်တော်မြတ်ကြီး (ဆွ) ၏ သာဝကတော် တစ်ပါး ဖြစ်ပြီး ဟဇရသ် အုမရ် နှင့် ဟဇရသ် အွတ်စ်မန် တို့၏ခေလာဖသ် လက်ထက်တွင် မဒီနာ မြို့ ၏ တရားသူကြီး ဖြစ်သည့် စာအေဘ် ဘင်န် ယဇီးဒ် ကင်ဒီ  မွေးဖွားခဲ့ပါ တယ်။

သေဆုံးခြင်း များ

(၁)အိုဟွဒ် စစ်ပွဲ တွင် တမန်တော်မြတ် (ဆွ) ၏ ဦးရီးတော် ဟမ်ဇဟ် ဘင်န် မုတ္တလစ်ဗ် ၏ ရှဟာဒသ် ဖြစ်ခဲ့ပါ တယ်။

(၂)အိုဟွဒ် စစ်ပွဲ တွင် မိုဆအဘ်ဘင်န် အိုမိုင်းရ် ရှဟာဒသ် ဖြစ်ခဲ့ပါ သည်။ (16) အိုဟွဒ် စစ်ပွဲ တွင်  ဟန်သွလဟ် ဘင်န် အဘီ အာမေရ် ရှဟာဒသ် ဖြစ်ခဲ့ပါ တယ်။

(၃)တမန်တော်မြတ်(ဆွ) အားဆန့်ကျင်သူများ တစ်ဦးဖြစ််ပြီး မဒီနာ မြို့၏ အကြီးအကဲ ဖြစ်သူ ကအ်ဘ်ဘင်န် အရှ်ရဖ် သေဆုံးခဲ့ပါ တယ်။                                                                                                              

ဟီဂျရီသက္ကရာဇ် ခုနှစ်

ဟီဂျရီသက္ကရာဇ် ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် စတုတ္ထ မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါ တယ်။ အီရန်သက္က်ရာဇ် အားဖြင့် ခိုရ်ဒါဒ်လ ၂၆ ရက်နေ့ အီရန်သက္ကရာဇ် ၄ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၁၇ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၅ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် တနင်္ဂနွေနေ့  ခိုရ်ဒါဒ် ၁၃ ရက်နေ့ အီရန်သက္ကရာဇ် ၅ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၄ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၆ ခုနှစ် ဖြစ်ပါ တယ်။

ဤနှစ်တွင်  အေမာမ်ဟိုစိုင်းန် (အ.စ) ၏ မွေးနေ့ ရက်မြတ် ၊ တမန်တော်မြတ် (ဆွ) ပါဝင်ခဲ့သည့် စစ်ပွဲများ နှင့် မပါဝင်ခဲ့သည့် စစ်ပွဲများ ဖြစ်ပေါ်ခဲ့ခြင်း ၊ အေမာမ် အလီ (အ.စ) ၏ မိခင်မွန်  ဖွာတွေမဟ် ဘင်န်သေ အစဒ် (စ.အ) ကွယ်လွန် ခြင်းစသည် ဖြစ်ရပ်မှန်များဖြစ်ပေါ်ခဲ့ပါ တယ်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁)ရဘီအွတ်လ်အောင်ဝဲလ် လတွင် အရက် ဟရာမ် ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

(၂)ရဘီအွတ်လ်အောင်ဝဲလ် လတွင် မဒီနာ မြို့ ရှိ ရဟူဒီများ (ဂျူးများ) နှင့် ဘနီနဇီးရ်စစ်ပွဲ ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ)ကိုယ်တိုင် ပါဝင်ခဲ့ပါ တယ်။

(၃)ရဟူဒီများအနေဖြင့် တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) အား ပူးပေါင်းကြံစည် သည့် အတွက်ကြောင့် ဘအ်ရ်မအူနဟ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဆဖရ် လတွင် ဖြစ်ပွားခဲ့ပါသည်။ဤတိုက်ပွဲတွင် အစ္စလာမ် ဘက်မှ တစ်ယောက် တည်း ကျန် ပြီး အားလုံး ရှဟီးဒ်ဖြစ်ခဲ့ကြပါ တယ်။

(၄)ရဂျီးအ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။တိုက်ပွဲသည်ဆဖရ်လတွင် ဖြစ်ပွားခဲ့ပြီး အဇ်လ် မျိုးနွယ်နှင့် ကာရဟ် မျိုးနွယ်များကိုကျမ်းတော်မြတ်ကုရ်အာန်သင်ကြားပေးရန် စေလွတ်ခြင်းခံခဲ့ရသည့်သာဝကတော်များ နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သာဝကတော် များ အချို့ ရှဟီးဒ် ဖြစ်ခဲ့ကြပါ တယ်။

(၅)တမန်တော်မြတ် (ဆွ) ပါဝင်သည့် ဇာသ်သိုရ်ရကာအ် စစ်ပွဲဖြစ်ပါသည်။ အစ္စလာမ်ကို ဆန့်ကျင် သည့် ဂဒ်သွဖာန် မျိုးနွယ်စု အချို့ ၏ ပူးပေါင်းကြံစည်မှုကို တားဆီးရန် အတွက် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါ တယ်။)

(၆) တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် အွန်မ်မေစလ်မဟ် သခင်မ နှင့် လက်ထပ် ထိမ်းမြားခဲ့ပါ တယ်။

သွဗရီ ၏ အဆိုအရ ခူဇိုင်းမဟ် ၏ သမီးတော်  ဇိုင်နဗ် သခင်မ နှင့် တမန်တော်မြတ်(ဆွ) သည် လက်ထပ် ထိမ်းမြားခဲ့ပါ တယ်။  အလ်အဆာဗဟ် တွင် ဤ လက်ထပ် ထိမ်းမြားမှု သည် ဟီဂျရီသက္ကရာဇ် ၃ခုနှစ် တွင် ဖြစ် သည်ဟု ဆိုထားပါ တယ်။

မွေးဖွားခြင်းများ

(၁)ရှအ်ဗာန်လ ၃ရက်နေ့ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) မွေးဖွားခဲ့ပါသည်။ (၁၀) သို့သော် အဆို တစ်ခုအရ ဟီဂျရီသက္ကရာဇ် ၃ခုနှစ် တွင်မွေးဖွားခဲ့သည် ဟုလာ ရှိပါ တယ်။

(၂)အေမာမ် ဟိုစိုင်းန်(အ.စ) ၏ နို့စိုဖက် ညီနောင် နှင့် အေမာမ်(အ.စ) ကိုယ်စားလှယ် တော်ဖြစ်သည့် ဟဇရသ် အဗ်ဒိုလ္လာဟ် ဘင်န်ယက်သွရ် မွေးဖွားခဲ့ပါသည်။ ဤသည်လည်း ရှအ်ဗာန်လမြတ် တွင် ဖြစ်ပါ တယ်။

(၃)အေမာမ်အလီ (အ.စ) ၏ ရန်သူများ မှ တစ်ဦးဖြစ်သူည အဗ်ဒိုလ္လာဟ် ဘင်န် အာမေရ် ဘင်န် ကိုရိုင်ဇ် မွေးခဲ့ပါ တယ်။

သေဆုံးခြင်း များ

(၁)တမန်တော်မြတ် (ဆွ) နှင့်  နို့စိုဖက် ညီနောင် အဗ်ဒိုလ္လာဟ် ဘင်န် အဗ်ဒိုလ်အစဒ်  ကွယ်လွန်ခဲ့ပါသည်။ ဂျမာဒီယိုလ်အောင်ဝဲလ် တွင် ဖြစ်ပါ တယ်။

(၂)အေမာမ်အလီ (အ.စ)၏ မိခင်မွန်  ဖွာတွေမဟ် ဘင်န်သေ အစဒ် (စ.အ) ကွယ်လွန် ခဲ့ပါ တယ်။

(၃) ခူဇိုင်းမဟ် ၏ သမီးတော် နှင့်ကိုယ်တော်မြတ် (ဆွ) ၏ကြင်ယာတော် ဖြစ်သည့်  ဇိုင်နဗ် သခင်မ ကွယ်လွန် ခဲ့ပါသည်။ရဘီအွန်စ်စာနီ လတွင် ဖြစ်ပါ တယ်။

(၄)တမန်တော်မြတ် (ဆွ) ၏သာဝကတော် များ ဖြစ်ကြသည့် ခိုဘိုင်းဗ် ဘင်န် အဒ်ဒီ အန်ဆွာ ရီ နှင့်  ဇိုက်ဒ် ဘင်န် ဒက်စ်နဟ် တို့သည် မက္ကာဟ်မြို့ရှိ မွတ်ရှ်ရေက် များ၏ လက်ချက်ဖြင့်  ရှဟီးဒ်ဖြစ်ခဲ့ပါသည်။        ဖြစ်ကြသည့် ခိုဘိုင်းဗ် ဘင်န် အဒ်ဒီ အန်ဆွာ ရီ နှင့်  ဇိုက်ဒ် ဘင်န် ဒက်စ်နဟ် တို့သည် ရဂျီးအ် တိုက်ပွဲ တွင် အဖမ်းခံခဲ့ကြရပါ တယ်။

ဟီဂျရီသက္ကရာဇ် ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၅ ခုနှစ်  (အရဘီ: سنة 4   للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး မိုဟမ္မဒ်  (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ပဉ္စမ မြောက် နှစ် အားခေါ်ဆိုပါ တယ်။

ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာနေ့ ခိုရ်ဒါဒ် လ ၁၄ ရက်နေ့ အီရန်သက္ကရာဇ် ၅ ခုနှစ် ဖြစ်ပါ တယ်။

ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၅ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၆ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၃၀ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့်သောကြာနေ့ ခိုရ်ဒါဒ် ၆ ရက်နေ့ အီရန်သက္ကရာဇ် ၆ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၂၅ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၇ ခုနှစ် ဖြစ်ပါ တယ်။

ဤနှစ်တွင်  ဟဇရသ် ဇိုင်နဗ် (စ.အ)မွေးနေ့ ၊ တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည် ခန်ဒတ်က်စစ်ပွဲ ၊ ဘနီ ကရီဇဟ်  စစ်ပွဲ နှင့် စအ်ဒ် ဘင်န် မအာဇ် ကွယ်လွန် ခြင်း စသည်တို့ ဖြစ်ပါ တယ်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁)ဒေသဆိုင်ရာ လူများ၏ မွတ်စလင်မ်  ကုန်သည် ခရီးသွား အုပ်စု ကို တိုက်ခိုက်ခြင်းမှ တားဆီးရန် တမန် တော်မြတ်ကြီး (ဆွ) ကိုယ်တိုင် ပါဝင်ခဲ့သည့် ဒူမသိုလ်ဂျန်ဒလ် စစ်ပွဲဖြစ်ပွားခဲ့ပါ တယ်။ ရဘီ အွတ်လ် အောင် ဝဲလ် လတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါ တယ်။

(၂)မွတ်ရှ်ရေက်များ မှ မိမိ တို့၏ မဟာမိတ်များအားလုံးနှင့် ပေါင်း၍  မွတ်စလင်မ် များကိုဆန့်ကျင်သည့် စစ် ၊ ခန်ဒတ်က်စစ်ပွဲ ကိုပြုလုပ်ခဲ့ကြပါ တယ်။ ကိုယ်တော်မြတ်(ဆွ) ကိုယ်တိုင် ပါဝင်ခဲ့သည့် စစ်ပွဲဖြစ် ပါသည်။ ရှောင်ဝါလ် လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါ တယ်။

(၃)အေမာမ်အလီ (အ.စ)၏ လက်ချက်ဖြင့် အမ်ရ် ဘင်န် အဗ်ဒဝူဒ် သေဆုံးခဲ့ပါ တယ်။

(၄)မွတ်စလင်မ်များ နှင့် ရဟူဒီ (ဂျူး) လူမျိုး ဘနီ ကရီဇဟ်   တို့ကြားဖြစ်သည့် ဘနီ ကရီဇဟ်   စစ်ပွဲဖြစ်ခဲ့ ပါသည်။ကိုယ်တော်မြတ်(ဆွ)ကိုယ်တော်တိုင်ပါဝင်ခဲ့သည့်တိုက်ပွဲ ဖြစ်ပါသည်။ ဇေလ်ကအ်ဒဟ်လ နှင့် ဇေလ်ဟဂျဟ် လ များတွင် ဖြစ်ပွားခဲ့ပါ တယ်။

(၄)မဇ်ရာ မျိုးနွယ် ၊ ဘနီ မိုဇိုင်နဟ် မျိုးနွယ် နှင့် ဘေလာလ် ဘင်န် ဟာရေဇ်တို့ အီမာန် သက်ဝင် ယုံကြခဲ့ပြီး မွတ်စလင်မ်များဖြစ်ခဲ့ကြပါ တယ်။

(၅)အေမာမ် အလီ (အ.စ) ၏ ရန်သူများ မှ တစ်ဦးဖြစ်သူ မိုဂိုင်းရာဟ် ဘင်န် ရှိုအ်ဘဟ် သည် အစ္စလာမ် ဘာသာဝင် ဖြစ်ခဲ့ပါ တယ်။

(၆)အဖါက် အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသည်။ (8) တင်ပြမှု အထောက်အထားများ‌အရ အဖါက် အဖြစ်အပျက် ဖြစ်ပွား ရသည်မှာ ဟဇရသ် အာအေရှဟ် ကြောင့်ဆိုထားကြပါ တယ်။ ဟဇရသ် မာရီယဟ် ကြောင့်  မဟုတ် ချေ။

(၇)ဂျဟ်ရှ် ၏သမီးတော် ဇိုင်နဗ် သခင်မ နှင့် တမန်တော်မြတ်(ဆွ) လက်ထပ် ထိမ်းမြားခဲ့ပါ တယ်။

                                                                                                           

မွေးဖွားခြင်း

(၁) ဟဇရသ် ဇိုင်နဗ် (စ.အ) သခင်သည် ဂျမာဒီယိုလ်အောင်ဝဲလ် လ ၅ရက်နေ့ တွင် မွေးဖွားခဲ့ပါ တယ်။ အချို့ ပညာရှင်များ က သခင်မ ၏မွေးနေ့အား ဟီဂျရီ သက္ကရာဇ် ၆ခုနှစ် ဟု ဖော်ပြထားကြပါ တယ်။

သေဆုံးခြင်း

(၁)တမန်တော်မြတ် (ဆွ) ၏ သာဝကတော်များ မှ တစ်ပါး ဖြစ် သူ အောက်စ် မျိုးနွယ် ၏ အကြီးအကဲဖြစ်သူ ဟဇရသ် စအ်ဒ် ဘင်န် မအာဇ် ကွယ်လွန်ခဲ့ပါတယ်။

 

ကျမ်းကိုးများ  (ပါရှန်း ဘာသာစကားဖြင့်)

·  ابن‌اثیر، علی بن محمد، اسدالغابة فی معرفة الصحابة، بیروت، دارالفکر، ۱۴۰۹ق.

·  ابن‌اسحاق، سیرت رسول اللّه، ترجمة رفیع الدین اسحاق محمد بن همدانی، چاپ اصغر مهدوی، تهران، ۱۳۶۱ش.

·  ابن‌حجر عسقلانى، احمد بن على، الإصابة فى تمييز الصحابة، تحقيق عادل احمد عبد الموجود و على محمد معوض، بيروت، دارالكتب العلمية، ۱۴۱۵ق.

·  ابن‌زباله، محمد بن حسن، اخبار المدینه، مدینه، مرکز بحوث و دراسات المدینه المنوره، ۲۰۰۳م.

·  ابن‌سعد، محمد بن سعد، طبقات الکبری، بیروت، دارالکتب العلمیه، ۱۴۱۰ق.

·  ابن‌عبد البر، یوسف بن عبدالله، الاستیعاب فی معرفة الاصحاب، بیروت، دارالجیل، ۱۴۱۲ق.

·  ابن‌هشام، عبدالملک، السیره النبویه، بیروت، دارالمعرفه، بی‌تا.

·  شیرازی، سید علی‌خان، الدرجات الرفیعة فی طبقات الشیعة، بیروت، موسسة الوفاء، ۱۹۸۳م.

  • ابن‌اسحاق، محمد بن اسحاق بن یسیر، سیره ابن‌اسحاق (کتاب السیر و المغازی)، تحقیق سهیل زکار، بیروت، دارالفکر، چاپ اول، ۱۳۹۸ق.
  • ابن‌حجر عسقلانی، احمدبن علی، الإصابة فی تمییز الصحابة، تحقیق عادل احمد عبدالموجود و علی محمد معوض، بیروت، دارالکتب العلمیة، ۱۴۱۵ق-۱۹۹۵م.
  • ابن‌سعد، محمد، الطبقات الکبری، تصحیح مصطفی السقا و دیگران، بیروت، دار صادر، بی‌تا.
  • ابن‌شهرآشوب، محمد بن علی، مناقب آل ابی‌طالب، قم، انتشارات علامه، ۱۳۷۹ق.
  • ابن‌عبدالبر، یوسف بن عبدالله، الإستیعاب فی معرفة الأصحاب، تحقیق علی محمد بجاوی، بیروت، دار الجيل، ۱۴۱۲ق.
  • ابن‌هشام، عبدالملک بن هشام، السیرة النبویة، تصحیح مصطفی السقّا و دیگران، بیروت، ‌دارالمعرفة،‌ بی‌تا.
  • بلاذری، احمد بن یحیی، انساب الاشراف، به کوشش محمد حمید الله، قاهره، ۱۹۵۹م.
  • طباطبایی، سید محمدحسین، المیزان فی تفسیر القرآن، بیروت، مؤسسه الاعملی، چاپ دوم، ۱۳۹۰ق.
  • طبری، محمد بن جریر، تاریخ الطبری (تاریخ الأمم و الملوک)، بیروت، دارالتراث، ۱۳۸۷ق.
  • واقدی، محمد بن عمر، المغازی، الاعلمی، بی‌تا.
  • یعقوبی، احمد بن اسحاق، تاریخ یعقوبی، بیروت، دار صادر، بی‌تا
  • ابن‌اسحاق، محمد، السیر و المغازی، به کوشش سهیل زکار، دمشق، ۱۳۹۸ق.
  • ابن‌حجر، احمد بن علی، الإصابة فی تمییز الصحابه، بیروت، دارالکتب العلمیه، ۱۴۱۵ق،
  • ابن‌سعد، محمد، الطبقات‌ الکبری، بیروت، دارصادر، ۱۴۰۵ق.
  • ابن‌عبدالبر، یوسف بن عبدالله، الاستيعاب فی معرفة الاصحاب، بیروت، دارالجیل، ۱۴۱۲ق.
  • ابن‌عساکر، علی بن حسن، تاریخ مدینة دمشق، تحقیق علی شیری، بیروت، ۱۴۱۵ق.
  • ابن‌قتیبه دینوری، عبدالله بن مسلم، المعارف، قاهره،چاپ ثروت عکاشه، ۱۹۶۰م.
  • ابن‌هشام، عبدالملک، السیرة النبویة، تحقیق مصطفی سقا، ابراهیم ابیاری، و عبدالحفیظ شلبی، قاهره، ۱۳۵۵ق.
  • اربلی، علی بن عیسی، كشف الغمة فی معرفة الأئمة، قم، نشر رضی، ۱۴۲۱ق.
  • امین، سید محسن، اعیان الشیعه، بیروت، دارالتعارف للمطبوعات، ۱۴۰۳ق.
  • بلاذری، احمد بن یحیی، جمل من انساب الأشراف، تحقیق: سهیل زکار و ریاض زرکلی، دارالفکر، بیروت، ۱۴۱۷ق.
  • خطیب بغدادی، احمد بن علی، تاریخ بغداد، تحقیق: مصطفی عبدالقادر عطا، بیروت، منشورات محمد علی بيضون، ۱۴۱۷ق.
  • شیخ مفید، محمد بن محمد، الارشاد فی معرفة حجج الله على العباد، قم، کنگره شیخ مفید، ۱۴۱۳ق.
  • طبری، محمد بن جریر، تاریخ طبری، بیروت، دارالتراث، چاپ دوم، ۱۳۸۷ق.
  • کلینی، محمد بن یعقوب، الکافی، تهران، اسلامیة، ۱۳۶۲ش.
  • مسعودی، علی بن حسین، التنبيه و الإشراف، تصحیح عبدالله اسماعیل الصاوی، قاهرة، دارالصاوی، بى‌تا.
  • ابن‌اسحاق، محمد، السیر و المغازی، به کوشش سهیل زکار، دمشق، ۱۳۹۸ق.
  • ابن‌حجر، احمد بن علی، الإصابة فی تمییز الصحابه، بیروت، دارالکتب العلمیه، ۱۴۱۵ق،
  • ابن‌سعد، محمد، الطبقات‌ الکبری، بیروت، دارصادر، ۱۴۰۵ق.
  • ابن‌عبدالبر، یوسف بن عبدالله، الاستيعاب فی معرفة الاصحاب، بیروت، دارالجیل، ۱۴۱۲ق.
  • ابن‌عساکر، علی بن حسن، تاریخ مدینة دمشق، تحقیق علی شیری، بیروت، ۱۴۱۵ق.
  • ابن‌قتیبه دینوری، عبدالله بن مسلم، المعارف، قاهره،چاپ ثروت عکاشه، ۱۹۶۰م.
  • ابن‌هشام، عبدالملک، السیرة النبویة، تحقیق مصطفی سقا، ابراهیم ابیاری، و عبدالحفیظ شلبی، قاهره، ۱۳۵۵ق.
  • اربلی، علی بن عیسی، كشف الغمة فی معرفة الأئمة، قم، نشر رضی، ۱۴۲۱ق.
  • امین، سید محسن، اعیان الشیعه، بیروت، دارالتعارف للمطبوعات، ۱۴۰۳ق.
  • بلاذری، احمد بن یحیی، جمل من انساب الأشراف، تحقیق: سهیل زکار و ریاض زرکلی، دارالفکر، بیروت، ۱۴۱۷ق.
  • خطیب بغدادی، احمد بن علی، تاریخ بغداد، تحقیق: مصطفی عبدالقادر عطا، بیروت، منشورات محمد علی بيضون، ۱۴۱۷ق.
  • شیخ مفید، محمد بن محمد، الارشاد فی معرفة حجج الله على العباد، قم، کنگره شیخ مفید، ۱۴۱۳ق.
  • طبری، محمد بن جریر، تاریخ طبری، بیروت، دارالتراث، چاپ دوم، ۱۳۸۷ق.
  • کلینی، محمد بن یعقوب، الکافی، تهران، اسلامیة، ۱۳۶۲ش.
  • مسعودی، علی بن حسین، التنبيه و الإشراف، تصحیح عبدالله اسماعیل الصاوی، قاهرة، دارالصاوی، بى‌تا.
  • ابن‌اثیر، علی بن ابی‌الکرم، اسد الغابه، بیروت، دارالفکر، ۱۴۰۹ق.
  • ابن‌جوزی، یوسف بن قزاوغلی، تذکرة الخواص، قاهرة، مکتبه الثقافة الدینیة، بی‌تا.
  • ابن‌حجر، احمد بن علی، الإصابة فی تمییز الصحابه، بیروت، دارالکتب العلمیه، ۱۴۱۵ق،
  • ابن‌سعد، محمد‏، الطبقات الکبری‏، بیروت، دارالکتب العلمیة، ۱۴۱۰ق.
  • ابن‌عبدالبر، یوسف بن عبدالله، الاستیعاب فى معرفة الاصحاب، تحقیق على محمد البجاوى، بیروت، دارالجیل، چاپ اول، ۱۴۱۲ق.
  • بلاذری، احمد بن یحیی، انساب الاشراف، تحقيق محمد حميدالله، مصر، دار المعارف، ۱۹۵۹م.
  • حسینی حائری شیرازی، سید عبدالمجید، ذخیرة الدارین فیما یتعلق بمصائب الحسین(ع) و اصحابه، تحقیق محمدباقر دُریاب، قم، زمزم هدایت، بی‌تا.
  • شیخ طوسی، محمد بن حسن، تهذیب الاحکام، چاپ حسن موسوی خرسان، بیروت، ۱۴۰۱ق.
  • شیخ مفید، محمد بن‌ نعمان، الارشاد فی معرفة حجج الله علی العباد، بیروت، ۱۴۱۴ق.
  • دولابی، محمد بن احمد، الذریة الطاهرة، چاپ محمدجواد حسینی جلالی، قم، ۱۴۰۷ق.
  • طبری، محمد بن جریر بن یزید، تاریخ الامم و الملوک، بیروت، دارالتراث، ۱۳۸۷ق.
  • کلینی، محمد بن یعقوب، الکافی، تهران، دارالکتب الاسلامیه، ۱۳۶۵ش.
  • واقدی، محمدبن عمر، کتاب المغازی، لندن، چاپ مارسدن جونز، ۱۴۰۹ق.
  • یعقوبی، احمد بن ابی‌یعقوب، تاریخ الیعقوبی، بیروت،‌ دار صادر، بی‌تا.

·           سایت تبدیل تاریخ هجری.

·           واقدی، المغازی، ۱۴۰۹ق، ج۱، ص۴۰۳؛ مقریزی، إمتاع ‏الأسماع، ۱۴۲۰ق، ج‏۸، ص۳۶۷؛ ابن‌حزم اندلسی، السیرة النبویة، دار الکتب العلمية، ج‏۲، ص۲۱۳.

·           طبری، تاریخ الامم و الملوک، ۱۳۸۷ق، ج۲، ص۵۶۵؛ حموی، أنیس المؤمنین‏، ۱۳۶۳ش، ص۲۱.

·         شیخ مفید، الإرشاد، ۱۴۱۳ق، ج۱، ص۱۰۲.

·         واقدی، المغازی، ۱۴۰۹ق، ج‏۲، ص۴۹۶؛ بلاذری، أنساب الاشراف، ۱۴۱۷ق، ج‏۱، ص۳۴۷.

·         ابن‌اثیر، اسدالغابه، ۱۴۰۹ق، ج۱، ص۲۴۲.

·         ابن‌حجر عسقلانی، الإصابة، ۱۴۱۵ق، ج۶، ص۱۵۶؛ مقریزی، إمتاع الأسماع، ۱۴۲۰ق، ج۶، ص۱۶۲.

·         ابن‌سعد، الطبقات الکبری، ۱۴۱۴ق،‌ ج۲، ص۴۸-۵۰؛ مسعودی، التنبیه و الاشراف، مؤسسة نشر المنابع الثقافة الاسلامیة، ص۲۱۵.

·           ابن‌هشام، السیرة النبویة، دار المعرفة، ج۲، ص۲۹۷-۳۰۲؛ واقدی، المغازی، ۱۴۰۹ق، ج۲، ص۴۲۶-۴۳۵.

·         قمی، تفسیر القمی، ۱۳۶۳ش، ج۲، ص۹۹.

·         طبری، تاریخ الامم و الملوک، ۱۳۸۷ق، ج۲، ص۵۶۲.

·         کحّاله، أعلام النساء، ۲۰۰۸،‌ ج۲، ص۹۱؛ محلاتی، ریاحین الشریعه، دار الکتب الاسلامیة، ج۳، ص۳۳؛ محمدی اشتهاردی، حضرت زینب فروغ تابان کوثر، ۱۳۷۹ش، ص۱۷ .

·         ویکی شیعه سایست

**************************************************************

END / 251